Beauty

မ်က္ႏွာသာမက လက္ေခ်ာင္းေျခေခ်ာင္း အသားအေရညီညာၿပီးျဖဴဝင္းေစဖို႔ သဘာဝနည္းလမ္း…

မ်က္ႏွာသာမက လက္ေခ်ာင္းေျခေခ်ာင္း အသားအေရညီညာၿပီးျဖဴဝင္းေစဖို႔ သဘာဝနည္းလမ္း…

ေနဒဏ္ ေလဒဏ္ေတြေၾကာင့္ အသားအေရာင္ မညီမွ်မႈေတြကို ျဖစ္ေစတတ္သလို ေဟာ္မုန္းမညီမွ်မႈေတြေၾကာင့္လည္း အသားအေရာင္ မညီမွ်ျခင္းကို ျဖစ္ေပၚေစပါတယ္။

မ်က္ႏွာမွာသာမက လက္ေခ်ာင္း ေျခေခ်ာင္းေတြမွာပါ အသားအေရာင္ မညီမွ်မႈေတြေၾကာင့္ စိတ္ညစ္ေနတယ္ဆိုရင္ေတာ့ ဒီနည္းလမ္းေလးကို စမ္းၾကည့္လိုက္ေတာ့ေနာ္။

ဓာတုပစၥည္းေတြမသုံးခ်င္တဲ့ သူေတြအတြက္ သဘာဝနည္းနဲ႔ အသားအေရာင္ မညီမွ်ျခင္းကို ကုသႏိုင္ဖို႔အတြက္ နည္းလမ္းေကာင္းေလးကို မွ်ေဝလိုက္ပါတယ္ေနာ္။

လိုအပ္တဲ့ ပစၥည္းေတြကေတာ့ ေျပာင္းဖူးေကာ္မႈန႔္ (Cornflour) စားပြဲတင္ဇြန္း ၂ ဇြန္း၊ လိေမၼာ္ရည္ လက္ဖက္ရည္ဇြန္း ၃ ဇြန္း၊ ပ်ားရည္ လက္ဖက္ရည္ဇြန္း ၂ ဇြန္း၊ သံပုယိုသီး တစ္ျခမ္း (သို႔) သံပုရာသီး တစ္ျခမ္း တို႔ပဲ ျဖစ္ပါတယ္။

တကယ္လို႔ လက္ေခ်ာင္း ေျခေခ်ာင္းေတြအတြက္ဆိုရင္ေတာ့ ပါဝင္ပစၥည္းေတြရဲ႕ ၂ ဆ ျပဳလုပ္ေပးဖို႔ လိုပါတယ္။

လက္ေခ်ာင္း ေျခေခ်ာင္းေတြအတြက္ဆိုရင္ေတာ့ ေျပာင္းဖူးေကာ္မႈန႔္ စားပြဲတင္ဇြန္း ၄ ဇြန္း၊ လိေမၼာ္ရဥ္ လက္ဖက္ရည္ဇြန္း ၆ ဇြန္း၊ ပ်ားရည္ လက္ဖက္ရည္ဇြန္း ၂ ဇြန္း ၊ သံပုယိုသီး သို႔မဟုတ္ သံပုရာသီး တစ္လုံး စသည္တို႔ လိုအပ္ပါတယ္။

ျပဳလုပ္နည္းကေတာ့ ပါဝင္ပစၥည္းအားလုံးကိုေရာၿပီး ေသခ်ာေမႊလိုက္ပါ။ ရလာတဲ့ အႏွစ္က အရမ္းအေရႀကဲေနရင္ ေျပာင္းဖူးေကာ္မႈန႔္ နည္းနည္းထပ္ထည့္ပါ။ ပ်စ္ပ်စ္ေလး ျဖစ္ေအာင္ေဖ်ာ္ရမွာျဖစ္ပါတယ္။

ၿပီးရင္ေတာ့ Make-up Brush အသန႔္တစ္ခုႏွစ္ၿပီး မ်က္ႏွာ နဲ႔ လက္ေခ်ာင္းေျခေခ်ာင္းေလးေတြကို လိမ္းေပးပါ။ ၂ မိနစ္ေလာက္ထားပါ။ ၿပီးရင္ က်န္တဲ့ အႏွစ္ေတြကို ကုန္ေအာင္ထပ္လိမ္းၿပီး မိနစ္ ၂၀ ေလာက္ထားပါ။

