Healthy

ယားယံၿပီးေဗာက္ထေနတဲ့ ဦးေရျပားျပႆနာကိုေျဖ႐ွင္းေပးႏိုင္မယ့္ အလြယ္ကူဆုံးနည္းလမ္း…

ယားယံၿပီးေဗာက္ထေနတဲ့ ဦးေရျပားျပႆနာကိုေျဖ႐ွင္းေပးႏိုင္မယ့္ အလြယ္ကူဆုံးနည္းလမ္း…

ဦးေရျပားက ယားယံၿပီးေဗာက္ထလို႔ စိတ္ညစ္ေနပါသလား?

ေဗာက္ေပ်ာက္တဲ့ေခါင္းေလွ်ာ္ရည္ေတြ၊တစ္ျခားနည္းလမ္းေတြလည္းလုပ္ၾကည့္ၿပီး ဘာမွမထူးဘူးဆိုရင္ေတာ့ စာဖတ္သူေတြအတြက္ လြယ္ကူတဲ့အိမ္တြင္းနည္းလမ္းေလးတစ္ခုကိုမွ်ေဝေပးခ်င္ပါတယ္။

ဦးေရျပားေဗာက္ထၿပီး ယားယံေနတဲ့ ျပႆနာကို ေျဖ႐ွင္းေပးႏိုင္တဲ့ နည္းလမ္းကေတာ့ ဂ်င္းေဖ်ာ္ရည္ပဲျဖစ္ပါတယ္။

ဂ်င္းနဲ႔ဆံေကသာကိုေပါင္းတင္ေပးတာက ဦးေရျပားကိုက်န္းမာေစၿပီးယားယံတာေတြကိုသက္သာေစပါတယ္။

ေဗာက္ေတြကိုလည္း ႐ွင္းၿပီးသားျဖစ္ေစပါတယ္။ဆံပင္အကြၽတ္မ်ားေနတာကိုလည္း ကာကြယ္ေပးႏိုင္ပါတယ္။

ဒီေတာ့ ဂ်င္းကို ဘယ္လိုသုံးရမလဲ

– လတ္ဆတ္တဲ့ဂ်င္းတုံးတစ္တုံးကိုယူၿပီး ပါးပါးလွီးလိုက္ပါ။

– လွီးၿပီးသား ဂ်င္းေတြကို ေရအနည္းငယ္မွာထည့္စိမ္ပါ။ၿပီးရင္ အပူခ်ိန္နည္းနည္းနဲ႔ ဆူေအာင္အေရာင္ေျပာင္းလာတဲ့အခါ မီးပိတ္လို႔ရပါၿပီ။

– ၿပီးရင္ အဖတ္ေတြမပါေအာင္ေသခ်ာေရစစ္ၿပီး ေရေတြကို အေအးခံထားပါ။

– အေအးခံၿပီးရင္ေတာ့ရလာတဲ့အရည္ကို စပေရးျဖန္းတဲ့ဘူးနဲ႔ ျဖည္းျဖည္းခ်င္း ဦးေရျပားစိုစြတ္ေအာင္ ျဖန္းေပးတာျဖစ္ေစ၊ ေလာင္းခ်တာျဖစ္ေစ လုပ္ေပးပါ။

နာရီဝက္ေလာက္ထားၿပီးရင္ေတာ့ ေခါင္းေလွ်ာ္ရည္အေပ်ာ့စားေလးနဲ႔ေလွ်ာ္ေပးလို႔ရပါၿပီ။

ဒီနည္းေလးကိုတစ္ပတ္ကိုတစ္ခါ လုပ္ေပးမယ္ဆိုရင္ ဦးေရျပားယားယံတာေတြ သက္သာၿပီး ေဗာက္ေတြလည္း ကင္း႐ွင္းသြားမွာ ျဖစ္ပါတယ္။

ပိုၿပီးထိေရာက္ခ်င္တယ္ဆိုရင္ ေခါင္းေလွ်ာ္ၿပီးတဲ့အခါမွာလည္း ပုံမွန္ဆီလိမ္းေပးတာမ်ိဳး၊ ဦးေရျပားကို ႏွိပ္နယ္ေပးတာမ်ိဳး လုပ္ေပးသင့္ပါတယ္။ လြယ္ကူၿပီး အက်ိဳး႐ွိတဲ့နည္းေလးျဖစ္လို႔ စမ္းၾကည့္ဖို႔ မေမ့နဲ႔ေနာ္။

