လည္ပင္းမည္းတာ သက္သာေစမယ့္ အိမ္တြင္း အလြယ္နည္းလမ္း(၄)မ်ိဳး…
မ်က္ႏွာေလးပဲ ကြက္ျဖဴေနလို႔ မ ျဖစ္ဘူးေနာ္ …။
မိန္းကေလးအမ်ားစုအေနနဲ႔ အသားအရည္ထိန္းသိမ္းတဲ့ နည္းလမ္းမ်ိဳးစုံကို ေန႔စဥ္နဲ႔အမၽွ ျပဳလုပ္ၾကတဲ့အခါမွာ မ်က္ႏွာအေရျပားကိုသာ အဓိကဦးစားေပးျဖစ္ေပမယ့္ လည္ပင္းတစ္ဝိုက္အသားအေရကိုေတာ့ ဂ႐ုစိုက္ဖို႔ ေမ့ေလ်ာ့ေနတတ္ၾကပါတယ္။
ဒါေၾကာင့္လည္း တခ်ိဳ႕ မိတ္ကပ္လိမ္းတဲ့အခါမွာ ဘယ္လိုပဲလည္ပင္းကို လိမ္းလိမ္း လည္ပင္းနဲ႔မ်က္ႏွာ အေရာင္ကြာေနတာမ်ိဳး၊ လိမ္းလို႔မေကာင္းတာမ်ိဳးနဲ႔ အသားမညီတဲ့ျပသနာေတြကို ခဏခဏရင္ဆိုင္ၾကဳံေတြ႕ရတတ္ပါတယ္။
တခ်ိဳ႕ဆို မ်က္ႏွာပဲမိတ္ကပ္ေဖြးေနေအာင္လိမ္းၿပီး လည္ပင္းကိုလုံးဝထည့္မစဥ္းစားၾကတာေတာင္ ျမင္ေတြ႕ဖူးၾကမွာပါ။
ဒါေၾကာင့္လည္း ကိုယ့္မ်က္ႏွာနဲ႔ ကိုယ့္လည္ပင္းက ရန္ျဖစ္ၿပီး မေခၚၾကသူေတြလို ဆန႔္က်င္ဘက္ေတြျဖစ္ေနၿပီး ေဘးလူေတြအျမင္မွာ ၾကည့္ရတာလည္း ဘယ္လိုမွအဆင္ေျပေစမွာမဟုတ္ပါဘူး။
ဒါေၾကာင့္ ကိုယ့္မ်က္ႏွာနဲ႔လည္ပင္းက ခႏၶာကိုယ္တစ္ခုတည္းမွာရွိၿပီး ႏွစ္ထပ္ေက်ာက္ေက်ာတုံးေလးလို အလႊာျခားေနတဲ့ျပသနာကေန ကင္းေဝးခ်င္ပါတယ္ ဆိုသူေတြအတြက္
လည္ပင္းအသားအရည္ကို အရင္ကထက္ပိုၿပီးဝင္းမြတ္လွပလာေစမယ့္ အိမ္တြင္းနည္းလမ္းေကာင္းေလးတခ်ိဳ႕ကို ရွာရွာေဖြေဖြစုစုည္းေဝမၽွေပးလိုက္ပါရေစ။
(1) Apple Cider Vinegar
ဆိုင္အေတာ္မ်ားမ်ားမွာ အလြယ္တကူ ဝယ္နိုင္ေနၿပီျဖစ္တဲ့ Apple Cider Vinegar က အေရျပားရဲ့ pH level ကိုထိန္းညႇိေပးၿပီး ဆဲလ္ေသေတြကို ဖယ္ရွားေပးတာေၾကာင့္
အေရျပားကို သဘာဝက်က်ဝင္းမြတ္ေတာက္ပေစတဲ့အစြမ္းအာနိသင္ကို ပိုင္ဆိုင္ထားပါတယ္။
