Knowledge

လူပ်င္းလူညံေတြမွာပဲ အျမဲေတြ႕ရေလ့ရွိတဲ့ အက်င့္ဆိုး (၇) မ်ိဳး…

လူပ်င္းလူညံေတြမွာပဲ အျမဲေတြ႕ရေလ့ရွိတဲ့ အက်င့္ဆိုး (၇) မ်ိဳး…

ဒီအခ်က္ေတြ သင့္မွာမရွိရင္ေတာ့သင့္ကေအာင္ျမင္မယ့္သူတစ္ေယာက္ျဖစ္လာမွာအေသအခ်ာပါပဲဘဝမွာေအာင္ျမင္ဖို႔ အတတ္နိုင္ဆုံးေရွာင္ရမယ့္ အခ်က္ကေလးေတြကို ေဖာ္ျပေပးလိုက္ပါတယ္

(၁) အအိပ္လြန္ျခင္း

လူအမ်ားစု၏ ဘဝ၏ သုံးပုံ တစ္ပုံသည္ အိပ္စက္ျခင္းျဖင့္ ကုန္ဆုံးသြားပါတယ္။

သင္က အသက္ ၃၀ ဆို သင့္ဘဝရဲ့ ၁ဝႏွစ္ကို အိပ္စက္ျခင္းေတြထဲမွာ သင္ေပးဆပ္လိုက္ရပါၿပီ။ အိပ္တာက ေကာင္းပါတယ္။

အိပ္ေရးဝဖို႔ ၁ရက္ကို (၇-၈နာရီ)အိပ္သင့္ပါတယ္။

ဒါေပမယ့္ သင္က သာမန္ထက္ ပိုၿပီးေန႔ေရာညေရာ အိပ္ေနမယ္ဆိုရင္ေတာ့ သတိထားဖို႔လိုေနပါၿပီ။

အရမ္းအိပ္တတ္တဲ့ လူေတြက သူတို႔ဘဝမွာ အိပ္တာထက္ ေကာင္းတဲ့ အလုပ္ ဘာဆိုဘာမွ မရွိလို႔ပါပဲ ။

ဒါေၾကာင့္ပဲ အအိပ္လြန္ေနၾကတယ္ထင္ပါတယ္။ သင္ေရာ လိုတာထက္ သင့္ဘဝကို အိပ္စက္ျခင္းနဲ႔ ျဖဳန္းတီးေနၿပီလား။

သင့္ဘဝကို လူပ်င္း၊လူညံ တစ္ေယာက္လို အိပ္စက္ျခင္းေတြနဲ႔ အသက္မႀကီးသြားခ်င္ရင္ အိပ္တာထက္ ေကာင္းတာ တစ္ခုခုကို ရွာေဖြဖို႔လိုအပ္ေနပါၿပီ။

(၂) Comfort Zone(ဇိမ္ခံျခင္း)

သင္ဟာ အျမဲတမ္း သက္ေတာင့္သက္သာရွိတဲ့ ဘဝကို ႏွစ္သက္သူလား။

သင့္ဘဝမွာ ပင္ပန္းတဲ့အရာ ၊အင္အားစိုက္ထုတ္ရမယ့္အရာဆို တစ္စက္ေလးမွမလုပ္ခ်င္သူလား?

ဒါဆိုရင္ေတာ့ သင္ကဇိမ္က်ေနပါၿပီ ပ်င္းရိျခင္းဆိုတဲ့ အိပ္ရာေပၚမွာပါ ။

သင့္ရဲ့ ဘဝမွာ သာမန္ဘဝ ၊သမရိုးက်ဘဝ ကေန မတတ္ဘဲ တုံ႔ရင္းတုံ႔ရင္းသာျဖစ္ေနရင္ သင္က ဘဝကို ႐ုန္းကန္လုပ္ရွားႀကိဳးစားမဲ့အခ်ိန္မွာ ဇိမ္ခံေနခဲ့လို႔ ပ်င္းရိေနခဲ့လို႔ပါ။

ႀကိဳးစားသင့္တဲ့အခ်ိန္မွာ ႀကိဳးစားပါ။ဘဝတစ္သက္တာ ေပ်ာ္ရႊင္ဖို႔ ၊ဇိမ္ခံဖို႔ တစ္ခဏတာ ပ်င္းရိျခင္း ၊ ဇိမ္ခံျခင္းေတြကို စြန႔္လႊတ္သင့္ပါတယ္။

