ဆံပင္ကြၽတ္ၿပီး အဖ်ား႐ွဴးလာတာကို ျပန္လည္ျပဳျပင္ေပးမယ့္ အလြယ္ဆုံးေပါင္းတင္နည္း(၄)မ်ိဳး…
ပ်ိဳေမတို႔ ဆံပင္အ႐ွည္ထားတဲ့အခါ ဆံပင္ကြၽတ္တာရယ္၊ အဖ်ားေတြေျခာက္ၿပီးကြဲတာေတြရယ္ေၾကာင့္ ကိုယ္လိုခ်င္တဲ့အ႐ွည္လည္းေရာက္ေရာ ဆံပင္အဖ်ား႐ွဴးၿပီး ပါးပါးေလးျဖစ္ေနတတ္ပါတယ္။
ဒီလိုမျဖစ္ရေအာင္ ဆံပင္အဖ်ားေလးေတြကို မၾကာခဏတိေပးဖို႔လိုၿပီး အခုေဖာ္ျပမယ့္ ေပါင္းတင္နည္းေလးေတြကိုလည္း ပုံမွန္လုပ္ေပးသြားဖို႔လိုပါတယ္။
(၁) စေတာ္ဘယ္ရီ
စေတာ္ဘယ္ရီအနည္းငယ္နဲ႔ ၾကက္ဥအႏွစ္တစ္လုံးတို႔ကိုေရာေမႊၿပီး ရလာတဲ့ အႏွစ္ကို ဦးေရျပားနဲ႔ ဆံပင္အႏွံ႔ လိမ္းၿပီး မိနစ္ ၂၀ ၾကာရင္ ေရေႏြးေႏြးေလးနဲ႔ေဆးျပန္ခ်ေပးလိုက္ပါ။ တစ္ပတ္တစ္ခါေလာက္ ပုံမွန္လုပ္ေပး႐ုံပါပဲ။
(၂) ၾကက္ဆူဆီ
ၾကက္ဆူဆီတစ္ဇြန္း၊ သံလြင္ဆီတစ္ဇြန္း၊ ပ်ားရည္တစ္ဇြန္းတို႔ကိုေရာေမႊၿပီး တစ္ေခါင္းလုံး အႏွံ႔လိမ္းေပးကာ နာရီဝက္ေလာက္ထားၿပီး ေခါင္းေလွ်ာ္ေပးပါ။
တစ္ပတ္ႏွစ္ခါေလာက္ ပုံမွန္လုပ္ေပးသြားရင္ တျခားဆံပင္ေပါင္းေဆးေတြ သုံးဖို႔ေတာင္မလိုေတာ့ပါဘူး။
(၃) ဒိန္ခ်ဥ္
ဒိန္ခ်ဥ္အသန္႔တစ္ဇြန္း၊ ပန္းသီး႐ွာလကာရည္တစ္ဇြန္း၊ ပ်ားရည္တစ္ဇြန္းတို႔ကိုေရာေမႊၿပီး ဆံပင္အရင္းကေန အဖ်ားအထိ လိမ္းေပးပါ။
တဘက္နဲ႔ေပါင္းထားၿပီး ၁၅ မိနစ္ၾကာရင္ေရေအးနဲ႔ေခါင္းေလွ်ာ္ေပးလိုက္ပါ။ တစ္ပတ္တစ္ႀကိမ္ေလာက္လုပ္ေပးရင္ ဆံပင္ကြၽတ္ၿပီးပါးတာ၊ အဖ်ား႐ွဴးတာေတြမျဖစ္ေတာ့ေအာင္ တားဆီးေပးႏိုင္ပါတယ္။
(၄) ငွက္ေပ်ာသီး၊အုန္းဆီ
ငွက္ေပ်ာသီးမွည့္တစ္လုံး၊ အုန္းဆီတစ္ဇြန္း၊ ပ်ားရည္ တစ္ဇြန္းတို႔ကိုေရာေမႊၿပီး တစ္ေခါင္းလုံး အႏွံ႔လိမ္းကာ ၅ မိနစ္ၾကာရင္ ေရေႏြးေလးနဲ႔ေခါင္းေလွ်ာ္ေပးလိုက္ပါ။
၄ရက္တစ္ႀကိမ္ေလာက္ လုပ္ေပးရင္ ဆံပင္ကြၽတ္တာပါးတာေတြ လုံးဝမ႐ွိေတာ့ဘဲ ဆံပင္ ထူထူလွလွေလးကို ရပါလိမ့္မယ္။
Credit
