ပညာပေး

မိသားစုတစ္စုကို ဆင္းရဲေစႏိုင္တဲ့အေၾကာင္းအရင္းမ်ား…

မိသားစုတစ္စုကို ဆင္းရဲေစႏိုင္တဲ့အေၾကာင္းအရင္းမ်ား…

လူသားအားလုံး အတြက္ အက်ိဳးရွိေစတာမို႔ ဖတ္ျဖစ္ေအာင္ ဖတ္လိုက္ပါေနာ္။

က်ေနာ္တို႔လူသားတိုင္း မွာ မိသားစု အသိုက္အျမဳံ ဆိုတာ ရွိၾကပါတယ္။ သက္ရွိသတၱဝါတိုင္းမွာ လည္း မိသားစုဆိုတာရွိၾကစျမဲပါ ဒီမိသားစုဆိုတဲ့ လွပတဲ့ အဓိပ္ပါယ်ေလးက အရမ္းကို ေလးနက္မႈ ရွိသလို ေပ်ာ္ရႊင္ေအးခ်မ္းဖြယ္ ေမတၱာကမၻာေလး ဆိုလည္း (လုံးဝ) မမွားပါဘူး။ တစ္ဦးနဲ႔တစ္ဦး အမွီသဟဲ ျပဳၿပီး ေနထိုင္ေနၾကတာ ပဲျဖစ္ပါတယ္။

ကဲက်ေနာ့္အေနနဲ႔ လူသား အားလုံးေအးခ်မ္းၿပီး ေပ်ာ္ရႊင္ဖြယ္ေကာင္းေသာ မိသားစုဘဝေလးကို ပိုင္ဆိုင္ေစလိုေသာ ေမတၱာျဖင့္ေထာက္ျပစရာေလး အနည္းငယ္ေတာ့ရွိပါတယ္။ အဲ့ဒါကဘာလဲဆိုေတာ့. အိမ္ေထာင္စု တစ္စု မိသားစု တစ္စု ဘာ့ေၾကာင့္ ဆင္းဆင္းရဲရဲ ဒုကၡေတြ ကို ရင္ဝယ္ပိုက္ေနရသလဲ ဆိုတာေလးပါ။

လူတိုင္းသိထားသင့္သလို၊ လိုက္နာ ေဆာင္ရြက္သင့္မယ္လို႔လည္း က်ေနာ့္အေနနဲ႔ေတြးထင္ မိပါတယ္။ က်ေနာ္အေနနဲ႔ မိသားစုတစ္ခုလုံး ဆင္းရဲတြင္းထဲနက္နက္ေစတဲ့ အခ်က္ေလးေတြကေတာ့…

(၁) အိမ္ေထာင္ဦးစီး မပီသတဲ့ အိမ္ေထာင္ဦးစီး

အိမ္တစ္အိမ္မွာ အိမ္ေထာင္ဦးစီး လုပ္တဲ့သူ တစ္နည္း အားျဖင့္ အေဖ ကို အဓိကထားေစခ်င္တာပါ။ အိမ္ေထာင္ဦးစီးညံ့ဖ်င္းရင္လည္း ဒီအိမ္ဟာဆင္းရဲမွာပဲ၊ အိမ္ေထာင္ဦးစီအေနနဲ႔မိန္းမယူ၊ ကေလးေမြး႐ုံ ေလာက္နဲ႔ေတာ့ အိမ္ေထာင္ဦးစီးမေခၚထိုက္ေသး ပါဘူး။

မိသားစုတာဝန္ေတြကို ထမ္းေဆာင္းေပးရမယ့္ တာဝန္ေတြ ရွိသလို၊ စီးပြားေရး လုပ္ငန္းေတြအတြက္ လည္း ေဆြးေႏြး တိုင္ပင္မႈေတြရွိမွာပဲ၊ ပစၥဳပၸန္ အနာဂတ္ ကို ဘယ္လိုဆက္ေလၽွာက္ရမလဲဆိုတဲ့ အေတြး အျမင္ေတြလည္းရွိသင့္ ရွိထိုက္ပါတယ္။

မိသားစုအေရးေတြကို လည္းရင္ေကာ့ေခါင္းေမာ့ၿပီး ေရွ႕က ဦးေဆာင္မႈေတြလည္း လုပ္ကိုင္ေဆာင္ရြက္ သင့္ပါတယ္။ ကဲအဲ့လိုမွမဟု တ္ပဲ တစ္ေန႔ တစ္ေန႔ စားေလာက္႐ုံေလး လုပ္မယ္၊