တစ္သက္တာေပ်ာ္ရႊင္ဖို႔ တစ္ခဏတာ ပ်င္းရိျခင္း အိပ္ရာေပၚမွာ ဇိမ္ခံျခင္းကေန ရပ္တန႔္လိုက္သင့္ပါၿပီ။

(၃) ဘာကိုမွ အေလးမထားျခင္း

သင့္မွာ သင့္ဘဝနဲ႔ ပတ္သတ္ၿပီးအေလးထားရမယ့္ ကိစၥေတြ အမ်ားႀကီးရွိသလို တျခားသူေတြရဲ့ ဘဝနဲ႔ ပတ္သတ္ၿပီး

လ်စ္လ်ဴရႈရမယ့္ အရာေတြ ေတာင္လိုပုံေနပါတယ္။ အဓိကနဲ႔သာမည ခြဲျခားၿပီး အေလးထားေဆာင္ရြက္ပါ။

သင့္ဘဝနဲ႔ပတ္သတ္ၿပီးသင္ဟာ ဘာကိစၥကိုပဲျဖစ္ျဖစ္၊ ၿပီးစလြယ္ေတြး၊ၿပီးစလြယ္ လုပ္တတ္သူ၊ ဘာကိုမွ အေလးမထားသူဆိုရင္

သင့္ဘဝမွာ အမွားေတြ ေနာင္တ ေတြ နဲ႔သာျပည့္ေနမွာပါ။ ဒါက တကယ္ေတာ့ သင့္ရဲ့ပ်င္းရိတတ္တဲ့စိတ္ ၊

သင့္ဦးေႏွာက္ကို ေသေသခ်ာခ်ာေတြးၿပီး ေရေရရာရာ ဆုံးျဖတ္ခ်က္မခ်ခဲ့တဲ့ စိတ္ေတြေၾကာင့္ သင့္ဘဝမွာ အမွားေတြ ၊ေနာင္တေတြ ဘယ္ေလာက္ေတာင္မ်ားခဲ့ၿပီလဲ ။

သင္စဥ္းစား ၾကည့္ပါဦး။ လူပ်င္း လူညံေတြလို ဘဝကိုအေလးမထား မစဥ္းစားခဲ့ရင္

ဘဝတစ္သက္တာလုံး ေနာင္တ ေတြနဲ႔ ႏွစ္ပါးသြားေနရေတာ့မွာပါ။

သင့္ဘဝမွာ အေသးအဖြဲ႕ကအစ အေလးထားမွ ႀကီးႀကီးမားမားအရာေတြ ေဆာင္ရြက္လာနိုင္မွာပါ။ ဒါေၾကာင့္မို႔အေသးအဖြဲ႕ကအစအေလးထားပါ

(၄) phone ကို လက္ကမခ်ျခင္း

သင္ဟာ အားေနတဲ့အခ်ိန္တိုင္း phone ပဲၾကည့္ ၊ လုပ္စရာရွိလဲၾကည့္ ၊မရွိလည္း ၾကည့္ေနတတ္သူလား။

ဒါဆိုသင့္ကိုသင္ေမးၾကည့္ပါ။ငါဟာ phone ကို ဘာအတြက္သုံးတာလဲ။

အလုပ္ေၾကာင့္လား ၊ဗဟုသုတရွာေနတာလား။ စာေပေလ့လာေနတာလား။

ဘာအတြက္လဲ။ဘာအက်ိဳးေတြလဲ ။စဥ္းစားပါ။ ဒါေတြ အတြက္မဟုတ္ပဲ ဘာလို႔မ်ား phone ကို လက္က မခ်နိုင္ ၊မ်က္လုံးက phoneနဲ႔ မခြါနိုင္ ျဖစ္ေနရတာလဲ ။

သင္ကေျပာပါမယ္ပ်င္းလို႔ လုပ္စရာမရွိလို႔ စသျဖင့္ေပါ့။ပ်င္းတာကို အက်ိဳးရွိေအာင္အသုံးခ်ပါ။

ဒီလို အက်ိဳးအတြက္မဟုတ္ပဲဟိုပြတ္ ဒီပြတ္ ၊ဟိုဇာတ္ကားေတြၾကည့္ ဒီဇာတ္လမ္းေတြၾကည့္ ၊ ဂိမ္းေတြေဆာ့ ဘာေတြေဆာ့ နဲ႔ဘဝကို ေနေနရင္ ၾကာေလ မြဲေလ ၾကာေလ မြဲေလ ျဖစ္လာမွာပါ။

