လိပ္ႀကီးက ေပးတဲ့ သင္ခန္းစာ…
တခါက ငါးကေလး ငါးေကာင္သည္ ျမစ္ျပင္က်ယ္ထဲတြင္ ေပ်ာ္႐ႊင္စြာ ကူးခတ္ ေနၾကေလသည္ ။ ကူးခတ္ရင္း အစာရွာရင္း ၎တို႔ ေနထိုင္ က်က္စားရာ ေနရာႏွင့္ အလြန္ေဝးကြာသည့္ ေနရာသို႔ ေရာက္လာၾက၏။
အိမ္ကိုျပန္ ၾကသည့္ အခ်ိန္တြင္ ျမစ္ခြဲတစ္ခုသို႔ စီးဆင္း ေနေသာ ေရစီးတစ္ခုကို ျဖတ္ရဖို႔ ျဖစ္လာၾကသည္။
သူတို႔ထဲမွ အႀကီးဆုံး ငါးတစ္ေကာင္က အ႐ြယ္အစား အေသဆုံး ငါးေလးအား စိတ္မေကာင္းေသာ မ်က္ဝန္းမ်ားႏွင့္ ၾကည့္ကာ တီးတိုး ေရ႐ြတ္ လိုက္သည္ ။
” အေသးဆုံး ငါးကေလးေရ ။ ငါေတာင္ ဒီေရစီးကို တိုးၿပီး မနည္းျဖတ္ရမွာ မင္းေတာ့ ျဖတ္ဖို႔ မျဖစ္ႏိုင္ဘူး။ ဒီေနရာမွသာ ေနခဲ့ၿပီး က်က္စားပါေတာ့ ”
” ဟုတ္တယ္ငါးေလး မင္းရဲ႕ ခႏၶာကိုယ္ ေသးေသးေလးနဲ႔ ျဖတ္ရင္ ေရစီးနဲ႔ ပါသြားလိမ့္မယ္ ”
” ႏႈတ္ဆက္ပါတယ္ သူငယ္ခ်င္းရယ္ ”
” ဘိုင့္ဘိုင္ ”
” မင္းႀကိဳးစားလည္း အပိုပဲ သူငယ္ခ်င္း ။ ဘုရားသခင္ ၾကားေအာင္ ဆုေတာင္းေနေတာ့ကြာ ။ တာတာ့ ”
ငါး အငယ္ဆုံးေလးထက္ အ႐ြယ္အစား ႀကီးေသာ ငါးေတြက တစ္ေကာင္ တစ္ေပါက္ ဝင္ေျပာၾကၿပီး ေရစီးကို အားမာန္ အျပည့္ႏွင့္ တိုးဝင္ ျဖတ္ေက်ာ္ သြားၾက၏ ။
ငါးငယ္ေလးက ၾကဴၾကဴ ပါေအာင္ ငိုရင္း ေရစီးႏွင့္ မလွမ္းမကမ္းတြင္ ကူးခတ္ေန မိသည္။ သိပ္မၾကာခင္မွာ လိပ္ႀကီး တစ္ေကာင္က ငါးငယ္ေလးနားသို႔ ေရာက္လာေလသည္။
” ငါးေလး ဘာလို႔ ငိုေနတာလဲ ။ ခုနက ေတြ႕တဲ့ မင္းအေဖာ္ ငါးေတြေရာ ဘယ္ေရာက္သြားလဲ ”
” သား အိမ္ကို ျပန္လို႔ မရေတာ့လို႔ပါ ။ သူတို႔က ျပန္သြားၾကၿပီ ”
လိပ္ႀကီးက ငါးငယ္ေလးနားသို႔ ကူးခတ္လာရင္း ဆက္ေမးလိုက္သည္။
” ဘာလို႔ မင္းက ျပန္လို႔ မရတာလဲ ”
” သား ေရွ႕က ေရစီးကို ျဖတ္လို႔ မရလို႔ ”
” ဒါဆို သားရဲ႕ အေဖာ္ေတြကေရာ ”
” သူတို႔က ဒီေရစီးကို ျဖတ္ၿပီး ျပန္သြားၾကၿပီ ”
” သားက ဘာလို႔ မျဖတ္တာလဲ ”
ငါးငယ္ေလးက တရႈံ႕ရႈံ႕ ငိုရင္း..
” သားမွ မျဖတ္ႏိုင္တာဗ် ”
” သားကို မျဖတ္ႏိုင္ဘူးလို႔ ဘယ္သူကေျပာလဲ ”
” သား သူငယ္ခ်င္းေတြ ေျပာတာ ၊ ေနာက္ၿပီးေတာ့ သား ခႏၶာကိုယ္က ေသးေသးေလး ”
လိပ္ႀကီးက သူ႔ေခါင္းကို ျပဴတစ္ ျပဴတစ္ လုပ္ရင္း..