အိမ္ျပန္ ထမင္းစား၊ အိပ္၊ထ၊စား၊သြား ဆိုယုံေလာက္ပဲ လုပ္ေနရင္ေတာ့ ဒီအိမ္ဟာ ေသခ်ာတယ္ ဆင္းရဲတြင္းထဲေရာက္ၿပီး ဒုကၡေတြ တန္းစီၿပီး ဝင္ေနမွာပဲဒါ့ေၾကာင့္ ဒီအိမ္ဟာ ဆင္းရဲေနမွာပဲ..။

(၂) အိမ္တြင္းသူခိုး

ဒီအခ်က္ကေတာ့ အေရးႀကီးတယ္အိမ္တစ္အိမ္မွာ အိမ္တြင္းသူခိုးရွိေနရင္လည္း ဒီအိမ္ဟာ ဆင္းရဲမွာ ပဲ အိမ္ေထာင္ဆိုတာ လင္နဲ႔မယား ႏွစ္ဦး တည္ေဆာက္ ထားတာပါ။အဲ့ဒီမွာျပႆနာတစ္ခု ကေယာက္်ားျဖစ္ေစ၊ဇနီးမယားျဖစ္ေစတစ္ေယာက္ေယာက္ကအိမ္တြင္းသူခိုး ျဖစ္ေနရင္ေသခ်ာတယ္ဆင္းရဲၿပီဆိုလိုတာက ကိုယ့္ဘက္ကိုပဲၾကည့္တတ္တဲ့ သူကိုဆိုလိုတာပါ။

ကိုယ့္အိမ္မွာျဖင့္စားမေလာက္ေသးဘူး၊ကိုယ့္အမ်ိဳးဆီ ကိုခိုးခိုးေပးေနတာ မိသားစုေရွ႕ေရးကို သိပ္မေတြးဘူး။ ထင္တိုင္းက်ဲေနတာမ်ိဳး ထမင္းမငတ္႐ုံတမယ္ပဲ ရပ္တည္ေနသ၍ေတာ့ အဲ့ဒီအိမ္ဟာ ဆင္းရဲမွာပဲ. ေနာက္တစ္နည္းက အရက္ေသာက္တတ္တဲ့ေယာက္်ား ကလည္းခိုးမွာပဲ၊ ခ်ဲေတြ ႏွစ္လုံးေတြထိုးတတ္တဲ့မိန္းမ ကလည္း ခိုးမွာ။အဲဒါဆိုေသခ်ာတယ္ ဒီအိမ္ေထာင္စု ဟာ ဆင္းရဲ ေနမွာပဲ။

(၃) မတည့္အတူေနမိသားစု

အိမ္တစ္အိမ္မွာ မိသားစုဆိုတာ ျဖစ္ေပၚလာမွာပဲ အဲ့မိသားစုေတြမွာပဲ ျပႆနာတစ္ခုက အႀကီးနဲ႔အငယ္ မတည့္တာ၊ အမနဲ႔ညီမ မတည့္တာစတဲ့ စကားမ်ား ရန္ျဖစ္တတ္တာေတြအစုံေပါ့ အိမ္တစ္အိမ္ဟာ ဘယ္ေတာ့မွ သာယာမႈမရွိဘူး၊ ေန႔တိုင္းလိုလို စကား မ်ားတတ္တယ္၊ မသိရင္ သူစိမ္းေတြလိုပဲ။ သူ႔ကိုလည္း အဖတ္မလုပ္ င့ါကိုလည္းမေလးစား ျဖစ္ေနရင္ေတာ့ အဲ့ဒီ့ အိမ္ေထာင္စုဟာ လဲၿပိဳၿပီး ဆင္းရဲတြင္းထဲ လြတ္ေျမာက္ နိုင္မွာမဟုတ္ပါဘူး။

(၄) အိမ္နီးခ်င္းေကာင္းမရွိျခင္း

လူဆိုတာ လူ႔အသိုင္းအဝိုင္းထဲမွာေနတတ္မွ လူနဲ႔ တူတာပါ။ အဲ့လိုမွ မဟုတ္ရင္ေတာ့ လူျဖစ္တယ္ ဆို႐ုံပဲ သုံးလို႔ရ ပါတယ္။ လူလို႔ မေခၚ ထိုက္ေလာက္ပါဘူး။ အဓိကေျပာခ်င္တာက ကိုယ္ေနတဲ့ပတ္ဝန္းက်င္နဲ႔ အဆင္ေျပေအာင္ ေနေစခ်င္တာပါ။