Credit

Unicode Version

ယားယံပြီးဗောက်ထနေတဲ့ ဦးရေပြားပြဿနာကိုဖြေရှင်းပေးနိုင်မယ့် အလွယ်ကူဆုံးနည်းလမ်း…

ဦးရေပြားက ယားယံပြီးဗောက်ထလို့ စိတ်ညစ်နေပါသလား?

ဗောက်ပျောက်တဲ့ခေါင်းလျှော်ရည်တွေ၊တစ်ခြားနည်းလမ်းတွေလည်းလုပ်ကြည့်ပြီး ဘာမှမထူးဘူးဆိုရင်တော့ စာဖတ်သူတွေအတွက် လွယ်ကူတဲ့အိမ်တွင်းနည်းလမ်းလေးတစ်ခုကိုမျှဝေပေးချင်ပါတယ်။

ဦးရေပြားဗောက်ထပြီး ယားယံနေတဲ့ ပြဿနာကို ဖြေရှင်းပေးနိုင်တဲ့ နည်းလမ်းကတော့ ဂျင်းဖျော်ရည်ပဲဖြစ်ပါတယ်။

ဂျင်းနဲ့ဆံကေသာကိုပေါင်းတင်ပေးတာက ဦးရေပြားကိုကျန်းမာစေပြီးယားယံတာတွေကိုသက်သာစေပါတယ်။

ဗောက်တွေကိုလည်း ရှင်းပြီးသားဖြစ်စေပါတယ်။ဆံပင်အကျွတ်များနေတာကိုလည်း ကာကွယ်ပေးနိုင်ပါတယ်။

ဒီတော့ ဂျင်းကို ဘယ်လိုသုံးရမလဲ

– လတ်ဆတ်တဲ့ဂျင်းတုံးတစ်တုံးကိုယူပြီး ပါးပါးလှီးလိုက်ပါ။

– လှီးပြီးသား ဂျင်းတွေကို ရေအနည်းငယ်မှာထည့်စိမ်ပါ။ပြီးရင် အပူချိန်နည်းနည်းနဲ့ ဆူအောင်အရောင်ပြောင်းလာတဲ့အခါ မီးပိတ်လို့ရပါပြီ။

– ပြီးရင် အဖတ်တွေမပါအောင်သေချာရေစစ်ပြီး ရေတွေကို အအေးခံထားပါ။

– အအေးခံပြီးရင်တော့ရလာတဲ့အရည်ကို စပရေးဖြန်းတဲ့ဘူးနဲ့ ဖြည်းဖြည်းချင်း ဦးရေပြားစိုစွတ်အောင် ဖြန်းပေးတာဖြစ်စေ၊ လောင်းချတာဖြစ်စေ လုပ်ပေးပါ။

နာရီဝက်လောက်ထားပြီးရင်တော့ ခေါင်းလျှော်ရည်အပျော့စားလေးနဲ့လျှော်ပေးလို့ရပါပြီ။

ဒီနည်းလေးကိုတစ်ပတ်ကိုတစ်ခါ လုပ်ပေးမယ်ဆိုရင် ဦးရေပြားယားယံတာတွေ သက်သာပြီး ဗောက်တွေလည်း ကင်းရှင်းသွားမှာ ဖြစ်ပါတယ်။

ပိုပြီးထိရောက်ချင်တယ်ဆိုရင် ခေါင်းလျှော်ပြီးတဲ့အခါမှာလည်း ပုံမှန်ဆီလိမ်းပေးတာမျိုး၊ ဦးရေပြားကို နှိပ်နယ်ပေးတာမျိုး လုပ်ပေးသင့်ပါတယ်။ လွယ်ကူပြီး အကျိုးရှိတဲ့နည်းလေးဖြစ်လို့ စမ်းကြည့်ဖို့ မမေ့နဲ့နော်။

Credit