ပညာပေး

ၾကာၾကာေပါင္းမွ အေၾကာင္းသိမယ္႔ အေၾကာင္းအရာမ်ား…

ၾကာၾကာေပါင္းမွ အေၾကာင္းသိမယ္႔ အေၾကာင္းအရာမ်ား…

ၿပဳံးျပတိုင္း မေနာလွတယ္မထင္လိုက္နဲ႔ အတြင္းပုပ္သိုးေနတဲ့ႏွလုံးသားကို အေပၚယံအၿပဳံးနဲ႔ အလွဆင္ထားသူေတြရွိတယ္။

စကားခ်ိဳတိုင္း သေဘာေကာင္းတယ္မထင္နဲ႔ ခါးသက္သက္စိတ္ဓာတ္ကို သကာေလာင္းလို႔ ဟန္ေဆာင္ေကာင္းေနသူေတြရွိတယ္။

အေျပာေကာင္းတိုင္း မယုံမိေစနဲ႔။ လိမ္ညာမယ့္သူေတြက ယုံရေလာက္ေအာင္ကို အေျပာေကာင္းသူေတြျဖစ္တယ္။

စိတ္ခ်ရတယ္ထင္ၿပီး လွ်ိဳ႕ဝွက္ခ်က္ေတြကို ရင္မဖြင့္မိေစနဲ႔ ႏွစ္သိမ့္စကားရဲ႕ေနာက္ကြယ္မွာ တသင္းဖြဖို႔သယ္ေဆာင္သြားတတ္သူေတြရွိတယ္။ ဗူး အေပါက္တစ္ရာ လိုက္ပိတ္ဖို႔ အလြယ္ေလးပါ။

သူခ်ီးမြမ္းတိုင္း မုဒိတာပြားတယ္မထင္နဲ႔ ရင္ထဲကမပါတဲ့ စကားလုံးေတြနဲ႔ ေျမႇာက္ပင့္ေပးလို႔၊အတြင္းႀကိတ္ၿပီးမနာလိုျဖစ္တတ္သူေတြရွိတယ္။

အေပါင္းအသင္းမ်ားတိုင္းမိတ္ေဆြစစ္လို႔မထင္လိုက္နဲ႔ အဆင္ေျပစဥ္ ကူခ်င္သူမ်ားေပမယ့္၊ ဒုကၡႀကဳံခ်ိန္ ထူ မ မယ့္သူရွားသြားႏိုင္တယ္။

လူေကာင္းတစ္ေယာက္ျဖစ္႐ုံနဲ႔႐ိုးသားတယ္လို႔ စိတ္မခ်လိုက္နဲ႔ စစ္မွန္တဲ့႐ိုးသားမႈဆိုတာ အခြင့္ေကာင္းေတြက စမ္းသပ္လိုက္မွေပၚလာတတ္တယ္။

ပညာတတ္တိုင္း ပညာရွိတယ္ မထင္လိုက္နဲ႔ မွားမွန္ခြဲျခား ေဝဖန္ပိုင္းျဖတ္ႏိုင္စြမ္းအားနည္းလို႔ဘြဲ႕ရၿပီးပညာတတ္မဆန္ သူေတြရွိတယ္။

သတိထားပါသစ္ပင္ ေကာက္တာ ျမင္ရေပမယ့္ …လူ ေကာက္တာကိုမျမင္ႏိုင္ဘူး ျမစ္ေတြ ၊ ေခ်ာင္းေတြထက္ လူေတြက ပိုေကြ႕ေကာက္တတ္တယ္ ဆိုတာ မေမ့ပါနဲ႔ ။

အေပၚယံ ခ်ိဳၿမိန္မႈေတြကၾကာၾကာဝါးမွခါးမွန္းသိလာသလိုလူတစ္ေယာက္ရဲ႕စိတ္ဓာတ္ ၊လူတစ္ေယာက္ရဲ႕ စိတ္ရင္း အမွန္ကိုၾကာၾကာေပါင္းၾကည့္မွသာ…အေၾကာင္းသိ လာပါလိမ့္မယ္။

Credit

Unicode Version

ကြာကြာပေါင်းမှ အကြောင်းသိမယ့် အကြောင်းအရာများ…

ပြုံးပြတိုင်း မနောလှတယ်မထင်လိုက်နဲ့ အတွင်းပုပ်သိုးနေတဲ့နှလုံးသားကို အပေါ်ယံအပြုံးနဲ့ အလှဆင်ထားသူတွေရှိတယ်။

စကားချိုတိုင်း သဘောကောင်းတယ်မထင်နဲ့ ခါးသက်သက်စိတ်ဓာတ်ကို သကာလောင်းလို့ ဟန်ဆောင်ကောင်းနေသူတွေရှိတယ်။

အပြောကောင်းတိုင်း မယုံမိစေနဲ့။ လိမ်ညာမယ့်သူတွေက ယုံရလောက်အောင်ကို အပြောကောင်းသူတွေဖြစ်တယ်။

စိတ်ချရတယ်ထင်ပြီး လျှို့ဝှက်ချက်တွေကို ရင်မဖွင့်မိစေနဲ့ နှစ်သိမ့်စကားရဲ့နောက်ကွယ်မှာ တသင်းဖွဖို့သယ်ဆောင်သွားတတ်သူတွေရှိတယ်။ ဗူး အပေါက်တစ်ရာ လိုက်ပိတ်ဖို့ အလွယ်လေးပါ။

သူချီးမွမ်းတိုင်း မုဒိတာပွားတယ်မထင်နဲ့ ရင်ထဲကမပါတဲ့ စကားလုံးတွေနဲ့ မြှောက်ပင့်ပေးလို့၊အတွင်းကြိတ်ပြီးမနာလိုဖြစ်တတ်သူတွေရှိတယ်။

အပေါင်းအသင်းများတိုင်းမိတ်ဆွေစစ်လို့မထင်လိုက်နဲ့ အဆင်ပြေစဉ် ကူချင်သူများပေမယ့်၊ ဒုက္ခကြုံချိန် ထူ မ မယ့်သူရှားသွားနိုင်တယ်။

လူကောင်းတစ်ယောက်ဖြစ်ရုံနဲ့ရိုးသားတယ်လို့ စိတ်မချလိုက်နဲ့ စစ်မှန်တဲ့ရိုးသားမှုဆိုတာ အခွင့်ကောင်းတွေက စမ်းသပ်လိုက်မှပေါ်လာတတ်တယ်။

ပညာတတ်တိုင်း ပညာရှိတယ် မထင်လိုက်နဲ့ မှားမှန်ခွဲခြား ဝေဖန်ပိုင်းဖြတ်နိုင်စွမ်းအားနည်းလို့ဘွဲ့ရပြီးပညာတတ်မဆန် သူတွေရှိတယ်။

သတိထားပါသစ်ပင် ကောက်တာ မြင်ရပေမယ့် …လူ ကောက်တာကိုမမြင်နိုင်ဘူး မြစ်တွေ ၊ ချောင်းတွေထက် လူတွေက ပိုကွေ့ကောက်တတ်တယ် ဆိုတာ မမေ့ပါနဲ့ ။

အပေါ်ယံ ချိုမြိန်မှုတွေကကြာကြာဝါးမှခါးမှန်းသိလာသလိုလူတစ်ယောက်ရဲ့စိတ်ဓာတ် ၊လူတစ်ယောက်ရဲ့ စိတ်ရင်း အမှန်ကိုကြာကြာပေါင်းကြည့်မှသာ…အကြောင်းသိ လာပါလိမ့်မယ်။

Credit