” သား ဒီေရစီးကို ျဖတ္ဖို႔ ႀကိဳစားၾကည့္ ၿပီးၿပီလား ”
” ဟင့္အင္း.. သား ေရထဲ ေမွ်ာပါသြားရင္ ဘယ္လို လုပ္မလဲ ”
” ဟ.. မင္းက ငါးပဲေလ ၊ ေရထဲ ပါသြားလည္း ျပန္လည္ ကူးခတ္ေပါ့ကြ ။ ေသသြားမွာမွ မဟုတ္တာ ။ ကဲ ငိုတာ အခုရပ္ ။ ဒီေရစီးကို ျဖတ္ဖို႔ ႀကိဳးစား ။
သား အေနနဲ႔ ျဖတ္ကို ျဖတ္ႏိုင္ရမယ္လို႔ ယုံၾကည္ထား ”
” သား ေၾကာက္တယ္ ဦးလိပ္ႀကီး ”
ငါးေလးက တုန္တုန္ယီယီႏွင့္ ေရစီးကို လွမ္းၾကည့္၏ ။
” အလုပ္ တစ္ခုကို လုပ္ၾကည့္ဖို႔ မႀကိဳးစားဘဲ ဒါမွမဟုတ္ လုပ္ဖို႔ အခြင့္အေရး မေပးဘဲ ဒီေကာင္ မလုပ္ႏိုင္ဘူးလို႔ ထင္ေနေတြးေနရင္ ဘာမွ ျဖစ္မလာဘူး ငါးေလး။
မင္းဆီမွာ ခြန္အားေတြ ရွိတယ္။ ေရစီးထဲ တိုးမထြက္ႏိုင္ ရင္ေတာင္ ေရထဲမွာ အလိုက္သင့္ ပါသြားေအာင္ ထိန္းေက်ာင္းေပးမဲ့ ဉာဏ္ရည္ေတြ ရွိေနတာပဲ ။ ကဲ.. အခု ကူးလိုက္ေတာ့ ”
ငါးေလးဟာ တစ္စုံတစ္ခုကို ေတြးေနၿပီး ေတြေတြႀကီး ရပ္ေနသည္။
” ကဲကြာ ငါ ေရစီးေအာက္က ေစာင့္ေနေပးမယ္၊ မင္း ေရစီးထဲ လႊင့္ၿပီးပါလာရင္ ငါကယ္ေပးမယ္ ။ ဟုတ္ၿပီလား ”
” တကယ္ေနာ္ ဦးလိပ္ႀကီး ”
” တကယ္ေပါ့ကြ ။ အသက္ ဝဝ ရႉ ငါ ျဖတ္ႏိုင္ရမယ္ လို႔ ယုံၾကည္ 1 2 3.. ”
ငါးေလးဟာ အားသြန္ခြန္စိုက္ ႏွင့္ ေရစီးထဲသို႔ တိုးဝင္ လိုက္သည္ ။ တိုးဝင္ခါစမွာ ေရစီးေၾကာင့္ တစ္ခ်က္ယိုင္သြားေသာ အခ်ိန္ လိပ္ႀကီးဆီက စကားသံ ၾကားလိုက္ရသည္။
” မင္း လုပ္ကို လုပ္ႏိုင္ရမယ္ ငါးေလးေရ ။ ငါ ေရစီးေအာက္မွာ ေစာင့္ေနတယ္ ။ အားတင္းၿပီး ကူးပါ ”
ငါးေလးဟာ ယိုင္သြားေသာ ခႏၶာကိုယ္ကို ခ်က္ခ်င္း ျပန္တည့္ၿပီး အားသြန္ ခြန္စိုက္ ကူးကာ ေရစီးကို ျဖတ္ေက်ာ္ႏိုင္ခဲ့ေလသည္။
” ဗ်ိဳ႕ ဦးလိပ္ႀကီး သား ျဖတ္ႏိုင္ခဲ့ၿပီဗ် ။ ေက်းဇူးပဲ ဗ်ိဳ႕ ၊ တစ္ေန႔ ေက်းဇူးျပန္ဆပ္ ပါရေစ ”
လိပ္ႀကီးက ဝမ္းသာစြာ ၿပဳံးရင္း ငါးေလးကို ေအာ္ေျပာလိုက္သည္။
” ငါ့ကို ေက်းဇူး ဆပ္ခ်င္ရင္ မင္းရဲ႕ ဘဝမွာ အလုပ္တစ္ခုကို လုပ္ဖို႔ ႀကိဳးစား မၾကည့္ဘဲ ဒါမွမဟုတ္ လုပ္ဖို႔ အခြင့္ အေရး မေပးဘဲ မလုပ္ႏိုင္ဘူးလို႔ ထင္ေနတဲ့ေကာင္ တစ္သက္လုံး မျဖစ္ေစနဲ႔ ။
ေနာက္ၿပီး ေရဆန္ကို မျဖတ္ႏိုင္ရင္ေတာင္ ေရစုန္မွာ အလိုက္သင့္စြာ ေနတတ္ပါေစ ငါးေလးေရ ”