အဲဒီေနာက္ ဝါဂြမ္းစကို ေရေအးထဲ နစ္ၿပီး ေစာေစာကလိမ္းထားတဲ့အႏွစ္ေတြကို သုတ္ေပးပါ။ ၿပီးရင္ေရေအးနဲ႔ ေဆးခ်ပါ။ ၃ ရက္ကို ၁ ႀကိမ္လုပ္ပါ။ တစ္လတိတိလုပ္ေပးပါ။ အသားအေရာင္ညီညာလွပလာတာကို ေတြ႕ရပါမယ္။

Credit

Unicode Version

မျက်နှာသာမက လက်ချောင်းခြေချောင်း အသားအရေညီညာပြီးဖြူဝင်းစေဖို့ သဘာဝနည်းလမ်း…

နေဒဏ် လေဒဏ်တွေကြောင့် အသားအရောင် မညီမျှမှုတွေကို ဖြစ်စေတတ်သလို ဟော်မုန်းမညီမျှမှုတွေကြောင့်လည်း အသားအရောင် မညီမျှခြင်းကို ဖြစ်ပေါ်စေပါတယ်။

မျက်နှာမှာသာမက လက်ချောင်း ခြေချောင်းတွေမှာပါ အသားအရောင် မညီမျှမှုတွေကြောင့် စိတ်ညစ်နေတယ်ဆိုရင်တော့ ဒီနည်းလမ်းလေးကို စမ်းကြည့်လိုက်တော့နော်။

ဓာတုပစ္စည်းတွေမသုံးချင်တဲ့ သူတွေအတွက် သဘာဝနည်းနဲ့ အသားအရောင် မညီမျှခြင်းကို ကုသနိုင်ဖို့အတွက် နည်းလမ်းကောင်းလေးကို မျှဝေလိုက်ပါတယ်နော်။

လိုအပ်တဲ့ ပစ္စည်းတွေကတော့ ပြောင်းဖူးကော်မှုန့် (Cornflour) စားပွဲတင်ဇွန်း ၂ ဇွန်း၊ လိမ္မော်ရည် လက်ဖက်ရည်ဇွန်း ၃ ဇွန်း၊ ပျားရည် လက်ဖက်ရည်ဇွန်း ၂ ဇွန်း၊ သံပုယိုသီး တစ်ခြမ်း (သို့) သံပုရာသီး တစ်ခြမ်း တို့ပဲ ဖြစ်ပါတယ်။

တကယ်လို့ လက်ချောင်း ခြေချောင်းတွေအတွက်ဆိုရင်တော့ ပါဝင်ပစ္စည်းတွေရဲ့ ၂ ဆ ပြုလုပ်ပေးဖို့ လိုပါတယ်။

လက်ချောင်း ခြေချောင်းတွေအတွက်ဆိုရင်တော့ ပြောင်းဖူးကော်မှုန့် စားပွဲတင်ဇွန်း ၄ ဇွန်း၊ လိမ္မော်ရဉ် လက်ဖက်ရည်ဇွန်း ၆ ဇွန်း၊ ပျားရည် လက်ဖက်ရည်ဇွန်း ၂ ဇွန်း ၊ သံပုယိုသီး သို့မဟုတ် သံပုရာသီး တစ်လုံး စသည်တို့ လိုအပ်ပါတယ်။

ပြုလုပ်နည်းကတော့ ပါဝင်ပစ္စည်းအားလုံးကိုရောပြီး သေချာမွှေလိုက်ပါ။ ရလာတဲ့ အနှစ်က အရမ်းအရေကြဲနေရင် ပြောင်းဖူးကော်မှုန့် နည်းနည်းထပ်ထည့်ပါ။ ပျစ်ပျစ်လေး ဖြစ်အောင်ဖျော်ရမှာဖြစ်ပါတယ်။

ပြီးရင်တော့ Make-up Brush အသန့်တစ်ခုနှစ်ပြီး မျက်နှာ နဲ့ လက်ချောင်းခြေချောင်းလေးတွေကို လိမ်းပေးပါ။ ၂ မိနစ်လောက်ထားပါ။ ပြီးရင် ကျန်တဲ့ အနှစ်တွေကို ကုန်အောင်ထပ်လိမ်းပြီး မိနစ် ၂၀ လောက်ထားပါ။

အဲဒီနောက် ဝါဂွမ်းစကို ရေအေးထဲ နစ်ပြီး စောစောကလိမ်းထားတဲ့အနှစ်တွေကို သုတ်ပေးပါ။ ပြီးရင်ရေအေးနဲ့ ဆေးချပါ။ ၃ ရက်ကို ၁ ကြိမ်လုပ်ပါ။ တစ်လတိတိလုပ်ပေးပါ။ အသားအရောင်ညီညာလှပလာတာကို တွေ့ရပါမယ်။

Credit