Beauty

ဆံပင္ေတြ ဒုံးပ်ံႏႈန္းနဲ႔ ႐ွည္လာေစရန္အတြက္…

ဆံပင္ေတြ ဒုံးပ်ံႏႈန္းနဲ႔ ႐ွည္လာေစရန္အတြက္…

ဆံပင္ အ႐ွည္ထားရတာ ရည္းစားထားရတာထက္ ကို စိတ္႐ွည္မွ ရပါတယ္။ ဆံပင္ မသန္ရတာနဲ႔၊ ဆံပင္ ဂ႐ုမစိုက္ႏိုင္ရတာနဲ႔၊ ဆံပင္ ေတြ ျပတ္ထြက္ရတာနဲ႔ အေတာ္ကို အာ႐ုံေနာက္တဲ့ ကိစၥပါ။

အခ်ိန္ေပးၿပီး ျပဳစုယုယႏိုင္မွ ေတာ္ကာ က်ပါမယ္။ ဒီေလာက္ ေပကပ္ကပ္နဲ႔ မ႐ွည္ႏိုင္တဲ့ ဆံပင္ေတြကို အျမန္႐ွည္လာေအာင္ ဘယ္လိုလုပ္မလဲ။

ဆံပင္ေတြကို ဓာတုပစၥည္းေတြ မထိေစခ်င္ပါဘူး ဆိုသူေတြ၊ ဆံပင္မဆက္ခ်င္သူေတြ အတြက္ အဆင္ေျပေစမွာပါ။ အပ်င္းႀကီးလို႔ေတာ့ မရပါဘူး။ စိတ္မ႐ွည္ လို႔လဲ မရပါဘူး။

ဆံပင္ကို ေျခာက္ေသြ႕မွ ၿဖီးပါ

ဆံပင္ကို ေခါင္းေလွ်ာ္ၿပီးခါစနဲ႔ ေရစိုေနခ်ိန္မွာ ဘယ္ေတာ့မွ မၿဖီးရပါဘူး။ ဆံပင္ဆိုတာ တကယ္ေတာ့ ဆဲလ္အေသေလးေတြ အမ်ားႀကီးဆက္ထားတဲ့ အမွ်င္တစ္ခုပါ။

ပုံထဲကလိုမ်ိဳးျဖစ္ေနတာေၾကာင့္ ဆံပင္ကို ေပါင္းေဆးထည့္မယ္ဆို မထည့္ခင္ ေရေႏြးနဲ႔ေလွ်ာ္မယ္။ အေၾကးခြံလို ဆဲလ္ေလးေတြ ပြင့္သြားၿပီးမွ ထည့္ေတာ့ ပိုၿပီး ဆံသားထဲ စိမ့္ဝင္တာေပါ့။

ေရစိုေနတုန္း ဘီးၿဖီးတဲ့အခါ ဆံသားေတြ ကြၽတ္ထြက္ကုန္တာပါ။ ဆံပင္ေျခာက္ၿပီဆိုမွ ၿဖီးေပးတာေကာင္းပါတယ္။ ညအိပ္ခါနီးတိုင္း တစ္ခါေလာက္ေတာ့ ၿဖီးေပးၿပီးမွ အိပ္ယာဝင္တဲ့အက်င့္လုပ္ထားပါ။

ေန႔တိုင္းေခါင္းမေလွ်ာ္ပါနဲ႔

ေခြၽးထြက္လို႔၊ ေရကူးလို႔၊ အားကစားလုပ္လို႔ ဆိုတဲ့အေၾကာင္းျပခ်က္ေတြနဲ႔ ေန႔တိုင္းေခါင္းကို ေလွ်ာ္မေနပါနဲ႔။ ေခါင္းကေန အလိုလိုထြက္တဲ့ ေခါင္းဆီဆိုတာ႐ွိပါတယ္။

အားေနယားေန ေလွ်ာ္မယ္ဆိုရင္ ဦးေရျပားေျခာက္ေသြ႕ျခင္းေတြ ျဖစ္လာႏိုင္ၿပီး ဆံပင္ကို အရင္းကေန ထိန္းထားေပးမယ့္ အလုပ္နဲ႔ ဆံပင္ကို အားျဖည့္ေပးမယ့္ အဆီေတြ မ႐ွိႏိုင္ေတာ့ပါဘူး။