အဲ့လိုမွမဟုတ္ပဲ သူနဲ႔ငါ့အေၾကာင္းေျပာ၊ ငါနဲ႔ေတြ႕ရင္သူ႔အေၾကာင္းေျပာ ေလာကႀကီးကိုအေကာင္းမျမင္တတ္ဘူး ဆန႔္က်င္ဘက္ အေတြးေတြရွိေနသ၍ေတာ့ ဘယ္ေတာ့မွအဆင္ေျပနိုင္ မွာ မဟုတ္ပါဘူး။ အဲ့လိုလူမ်ိဳးကို ဘယ္လိုပုဂၢိဳလ္ ကမွ လည္း ေဖးမေစာင့္ေရွာက္ေနမွာ မဟုတ္တဲ့အတြက္ ဆင္းရဲေနမွာပဲ ဘယ္ေတာ့မွ အဆင္ေျပေျပနဲ႔ ခရီး ဆက္နိုင္ေနမွာမဟုတ္တဲ့အတြက္ ဒီအိမ္ဟာလည္း ဆင္းရဲေနမွာပဲ။

က်ေနာ္ေျပာတဲ့ဒီအခ်က္ေတြတစ္ခ်က္ခ်က္နဲ႔ၿငိေနတယ္ ဆိုရင္ ဒီမိသားစုရဲ့အနာဂတ္ဟာ လွပေနမွာ မဟုတ္နိုင္ တဲ့အတြက္စာ ဖတ္ပရိတ္သတ္ေတြလည္းဒီအခ်က္ေလး ေတြ ကို ေရွာင္က်ဥ္နိုင္ၾကမယ္ဆိုရင္ ဝမ္းသာပါတယ္။ဒီအခ်က္ေတြနဲ႔လြတ္ေျမာက္နိုင္မယ္ဆိုရင္ ေအးခ်မ္းလွ တဲ့ မိသားစုဘဝေလးကိုပိုင္ဆိုင္နိုင္မွာ ျဖစ္ပါတယ္။

ေအးခ်မ္းၿပီးေပ်ာ္ရႊင္လွတဲ့ မိသားစုဘဝေလးကို လူသားတိုင္း ပိုင္ဆိုင္နိုင္ၾကပါေစ လို႔ဆုမြန္ေကာင္း ေတာင္းေပး လိုက္ပါတယ္။

မိသားစုအားလုံး သာယာခ်မ္းေျမ့ႏိုင္ၾကပါေစ (Credit)

မိသားစုတစ်စုကို ဆင်းရဲစေနိုင်တဲ့အကြောင်းအရင်းများ…

လူသားအားလုံး အတွက် အကျိုးရှိစေတာမို့ ဖတ်ဖြစ်အောင် ဖတ်လိုက်ပါနော်။

ကျနော်တို့လူသားတိုင်း မှာ မိသားစု အသိုက်အမြုံ ဆိုတာ ရှိကြပါတယ်။ သက်ရှိသတ္တဝါတိုင်းမှာ လည်း မိသားစုဆိုတာရှိကြစမြဲပါ ဒီမိသားစုဆိုတဲ့ လှပတဲ့ အဓိပ်ပါယျလေးက အရမ်းကို လေးနက်မှု ရှိသလို ပျော်ရွှင်အေးချမ်းဖွယ် မေတ္တာကမ္ဘာလေး ဆိုလည်း (လုံးဝ) မမှားပါဘူး။ တစ်ဦးနဲ့တစ်ဦး အမှီသဟဲ ပြုပြီး နေထိုင်နေကြတာ ပဲဖြစ်ပါတယ်။

ကဲကျနော့်အနေနဲ့ လူသား အားလုံးအေးချမ်းပြီး ပျော်ရွှင်ဖွယ်ကောင်းသော မိသားစုဘဝလေးကို ပိုင်ဆိုင်စေလိုသော မေတ္တာဖြင့်ထောက်ပြစရာလေး အနည်းငယ်တော့ရှိပါတယ်။ အဲ့ဒါကဘာလဲဆိုတော့. အိမ်ထောင်စု တစ်စု မိသားစု တစ်စု ဘာ့ကြောင့် ဆင်းဆင်းရဲရဲ ဒုက္ခတွေ ကို ရင်ဝယ်ပိုက်နေရသလဲ ဆိုတာလေးပါ။