ဆံပင်ကျွတ်ပြီး အဖျားရှူးလာတာကို ပြန်လည်ပြုပြင်ပေးမယ့် အလွယ်ဆုံးပေါင်းတင်နည်း(၄)မျိုး…
ပျိုမေတို့ ဆံပင်အရှည်ထားတဲ့အခါ ဆံပင်ကျွတ်တာရယ်၊ အဖျားတွေခြောက်ပြီးကွဲတာတွေရယ်ကြောင့် ကိုယ်လိုချင်တဲ့အရှည်လည်းရောက်ရော ဆံပင်အဖျားရှူးပြီး ပါးပါးလေးဖြစ်နေတတ်ပါတယ်။
ဒီလိုမဖြစ်ရအောင် ဆံပင်အဖျားလေးတွေကို မကြာခဏတိပေးဖို့လိုပြီး အခုဖော်ပြမယ့် ပေါင်းတင်နည်းလေးတွေကိုလည်း ပုံမှန်လုပ်ပေးသွားဖို့လိုပါတယ်။
(၁) စတော်ဘယ်ရီ
စတော်ဘယ်ရီအနည်းငယ်နဲ့ ကြက်ဥအနှစ်တစ်လုံးတို့ကိုရောမွှေပြီး ရလာတဲ့ အနှစ်ကို ဦးရေပြားနဲ့ ဆံပင်အနှံ့ လိမ်းပြီး မိနစ် ၂၀ ကြာရင် ရေနွေးနွေးလေးနဲ့ဆေးပြန်ချပေးလိုက်ပါ။ တစ်ပတ်တစ်ခါလောက် ပုံမှန်လုပ်ပေးရုံပါပဲ။
(၂) ကြက်ဆူဆီ
ကြက်ဆူဆီတစ်ဇွန်း၊ သံလွင်ဆီတစ်ဇွန်း၊ ပျားရည်တစ်ဇွန်းတို့ကိုရောမွှေပြီး တစ်ခေါင်းလုံး အနှံ့လိမ်းပေးကာ နာရီဝက်လောက်ထားပြီး ခေါင်းလျှော်ပေးပါ။
တစ်ပတ်နှစ်ခါလောက် ပုံမှန်လုပ်ပေးသွားရင် တခြားဆံပင်ပေါင်းဆေးတွေ သုံးဖို့တောင်မလိုတော့ပါဘူး။
(၃) ဒိန်ချဉ်
ဒိန်ချဉ်အသန့်တစ်ဇွန်း၊ ပန်းသီးရှာလကာရည်တစ်ဇွန်း၊ ပျားရည်တစ်ဇွန်းတို့ကိုရောမွှေပြီး ဆံပင်အရင်းကနေ အဖျားအထိ လိမ်းပေးပါ။
တဘက်နဲ့ပေါင်းထားပြီး ၁၅ မိနစ်ကြာရင်ရေအေးနဲ့ခေါင်းလျှော်ပေးလိုက်ပါ။ တစ်ပတ်တစ်ကြိမ်လောက်လုပ်ပေးရင် ဆံပင်ကျွတ်ပြီးပါးတာ၊ အဖျားရှူးတာတွေမဖြစ်တော့အောင် တားဆီးပေးနိုင်ပါတယ်။
(၄) ငှက်ပျောသီး၊အုန်းဆီ
ငှက်ပျောသီးမှည့်တစ်လုံး၊ အုန်းဆီတစ်ဇွန်း၊ ပျားရည် တစ်ဇွန်းတို့ကိုရောမွှေပြီး တစ်ခေါင်းလုံး အနှံ့လိမ်းကာ ၅ မိနစ်ကြာရင် ရေနွေးလေးနဲ့ခေါင်းလျှော်ပေးလိုက်ပါ။
၄ရက်တစ်ကြိမ်လောက် လုပ်ပေးရင် ဆံပင်ကျွတ်တာပါးတာတွေ လုံးဝမရှိတော့ဘဲ ဆံပင် ထူထူလှလှလေးကို ရပါလိမ့်မယ်။
Credit