မ်က္လုံးမြဲ႐ုံတင္မကဘူး ။ လူပါ မြဲလာမွာပါ ။

ဆင္းရဲတြင္းက လြတ္မွာမဟုတ္ပါဘူး။ ဘာေၾကာင့္ပါလဲ ဆိုတာကို အေသခ်ာ စဥ္းစားဖို႔လိုေနပါၿပီ။

CREDIT

==========

Unicode Version

လူပျင်းလူညံတွေမှာပဲ အမြဲတွေ့ရလေ့ရှိတဲ့ အကျင့်ဆိုး (၇) မျိုး…

ဒီအချက်တွေ သင့်မှာမရှိရင်တော့သင့်ကအောင်မြင်မယ့်သူတစ်ယောက်ဖြစ်လာမှာအသေအချာပါပဲဘဝမှာအောင်မြင်ဖို့ အတတ်နိုင်ဆုံးရှောင်ရမယ့် အချက်ကလေးတွေကို ဖော်ပြပေးလိုက်ပါတယ်

(၁) အအိပ်လွန်ခြင်း

လူအများစု၏ ဘဝ၏ သုံးပုံ တစ်ပုံသည် အိပ်စက်ခြင်းဖြင့် ကုန်ဆုံးသွားပါတယ်။

သင်က အသက် ၃၀ ဆို သင့်ဘဝရဲ့ ၁ဝနှစ်ကို အိပ်စက်ခြင်းတွေထဲမှာ သင်ပေးဆပ်လိုက်ရပါပြီ။ အိပ်တာက ကောင်းပါတယ်။

အိပ်ရေးဝဖို့ ၁ရက်ကို (၇-၈နာရီ)အိပ်သင့်ပါတယ်။

ဒါပေမယ့် သင်က သာမန်ထက် ပိုပြီးနေ့ရောညရော အိပ်နေမယ်ဆိုရင်တော့ သတိထားဖို့လိုနေပါပြီ။

အရမ်းအိပ်တတ်တဲ့ လူတွေက သူတို့ဘဝမှာ အိပ်တာထက် ကောင်းတဲ့ အလုပ် ဘာဆိုဘာမှ မရှိလို့ပါပဲ ။

ဒါကြောင့်ပဲ အအိပ်လွန်နေကြတယ်ထင်ပါတယ်။ သင်ရော လိုတာထက် သင့်ဘဝကို အိပ်စက်ခြင်းနဲ့ ဖြုန်းတီးနေပြီလား။

သင့်ဘဝကို လူပျင်း၊လူညံ တစ်ယောက်လို အိပ်စက်ခြင်းတွေနဲ့ အသက်မကြီးသွားချင်ရင် အိပ်တာထက် ကောင်းတာ တစ်ခုခုကို ရှာဖွေဖို့လိုအပ်နေပါပြီ။

(၂) Comfort Zone(ဇိမ်ခံခြင်း)

သင်ဟာ အမြဲတမ်း သက်တောင့်သက်သာရှိတဲ့ ဘဝကို နှစ်သက်သူလား။

သင့်ဘဝမှာ ပင်ပန်းတဲ့အရာ ၊အင်အားစိုက်ထုတ်ရမယ့်အရာဆို တစ်စက်လေးမှမလုပ်ချင်သူလား?

ဒါဆိုရင်တော့ သင်ကဇိမ်ကျနေပါပြီ ပျင်းရိခြင်းဆိုတဲ့ အိပ်ရာပေါ်မှာပါ ။

သင့်ရဲ့ ဘဝမှာ သာမန်ဘဝ ၊သမရိုးကျဘဝ ကနေ မတတ်ဘဲ တုံ့ရင်းတုံ့ရင်းသာဖြစ်နေရင် သင်က ဘဝကို ရုန်းကန်လုပ်ရှားကြိုးစားမဲ့အချိန်မှာ ဇိမ်ခံနေခဲ့လို့ ပျင်းရိနေခဲ့လို့ပါ။

ကြိုးစားသင့်တဲ့အချိန်မှာ ကြိုးစားပါ။ဘဝတစ်သက်တာ ပျော်ရွှင်ဖို့ ၊ဇိမ်ခံဖို့ တစ်ခဏတာ ပျင်းရိခြင်း ၊ ဇိမ်ခံခြင်းတွေကို စွန့်လွှတ်သင့်ပါတယ်။