(လိပ္ႀကီးလို လူေတြ ေပါမ်ားပါေစေလ)
ဟမ္စိုင္း (ေဆး – မန္း)
လိပ်ကြီးက ပေးတဲ့ သင်ခန်းစာ…
တခါက ငါးကလေး ငါးကောင်သည် မြစ်ပြင်ကျယ်ထဲတွင် ပျော်ရွှင်စွာ ကူးခတ် နေကြလေသည် ။ ကူးခတ်ရင်း အစာရှာရင်း ၎င်းတို့ နေထိုင် ကျက်စားရာ နေရာနှင့် အလွန်ဝေးကွာသည့် နေရာသို့ ရောက်လာကြ၏။
အိမ်ကိုပြန် ကြသည့် အချိန်တွင် မြစ်ခွဲတစ်ခုသို့ စီးဆင်း နေသော ရေစီးတစ်ခုကို ဖြတ်ရဖို့ ဖြစ်လာကြသည်။
သူတို့ထဲမှ အကြီးဆုံး ငါးတစ်ကောင်က အရွယ်အစား အသေဆုံး ငါးလေးအား စိတ်မကောင်းသော မျက်ဝန်းများနှင့် ကြည့်ကာ တီးတိုး ရေရွတ် လိုက်သည် ။
” အသေးဆုံး ငါးကလေးရေ ။ ငါတောင် ဒီရေစီးကို တိုးပြီး မနည်းဖြတ်ရမှာ မင်းတော့ ဖြတ်ဖို့ မဖြစ်နိုင်ဘူး။ ဒီနေရာမှသာ နေခဲ့ပြီး ကျက်စားပါတော့ ”
” ဟုတ်တယ်ငါးလေး မင်းရဲ့ ခန္ဓာကိုယ် သေးသေးလေးနဲ့ ဖြတ်ရင် ရေစီးနဲ့ ပါသွားလိမ့်မယ် ”
” နှုတ်ဆက်ပါတယ် သူငယ်ချင်းရယ် ”
” ဘိုင့်ဘိုင် ”
” မင်းကြိုးစားလည်း အပိုပဲ သူငယ်ချင်း ။ ဘုရားသခင် ကြားအောင် ဆုတောင်းနေတော့ကွာ ။ တာတာ့ ”
ငါး အငယ်ဆုံးလေးထက် အရွယ်အစား ကြီးသော ငါးတွေက တစ်ကောင် တစ်ပေါက် ဝင်ပြောကြပြီး ရေစီးကို အားမာန် အပြည့်နှင့် တိုးဝင် ဖြတ်ကျော် သွားကြ၏ ။
ငါးငယ်လေးက ကြူကြူ ပါအောင် ငိုရင်း ရေစီးနှင့် မလှမ်းမကမ်းတွင် ကူးခတ်နေ မိသည်။ သိပ်မကြာခင်မှာ လိပ်ကြီး တစ်ကောင်က ငါးငယ်လေးနားသို့ ရောက်လာလေသည်။
” ငါးလေး ဘာလို့ ငိုနေတာလဲ ။ ခုနက တွေ့တဲ့ မင်းအဖော် ငါးတွေရော ဘယ်ရောက်သွားလဲ ”
” သား အိမ်ကို ပြန်လို့ မရတော့လို့ပါ ။ သူတို့က ပြန်သွားကြပြီ ”
လိပ်ကြီးက ငါးငယ်လေးနားသို့ ကူးခတ်လာရင်း ဆက်မေးလိုက်သည်။
” ဘာလို့ မင်းက ပြန်လို့ မရတာလဲ ”
” သား ရှေ့က ရေစီးကို ဖြတ်လို့ မရလို့ ”
” ဒါဆို သားရဲ့ အဖော်တွေကရော ”
” သူတို့က ဒီရေစီးကို ဖြတ်ပြီး ပြန်သွားကြပြီ ”
” သားက ဘာလို့ မဖြတ်တာလဲ ”
ငါးငယ်လေးက တရှုံ့ရှုံ့ ငိုရင်း..
” သားမှ မဖြတ်နိုင်တာဗျ ”
” သားကို မဖြတ်နိုင်ဘူးလို့ ဘယ်သူကပြောလဲ ”
” သား သူငယ်ချင်းတွေ ပြောတာ ၊ နောက်ပြီးတော့ သား ခန္ဓာကိုယ်က သေးသေးလေး ”
လိပ်ကြီးက သူ့ခေါင်းကို ပြူတစ် ပြူတစ် လုပ်ရင်း..