လူတိုင်းသိထားသင့်သလို၊ လိုက်နာ ဆောင်ရွက်သင့်မယ်လို့လည်း ကျနော့်အနေနဲ့တွေးထင် မိပါတယ်။ ကျနော်အနေနဲ့ မိသားစုတစ်ခုလုံး ဆင်းရဲတွင်းထဲနက်နက်စေတဲ့ အချက်လေးတွေကတော့…

(၁) အိမ်ထောင်ဦးစီး မပီသတဲ့ အိမ်ထောင်ဦးစီး

အိမ်တစ်အိမ်မှာ အိမ်ထောင်ဦးစီး လုပ်တဲ့သူ တစ်နည်း အားဖြင့် အဖေ ကို အဓိကထားစေချင်တာပါ။ အိမ်ထောင်ဦးစီးညံ့ဖျင်းရင်လည်း ဒီအိမ်ဟာဆင်းရဲမှာပဲ၊ အိမ်ထောင်ဦးစီအနေနဲ့မိန်းမယူ၊ ကလေးမွေးရုံ လောက်နဲ့တော့ အိမ်ထောင်ဦးစီးမခေါ်ထိုက်သေး ပါဘူး။

မိသားစုတာဝန်တွေကို ထမ်းဆောင်းပေးရမယ့် တာဝန်တွေ ရှိသလို၊ စီးပွားရေး လုပ်ငန်းတွေအတွက် လည်း ဆွေးနွေး တိုင်ပင်မှုတွေရှိမှာပဲ၊ ပစ္စုပ္ပန် အနာဂတ် ကို ဘယ်လိုဆက်လျှောက်ရမလဲဆိုတဲ့ အတွေး အမြင်တွေလည်းရှိသင့် ရှိထိုက်ပါတယ်။

မိသားစုအရေးတွေကို လည်းရင်ကော့ခေါင်းမော့ပြီး ရှေ့က ဦးဆောင်မှုတွေလည်း လုပ်ကိုင်ဆောင်ရွက် သင့်ပါတယ်။ ကဲအဲ့လိုမှမဟု တ်ပဲ တစ်နေ့ တစ်နေ့ စားလောက်ရုံလေး လုပ်မယ်၊

အိမ်ပြန် ထမင်းစား၊ အိပ်၊ထ၊စား၊သွား ဆိုယုံလောက်ပဲ လုပ်နေရင်တော့ ဒီအိမ်ဟာ သေချာတယ် ဆင်းရဲတွင်းထဲရောက်ပြီး ဒုက္ခတွေ တန်းစီပြီး ဝင်နေမှာပဲဒါ့ကြောင့် ဒီအိမ်ဟာ ဆင်းရဲနေမှာပဲ..။

(၂) အိမ်တွင်းသူခိုး

ဒီအချက်ကတော့ အရေးကြီးတယ်အိမ်တစ်အိမ်မှာ အိမ်တွင်းသူခိုးရှိနေရင်လည်း ဒီအိမ်ဟာ ဆင်းရဲမှာ ပဲ အိမ်ထောင်ဆိုတာ လင်နဲ့မယား နှစ်ဦး တည်ဆောက် ထားတာပါ။အဲ့ဒီမှာပြဿနာတစ်ခု ကယောက်ျားဖြစ်စေ၊ဇနီးမယားဖြစ်စေတစ်ယောက်ယောက်ကအိမ်တွင်းသူခိုး ဖြစ်နေရင်သေချာတယ်ဆင်းရဲပြီဆိုလိုတာက ကိုယ့်ဘက်ကိုပဲကြည့်တတ်တဲ့ သူကိုဆိုလိုတာပါ။

ကိုယ့်အိမ်မှာဖြင့်စားမလောက်သေးဘူး၊ကိုယ့်အမျိုးဆီ ကိုခိုးခိုးပေးနေတာ မိသားစုရှေ့ရေးကို သိပ်မတွေးဘူး။ ထင်တိုင်းကျဲနေတာမျိုး ထမင်းမငတ်ရုံတမယ်ပဲ ရပ်တည်နေသ၍တော့ အဲ့ဒီအိမ်ဟာ ဆင်းရဲမှာပဲ. နောက်တစ်နည်းက အရက်သောက်တတ်တဲ့ယောက်ျား ကလည်းခိုးမှာပဲ၊ ချဲတွေ နှစ်လုံးတွေထိုးတတ်တဲ့မိန်းမ ကလည်း ခိုးမှာ။အဲဒါဆိုသေချာတယ် ဒီအိမ်ထောင်စု ဟာ ဆင်းရဲ နေမှာပဲ။