ေခါင္းေလွ်ာ္တာနဲ႔ ေခါင္းကို ကုတ္လိုက္ ျခစ္လိုက္လုပ္တာက ဒီအဆီေတြ ခမ္းေျခာက္သြားေစပါတယ္။ တကယ္ဆံပင္အ႐ွည္ျမန္ေစဖို႔က ဘာမွမလုပ္ေလေကာင္းေလပါပဲ။

ဒါေတြစားပါ

ဥအမ်ိဳးမ်ိဳး၊ ငါးအမ်ိဳးမ်ိဳး၊ အိုမီဂါ သရီးအက္ဆစ္၊ အစိမ္းေရာင္အ႐ြက္မ်ား၊ ေ႐ႊဖ႐ုံသီး မ်ားမ်ားစားဖို႔ လုပ္ပါ။ သူတို႔မွာက ပ႐ိုတင္း (Protein) နဲ႔ အဆီေတြပါ႐ွိတာမို႔ ဆံပင္အတြက္ အားျဖည့္ေပးႏိုင္မွာ ျဖစ္ၿပီး သံဓာတ္နဲ႔ အဆီေတြကို အရင္းကေန အဖ်ားအထိ အား႐ွိေစမွာျဖစ္ပါတယ္။

သၾကားေ႐ွာင္ပါ

ဆံပင္ေတြ ဖြံၿဖိဳးဖို႔ ေကာလ္ဂ်င္ (Collagen) နဲ႔ ကီရာတင္ (Keratin) ေတြက လိုအပ္ပါတယ္။ သၾကားက ဒီ ေကာလ္ဂ်င္ (Collagen) နဲ႔ ကီရာတင္ (Keratin) ႏွစ္မ်ိဳးလုံးကို ဖ်က္ဆီးပစ္ေလ့႐ွိၿပီး ဆံပင္ကေတာ္ေတာ္နဲ႔ မ႐ွည္ေတာ့ပါဘူး။

ေကာလ္ဂ်င္ (Collagen) က ဆံပင္ကို သန္မာေစတဲ့ အမိုင္ႏိုအက္ဆစ္တစ္မ်ိဳး ျဖစ္ၿပီး သၾကားက ဒီအက္ဆစ္ဓာတ္ကို ၿပိဳကြဲသြားေစႏိုင္ပါတယ္။

သၾကားဓာတ္ကို ေလ်ာ့စားလိုက္တာနဲ႔ သင့္ဆံပင္နဲ႔ လက္သည္းေလးေတြ မက်ိဳးမပဲ့ေတာ့တာကို ေတြ႕ရပါလိမ့္မယ္။

ေခါင္းကို ေဇာက္ထိုးစိုက္တဲ့နည္း (Inverted Massages)

ဘာႀကီး …ေခါင္းကို ေဇာက္ထိုးစိုက္တဲ့နည္း ?? အခုဆံပင္နဲ႔ ပတ္သတ္တဲ့ အလွပညာ႐ွင္ေတြ ေျပာေနၾကလို႔ ေခတ္စားေနတဲ့နည္းပါ။ အထူးသျဖင့္ ေယာဂက်င့္သူေတြၾကားမွာ ေရပန္းစားတယ္ဆိုပါေတာ့။

အဆီတစ္ခုခု ဦးေရျပားကို လိမ္းၿပီးေနာက္ ေခါင္းကို ေဇာက္ထိုးထားရတာပါ။ တစ္ရက္ကို (၄) မိနစ္ေလာက္လုပ္ေပးျခင္းျဖင့္ တစ္ပတ္ကို တစ္လက္မေလာက္႐ွည္ထြက္လာတာကို ေတြ႕ရပါတယ္။