” သား ဒီရေစီးကို ဖြတ်ဖို့ ကြိုစားကြည့် ပြီးပြီလား ”
” ဟင့်အင်း.. သား ရေထဲ မျှောပါသွားရင် ဘယ်လို လုပ်မလဲ ”
” ဟ.. မင်းက ငါးပဲလေ ၊ ရေထဲ ပါသွားလည်း ပြန်လည် ကူးခတ်ပေါ့ကွ ။ သေသွားမှာမှ မဟုတ်တာ ။ ကဲ ငိုတာ အခုရပ် ။ ဒီရေစီးကို ဖြတ်ဖို့ ကြိုးစား ။
သား အနေနဲ့ ဖြတ်ကို ဖြတ်နိုင်ရမယ်လို့ ယုံကြည်ထား ”
” သား ကြောက်တယ် ဦးလိပ်ကြီး ”
ငါးလေးက တုန်တုန်ယီယီနှင့် ရေစီးကို လှမ်းကြည့်၏ ။
” အလုပ် တစ်ခုကို လုပ်ကြည့်ဖို့ မကြိုးစားဘဲ ဒါမှမဟုတ် လုပ်ဖို့ အခွင့်အရေး မပေးဘဲ ဒီကောင် မလုပ်နိုင်ဘူးလို့ ထင်နေတွေးနေရင် ဘာမှ ဖြစ်မလာဘူး ငါးလေး။
မင်းဆီမှာ ခွန်အားတွေ ရှိတယ်။ ရေစီးထဲ တိုးမထွက်နိုင် ရင်တောင် ရေထဲမှာ အလိုက်သင့် ပါသွားအောင် ထိန်းကျောင်းပေးမဲ့ ဉာဏ်ရည်တွေ ရှိနေတာပဲ ။ ကဲ.. အခု ကူးလိုက်တော့ ”
ငါးလေးဟာ တစ်စုံတစ်ခုကို တွေးနေပြီး တွေတွေကြီး ရပ်နေသည်။
” ကဲကွာ ငါ ရေစီးအောက်က စောင့်နေပေးမယ်၊ မင်း ရေစီးထဲ လွှင့်ပြီးပါလာရင် ငါကယ်ပေးမယ် ။ ဟုတ်ပြီလား ”
” တကယ်နော် ဦးလိပ်ကြီး ”
” တကယ်ပေါ့ကွ ။ အသက် ဝဝ ရှူ ငါ ဖြတ်နိုင်ရမယ် လို့ ယုံကြည် 1 2 3.. ”
ငါးလေးဟာ အားသွန်ခွန်စိုက် နှင့် ရေစီးထဲသို့ တိုးဝင် လိုက်သည် ။ တိုးဝင်ခါစမှာ ရေစီးကြောင့် တစ်ချက်ယိုင်သွားသော အချိန် လိပ်ကြီးဆီက စကားသံ ကြားလိုက်ရသည်။
” မင်း လုပ်ကို လုပ်နိုင်ရမယ် ငါးလေးရေ ။ ငါ ရေစီးအောက်မှာ စောင့်နေတယ် ။ အားတင်းပြီး ကူးပါ ”
ငါးလေးဟာ ယိုင်သွားသော ခန္ဓာကိုယ်ကို ချက်ချင်း ပြန်တည့်ပြီး အားသွန် ခွန်စိုက် ကူးကာ ရေစီးကို ဖြတ်ကျော်နိုင်ခဲ့လေသည်။
” ဗျို့ ဦးလိပ်ကြီး သား ဖြတ်နိုင်ခဲ့ပြီဗျ ။ ကျေးဇူးပဲ ဗျို့ ၊ တစ်နေ့ ကျေးဇူးပြန်ဆပ် ပါရစေ ”
လိပ်ကြီးက ဝမ်းသာစွာ ပြုံးရင်း ငါးလေးကို အော်ပြောလိုက်သည်။
” ငါ့ကို ကျေးဇူး ဆပ်ချင်ရင် မင်းရဲ့ ဘဝမှာ အလုပ်တစ်ခုကို လုပ်ဖို့ ကြိုးစား မကြည့်ဘဲ ဒါမှမဟုတ် လုပ်ဖို့ အခွင့် အရေး မပေးဘဲ မလုပ်နိုင်ဘူးလို့ ထင်နေတဲ့ကောင် တစ်သက်လုံး မဖြစ်စေနဲ့ ။
နောက်ပြီး ရေဆန်ကို မဖြတ်နိုင်ရင်တောင် ရေစုန်မှာ အလိုက်သင့်စွာ နေတတ်ပါစေ ငါးလေးရေ ”
(လိပ်ကြီးလို လူတွေ ပေါများပါစေလေ)
ဟမ်စိုင်း (ဆေး – မန်း)