တစ်သက်တာပျော်ရွှင်ဖို့ တစ်ခဏတာ ပျင်းရိခြင်း အိပ်ရာပေါ်မှာ ဇိမ်ခံခြင်းကနေ ရပ်တန့်လိုက်သင့်ပါပြီ။

(၃) ဘာကိုမှ အလေးမထားခြင်း

သင့်မှာ သင့်ဘဝနဲ့ ပတ်သတ်ပြီးအလေးထားရမယ့် ကိစ္စတွေ အများကြီးရှိသလို တခြားသူတွေရဲ့ ဘဝနဲ့ ပတ်သတ်ပြီး

လျစ်လျူရှုရမယ့် အရာတွေ တောင်လိုပုံနေပါတယ်။ အဓိကနဲ့သာမည ခွဲခြားပြီး အလေးထားဆောင်ရွက်ပါ။

သင့်ဘဝနဲ့ပတ်သတ်ပြီးသင်ဟာ ဘာကိစ္စကိုပဲဖြစ်ဖြစ်၊ ပြီးစလွယ်တွေး၊ပြီးစလွယ် လုပ်တတ်သူ၊ ဘာကိုမှ အလေးမထားသူဆိုရင်

သင့်ဘဝမှာ အမှားတွေ နောင်တ တွေ နဲ့သာပြည့်နေမှာပါ။ ဒါက တကယ်တော့ သင့်ရဲ့ပျင်းရိတတ်တဲ့စိတ် ၊

သင့်ဦးနှောက်ကို သေသေချာချာတွေးပြီး ရေရေရာရာ ဆုံးဖြတ်ချက်မချခဲ့တဲ့ စိတ်တွေကြောင့် သင့်ဘဝမှာ အမှားတွေ ၊နောင်တတွေ ဘယ်လောက်တောင်များခဲ့ပြီလဲ ။

သင်စဉ်းစား ကြည့်ပါဦး။ လူပျင်း လူညံတွေလို ဘဝကိုအလေးမထား မစဉ်းစားခဲ့ရင်

ဘဝတစ်သက်တာလုံး နောင်တ တွေနဲ့ နှစ်ပါးသွားနေရတော့မှာပါ။

သင့်ဘဝမှာ အသေးအဖွဲ့ကအစ အလေးထားမှ ကြီးကြီးမားမားအရာတွေ ဆောင်ရွက်လာနိုင်မှာပါ။ ဒါကြောင့်မို့အသေးအဖွဲ့ကအစအလေးထားပါ

(၄) phone ကို လက်ကမချခြင်း

သင်ဟာ အားနေတဲ့အချိန်တိုင်း phone ပဲကြည့် ၊ လုပ်စရာရှိလဲကြည့် ၊မရှိလည်း ကြည့်နေတတ်သူလား။

ဒါဆိုသင့်ကိုသင်မေးကြည့်ပါ။ငါဟာ phone ကို ဘာအတွက်သုံးတာလဲ။

အလုပ်ကြောင့်လား ၊ဗဟုသုတရှာနေတာလား။ စာပေလေ့လာနေတာလား။

ဘာအတွက်လဲ။ဘာအကျိုးတွေလဲ ။စဉ်းစားပါ။ ဒါတွေ အတွက်မဟုတ်ပဲ ဘာလို့များ phone ကို လက်က မချနိုင် ၊မျက်လုံးက phoneနဲ့ မခွါနိုင် ဖြစ်နေရတာလဲ ။

သင်ကပြောပါမယ်ပျင်းလို့ လုပ်စရာမရှိလို့ စသဖြင့်ပေါ့။ပျင်းတာကို အကျိုးရှိအောင်အသုံးချပါ။

ဒီလို အကျိုးအတွက်မဟုတ်ပဲဟိုပွတ် ဒီပွတ် ၊ဟိုဇာတ်ကားတွေကြည့် ဒီဇာတ်လမ်းတွေကြည့် ၊ ဂိမ်းတွေဆော့ ဘာတွေဆော့ နဲ့ဘဝကို နေနေရင် ကြာလေ မွဲလေ ကြာလေ မွဲလေ ဖြစ်လာမှာပါ။

မျက်လုံးမွဲရုံတင်မကဘူး ။ လူပါ မွဲလာမှာပါ ။

ဆင်းရဲတွင်းက လွတ်မှာမဟုတ်ပါဘူး။ ဘာကြောင့်ပါလဲ ဆိုတာကို အသေချာ စဉ်းစားဖို့လိုနေပါပြီ။

CREDIT

==========