Astrology

မွေးနေ့တို့ရဲ့ ချစ်စရာ အလေ့အကျင့်များ အကြောင်း…

မွေးနေ့တို့ရဲ့ ချစ်စရာ အလေ့အကျင့်များ အကြောင်း…

တနင်္ဂနွေ

ချစ်ဖို့ကောင်းတဲ့ နေရာမှာ No.1 ၊ ရုပ်တည်ကြီးနေတတ်ပေမယ့်..

တကယ်ခင်သွားရင်လည်း သူငယ်ချင်းအဖွဲ့ထဲမှာ မျက်နှာအပြောင်ဆုံးကသူပဲ။

အချစ်ကြီးသလောက် အချစ်ရေးမှာတော့ အရမ်းကံခေတယ်ရတာ မလိုလိုတာမရတွေလေ။

အစွဲလန်းလဲကြီးတယ်ချစ်ပြီဆို တခြားလူနဲ့မတူသလိုမုန်းပြီဆိုလဲ လှည့်မကြည့်တတ်ဘူး …။

အချောကြီးမဟုတ်ပေမယ့်ဆွဲဆောင်မှုအရမ်းရှိတယ်ညို့အားအပြင်းဆုံးက အသံ(အသံလေးကြားဖူးရုံနဲ့တင် စွဲလန်းသွားစေတာမျိုး)

တနင်္လာ

အထာကျတဲ့ နေရာမှာ No. 1တခုခုဆို အရမ်းပြတ်သားတယ်ပြောစရာရှိရင် ဘယ့်သူ့ကိုမှာ အားမနာတတ်ဘူး

မှန်တဲ့ ဖက်က ရပ်တည်တာမျိုးပေါ့ရန်လိုတဲ့ လူ နဲနဲများတယ် ဒါမယ့်ဘသူ့ကိုမှသိပ်ဂရုမစိုက်တတ်ဘူ။

ဘလိုအခြေနေပဲဖြစ်ဖြစ် ရင်ဆိုင်ရဲတဲ့ သတ္တိရှိတယ် အပေါင်းသင်းဆိုလဲ ရွေးပြီးပဲပေါင်းတယ်။

အုတ်ရောရော ကျောက်ရောရော သိပ်မထားတတ်ဘူးအတုယောင်တွေကို မုန်းလို့တဲ့လေ

ညို့အားအပြင်းဆုံးက ခန္ဓာကိုယ်(ယောကျာ်းလေးဆို အရမ်းခန့်ပြီးမိန်းကလေးဆိုလဲ အချိုးအစားကျတယ်..ဆွဲဆောင်မှုအရမ်းရှိတယ်)

အင်္ဂါ

ဆရာကြီး လုပ်တဲ့နေရာမှာ No.1ပြောသာပြောတာနော် သြဇာက အရမ်းညောင်းတယ်လူချစ်လူခင်လဲပေါတယ်

လူတိုင်းကလဲယုံကြည်တယ်။ ခေါင်းဆောင်ကောင်း ပီသတဲ့ သူတွေပေါ့

ဒါမယ့် သိပ်မပွင့်လင်းတော့ ပျော်တယ်လို့ပဲထင်ရတာ အမြဲတမ်းလိုလို အထီးကျန်နေတတ်တယ်။

မိသားစုဖြစ်ဖြစ် သူငယ်ချင်းတွေထဲမှာပဲဖြစ်ဖြစ်အပစ်ပယ်ခံရတဲ့ အချိန်က များနေတတ်တယ်ညို့အားအပြင်းဆုံးက မျက်လုံ

(အကြည့်နဲ့ညို့တာနော်။ သူတို့နဲ့တွေ့ရင် မျက်လုံးတွေကို သတိထား အရမ်းကြောက်ဖို့ကောင်းတာ)