(၃) မတည့်အတူနေမိသားစု

အိမ်တစ်အိမ်မှာ မိသားစုဆိုတာ ဖြစ်ပေါ်လာမှာပဲ အဲ့မိသားစုတွေမှာပဲ ပြဿနာတစ်ခုက အကြီးနဲ့အငယ် မတည့်တာ၊ အမနဲ့ညီမ မတည့်တာစတဲ့ စကားများ ရန်ဖြစ်တတ်တာတွေအစုံပေါ့ အိမ်တစ်အိမ်ဟာ ဘယ်တော့မှ သာယာမှုမရှိဘူး၊ နေ့တိုင်းလိုလို စကား များတတ်တယ်၊ မသိရင် သူစိမ်းတွေလိုပဲ။ သူ့ကိုလည်း အဖတ်မလုပ် ငါ့ကိုလည်းမလေးစား ဖြစ်နေရင်တော့ အဲ့ဒီ့ အိမ်ထောင်စုဟာ လဲပြိုပြီး ဆင်းရဲတွင်းထဲ လွတ်မြောက် နိုင်မှာမဟုတ်ပါဘူး။

(၄) အိမ်နီးချင်းကောင်းမရှိခြင်း

လူဆိုတာ လူ့အသိုင်းအဝိုင်းထဲမှာနေတတ်မှ လူနဲ့ တူတာပါ။ အဲ့လိုမှ မဟုတ်ရင်တော့ လူဖြစ်တယ် ဆိုရုံပဲ သုံးလို့ရ ပါတယ်။ လူလို့ မခေါ် ထိုက်လောက်ပါဘူး။ အဓိကပြောချင်တာက ကိုယ်နေတဲ့ပတ်ဝန်းကျင်နဲ့ အဆင်ပြေအောင် နေစေချင်တာပါ။

အဲ့လိုမှမဟုတ်ပဲ သူနဲ့ငါ့အကြောင်းပြော၊ ငါနဲ့တွေ့ရင်သူ့အကြောင်းပြော လောကကြီးကိုအကောင်းမမြင်တတ်ဘူး ဆန့်ကျင်ဘက် အတွေးတွေရှိနေသ၍တော့ ဘယ်တော့မှအဆင်ပြေနိုင် မှာ မဟုတ်ပါဘူး။ အဲ့လိုလူမျိုးကို ဘယ်လိုပုဂ္ဂိုလ် ကမှ လည်း ဖေးမစောင့်ရှောက်နေမှာ မဟုတ်တဲ့အတွက် ဆင်းရဲနေမှာပဲ ဘယ်တော့မှ အဆင်ပြေပြေနဲ့ ခရီး ဆက်နိုင်နေမှာမဟုတ်တဲ့အတွက် ဒီအိမ်ဟာလည်း ဆင်းရဲနေမှာပဲ။

ကျနော်ပြောတဲ့ဒီအချက်တွေတစ်ချက်ချက်နဲ့ငြိနေတယ် ဆိုရင် ဒီမိသားစုရဲ့အနာဂတ်ဟာ လှပနေမှာ မဟုတ်နိုင် တဲ့အတွက်စာ ဖတ်ပရိတ်သတ်တွေလည်းဒီအချက်လေး တွေ ကို ရှောင်ကျဉ်နိုင်ကြမယ်ဆိုရင် ဝမ်းသာပါတယ်။ဒီအချက်တွေနဲ့လွတ်မြောက်နိုင်မယ်ဆိုရင် အေးချမ်းလှ တဲ့ မိသားစုဘဝလေးကိုပိုင်ဆိုင်နိုင်မှာ ဖြစ်ပါတယ်။

အေးချမ်းပြီးပျော်ရွှင်လှတဲ့ မိသားစုဘဝလေးကို လူသားတိုင်း ပိုင်ဆိုင်နိုင်ကြပါစေ လို့ဆုမွန်ကောင်း တောင်းပေး လိုက်ပါတယ်။

မိသားစုအားလုံး သာယာချမ်းမြေ့နိုင်ကြပါစေ (Credit)