ွအဖ်ားႏွစ္ခြေတြကို တိေပးပါ

ဒါကေတာ့ သိပ္ေျပာစရာမလိုဘူးထင္ပါတယ္။

အဖ်ားကို (၃) လတစ္ႀကိမ္ေလာက္ တိေပးျခင္းျဖင့္ က်န္းမာသန္စြမ္းတဲ့ ဆံသားေလးေတြ ပိုင္ဆိုင္ႏိုင္တယ္ဆိုတာ သိၿပီးသားျဖစ္ေပမယ့္ တကယ္ သိထားတဲ့အတိုင္း လုပ္ျဖစ္ဖို႔လည္း လိုပါမယ္။

Unicode Version

ဆံပင်တွေ ဒုံးပျံနှုန်းနဲ့ ရှည်လာစေရန်အတွက်…

ဆံပင် အရှည်ထားရတာ ရည်းစားထားရတာထက် ကို စိတ်ရှည်မှ ရပါတယ်။ ဆံပင် မသန်ရတာနဲ့၊ ဆံပင် ဂရုမစိုက်နိုင်ရတာနဲ့၊ ဆံပင် တွေ ပြတ်ထွက်ရတာနဲ့ အတော်ကို အာရုံနောက်တဲ့ ကိစ္စပါ။

အချိန်ပေးပြီး ပြုစုယုယနိုင်မှ တော်ကာ ကျပါမယ်။ ဒီလောက် ပေကပ်ကပ်နဲ့ မရှည်နိုင်တဲ့ ဆံပင်တွေကို အမြန်ရှည်လာအောင် ဘယ်လိုလုပ်မလဲ။

ဆံပင်တွေကို ဓာတုပစ္စည်းတွေ မထိစေချင်ပါဘူး ဆိုသူတွေ၊ ဆံပင်မဆက်ချင်သူတွေ အတွက် အဆင်ပြေစေမှာပါ။ အပျင်းကြီးလို့တော့ မရပါဘူး။ စိတ်မရှည် လို့လဲ မရပါဘူး။

ဆံပင်ကို ခြောက်သွေ့မှ ဖြီးပါ

ဆံပင်ကို ခေါင်းလျှော်ပြီးခါစနဲ့ ရေစိုနေချိန်မှာ ဘယ်တော့မှ မဖြီးရပါဘူး။ ဆံပင်ဆိုတာ တကယ်တော့ ဆဲလ်အသေလေးတွေ အများကြီးဆက်ထားတဲ့ အမျှင်တစ်ခုပါ။

ပုံထဲကလိုမျိုးဖြစ်နေတာကြောင့် ဆံပင်ကို ပေါင်းဆေးထည့်မယ်ဆို မထည့်ခင် ရေနွေးနဲ့လျှော်မယ်။ အကြေးခွံလို ဆဲလ်လေးတွေ ပွင့်သွားပြီးမှ ထည့်တော့ ပိုပြီး ဆံသားထဲ စိမ့်ဝင်တာပေါ့။

ရေစိုနေတုန်း ဘီးဖြီးတဲ့အခါ ဆံသားတွေ ကျွတ်ထွက်ကုန်တာပါ။ ဆံပင်ခြောက်ပြီဆိုမှ ဖြီးပေးတာကောင်းပါတယ်။ ညအိပ်ခါနီးတိုင်း တစ်ခါလောက်တော့ ဖြီးပေးပြီးမှ အိပ်ယာဝင်တဲ့အကျင့်လုပ်ထားပါ။

နေ့တိုင်းခေါင်းမလျှော်ပါနဲ့

ချွေးထွက်လို့၊ ရေကူးလို့၊ အားကစားလုပ်လို့ ဆိုတဲ့အကြောင်းပြချက်တွေနဲ့ နေ့တိုင်းခေါင်းကို လျှော်မနေပါနဲ့။ ခေါင်းကနေ အလိုလိုထွက်တဲ့ ခေါင်းဆီဆိုတာရှိပါတယ်။

အားနေယားနေ လျှော်မယ်ဆိုရင် ဦးရေပြားခြောက်သွေ့ခြင်းတွေ ဖြစ်လာနိုင်ပြီး ဆံပင်ကို အရင်းကနေ ထိန်းထားပေးမယ့် အလုပ်နဲ့ ဆံပင်ကို အားဖြည့်ပေးမယ့် အဆီတွေ မရှိနိုင်တော့ပါဘူး။