ဗုဒ္ဓဟူး

ရူးတဲ့နေရာမှာ No.1တလောကလုံး သူတို့နဲ့တည့်, တဲ့လူ မရှိသလောက်ပဲစိတ်ရင်းကောင်းတယ်

အပြောဆိုးတယ်စိတ်ဆိုးတုန်းလဲ ခနပဲ ပြီးရင် ဘာမှမဟုတ်ဘူ။

ပေါင်းသင်းရ ခက်တဲ့သူ တွေအဖေကလွဲရင် တမိသားစုလုံးနဲ့ မျက်နှာကြောမတည့်ဘူး

ဘလောက်အသက်ကြီးကြီး ခလေးစိတ်ကမပျောက်ဘူး။

ညို့အားအပြင်းဆုံးက ဆံပင်ပုံစံ(မိန်းကလေးဖြစ်ဖြစ် ယောကျားလေးဖြစ်ဖြစ်သူတို့တွေက ဆံပင်ကို အရမ်းတန်ဖိုးထားတာ)

ကြာသပတေး

ချန်း တဲ့နေရာမှာNo.1 -ဘာလုပ်လုပ်လွဲတယ် သေချာခိုင်းလေလွဲလေပဲ -တခုခုဆို အမြဲအဆူအငေါက်ခံရတယ်…

စိတ်ရင်းကောင်းတော့ သူငယ်ချင်းတော့ပေါတာပေါ့။

ဒါမယ့်အတုအစစ် သိပ်မခွဲတတ်တော့ သူငယ်ချင်းကြောင့်ပဲခနခန ချောက်ချခံရတဲ့ သူတွေပါ။

အယုံလွယ်တယ် ၊ပိန်းတယ်ကိုယ့်ဖို့ ဘယ်တော့မှမကြည့်တတ်ဘူး

အနစ်နာအရမ်းခံတတ်တယ်ညို့အားအပြင်းဆုံးက မျက်နှာ( သေချာကြည့်မိလေ လှလေပဲ)

သောကြာ

လေပွားတဲ့ နေရာမှာ No.1 ၊ အရမ်းစကားများတယ် အကြောင်းမရှိ အကြောင်းရှာပြီးကို တတွတ်တွတ်ပြောနေတာ။

ဒါမယ့် အကုန်လုံးကို သီးခံပြီးပေါင်းတတ်တယ် ရောက်တဲ့နေရာမှာ ချစ်မယ့်လူပေါတယ်။

ပြသနာတော့ ခနခနဖြစ်တယ်။ ပြသနာကမလာရင်တောင် သူတို့ကသွားရှာတာ။

အယုံလွယ်သလောက် သူတို့ဘေးမှာလဲ လိမ်မယ့်လူတွေချည်းပဲ။

ညို့အားအပြင်းဆုံးက တော်ကီ( အပြောတွေအောက်မှာ မျောသွားအောင်ကိုစွမ်းတာ သတိထားပြီးသာ ဆက်ဆံ)

စနေ

ယုတ်မာတဲ့ နေရာမှာ No.1အစစအရာရာ ဗိုလ်ကျတယ် လိုချင်တာမရရင် တလောကလုံး စိန်ခေါ်ဖို့လဲ ဝန်မလေးဘူး။

နေရာတကာ စိတ်ကြီးတတ်တဲ့ ဒေါသအိုးလေးတွေ။

ဒါမယ့် စိတ်ရင်းကောင်းတယ် အပေါင်းအသင်းမင်တယ် အနစ်နာခံတတ်လို့လဲ ချစ်မယ့်လူပေါတယ်

ထင်တိုင်းကြဲနေတတ်ပေမယ့် အဆင်မပြေတာတွေ ခနခနကြုံနေတတ်တယ်။

ဘယ့်သူ့ကိုမှလဲ သိပ်မယုံဘူး သူတို့အနားလာတဲ့လူတိုင်းကို သံသယမျက်လုံးတွေနဲ့ပဲ ကြည့်တတ်တယ်

ညို့အားအပြင်းဆုံးက အပြုံး(အထူးသဖြင့် သွားတက်၊ ပါးခွက် တွေပါနေတတ်တယ်

သူတို့ပြုံးနေရင် မျက်နှာသာ ရအောင်လွှဲ အပြုစားခံရတာထက်ဆိုးတယ်)

Credit