ခေါင်းလျှော်တာနဲ့ ခေါင်းကို ကုတ်လိုက် ခြစ်လိုက်လုပ်တာက ဒီအဆီတွေ ခမ်းခြောက်သွားစေပါတယ်။ တကယ်ဆံပင်အရှည်မြန်စေဖို့က ဘာမှမလုပ်လေကောင်းလေပါပဲ။

ဒါတွေစားပါ

ဥအမျိုးမျိုး၊ ငါးအမျိုးမျိုး၊ အိုမီဂါ သရီးအက်ဆစ်၊ အစိမ်းရောင်အရွက်များ၊ ရွှေဖရုံသီး များများစားဖို့ လုပ်ပါ။ သူတို့မှာက ပရိုတင်း (Protein) နဲ့ အဆီတွေပါရှိတာမို့ ဆံပင်အတွက် အားဖြည့်ပေးနိုင်မှာ ဖြစ်ပြီး သံဓာတ်နဲ့ အဆီတွေကို အရင်းကနေ အဖျားအထိ အားရှိစေမှာဖြစ်ပါတယ်။

သကြားရှောင်ပါ

ဆံပင်တွေ ဖွံဖြိုးဖို့ ကောလ်ဂျင် (Collagen) နဲ့ ကီရာတင် (Keratin) တွေက လိုအပ်ပါတယ်။ သကြားက ဒီ ကောလ်ဂျင် (Collagen) နဲ့ ကီရာတင် (Keratin) နှစ်မျိုးလုံးကို ဖျက်ဆီးပစ်လေ့ရှိပြီး ဆံပင်ကတော်တော်နဲ့ မရှည်တော့ပါဘူး။

ကောလ်ဂျင် (Collagen) က ဆံပင်ကို သန်မာစေတဲ့ အမိုင်နိုအက်ဆစ်တစ်မျိုး ဖြစ်ပြီး သကြားက ဒီအက်ဆစ်ဓာတ်ကို ပြိုကွဲသွားစေနိုင်ပါတယ်။

သကြားဓာတ်ကို လျော့စားလိုက်တာနဲ့ သင့်ဆံပင်နဲ့ လက်သည်းလေးတွေ မကျိုးမပဲ့တော့တာကို တွေ့ရပါလိမ့်မယ်။

ခေါင်းကို ဇောက်ထိုးစိုက်တဲ့နည်း (Inverted Massages)

ဘာကြီး …ခေါင်းကို ဇောက်ထိုးစိုက်တဲ့နည်း ?? အခုဆံပင်နဲ့ ပတ်သတ်တဲ့ အလှပညာရှင်တွေ ပြောနေကြလို့ ခေတ်စားနေတဲ့နည်းပါ။ အထူးသဖြင့် ယောဂကျင့်သူတွေကြားမှာ ရေပန်းစားတယ်ဆိုပါတော့။

အဆီတစ်ခုခု ဦးရေပြားကို လိမ်းပြီးနောက် ခေါင်းကို ဇောက်ထိုးထားရတာပါ။ တစ်ရက်ကို (၄) မိနစ်လောက်လုပ်ပေးခြင်းဖြင့် တစ်ပတ်ကို တစ်လက်မလောက်ရှည်ထွက်လာတာကို တွေ့ရပါတယ်။

ှအဖျားနှစ်ခွတွေကို တိပေးပါ

ဒါကတော့ သိပ်ပြောစရာမလိုဘူးထင်ပါတယ်။

အဖျားကို (၃) လတစ်ကြိမ်လောက် တိပေးခြင်းဖြင့် ကျန်းမာသန်စွမ်းတဲ့ ဆံသားလေးတွေ ပိုင်ဆိုင်နိုင်တယ်ဆိုတာ သိပြီးသားဖြစ်ပေမယ့် တကယ် သိထားတဲ့အတိုင်း လုပ်ဖြစ်ဖို့လည်း လိုပါမယ်။