ေနာက္ၿပီး Apple Cider Vinegar ကိုအသုံးျပဳရမယ့္နည္းလမ္းကလည္း လြယ္လြယ္ေလးပါ။
အဲဒီပန္းသီးဗီနီကာ စားပြဲတင္ဇြန္း(၂)ဇြန္းကို ေရ(၄)ဇြန္းနဲ႔ေရာၿပီး ဂြမ္းေလးနဲ႔ယူ၊ ညိဳမည္းတဲ့လည္ပင္းအေရျပားတစ္ဝိုက္ ခပ္ဖြဖြေလးသုတ္လိမ္းေပး႐ုံပါပဲ။
ဆယ္မိနစ္ေလာက္ထားၿပီးရင္ေတာ့ ေရျပန္ေဆးခ်ရပါမယ္။ ၿပီးရင္ အသားေျခာက္တာမ်ိဳးမျဖစ္ေအာင္ ကိုယ္သုံးေနက် Moisturizer ကို အေပၚကခပ္ပါးပါးလူးထားေပးပါ။
ဒါကို ေန႔တိုင္းပုံမွန္လုပ္ေပးမယ္ဆို ညီညာဝင္းမြတ္တဲ့အသားအရည္ကို အခ်ိန္အနည္းငယ္အတြင္း ရရွိလာနိုင္မွာပါ။
(2) Baking Soda
Baking Soda ကလည္း အေရျပားေပၚက ဖုန္အညစ္အေၾကးနဲ႔ ဆဲလ္ေသေတြကို ဖယ္ရွားေပးတဲ့ေနရာမွာ ေတာ္ေတာ္ေလးကို ထိေရာက္တဲ့ အရာတစ္ခုျဖစ္ပါတယ္။
Baking Soda စားပြဲတင္ဇြန္း ၂ဇြန္း-၃ဇြန္းေလာက္ကို ေရအေနေတာ္နဲ႔ ခပ္ပ်စ္ပ်စ္ေဖ်ာ္ၿပီး ညိဳမည္းေနတဲ့လည္ပင္းတစ္ဝိုက္လိမ္းက်ံရပါမယ္။
ေျခာက္ေသြ႕တဲ့အထိထားၿပီးရင္ေတာ့ ေရစိုေနတဲ့လက္တဲ့ ျဖည္းျဖည္းခ်င္းခြာခ်ၿပီး ေရေအးေအးနဲ႔ျပန္ေဆးေပးလိုက္႐ုံပါပဲ။ ဒီအခ်က္ေတြလုပ္ၿပီးတိုင္း Moisturizer တစ္ခုခု လိမ္းေပးဖို႔ေတာ့မေမ့ပါနဲ႔။
ဒီနည္းလမ္းကို ကိုယ္ႏွစ္သက္တဲ့ result မရမခ်င္း ေန႔တိုင္း ၊ဒါမွမဟုတ္ တစ္ရက္ျခားၿပီး လုပ္ေပးနိုင္ပါတယ္။
(3) အာလူး
အာလူးမွာ ဘယ္သူမွသတိမထားမိတဲ့ အေရာင္ခၽြတ္ဓာတ္အာနိသင္ကို ပိုင္ဆိုင္ထားပါတယ္။
ဒါေၾကာင့္ မီးဖိုေခ်ာင္ထဲက အာလူးကိုအသုံးျပဳၿပီးေတာ့လည္း ကိုယ့္ရဲ႕ အေရျပားမညီညာမႈျပသနာကို ေကာင္းေကာင္းေျဖရွင္းနိုင္ပါလိမ့္မယ္။
အာလူးကိုအေနေတာ္အတုံးေလးျဖတ္ ၊အရည္ရေအာင္ႀကိတ္ၿပီး အဲဒီထြက္လာတဲ့အရည္နဲ႔ လည္ပင္းကို လူးေပး႐ုံပါပဲ ။
ေျခာက္တဲ့အထိထားၿပီးရင္ ေရခပ္ေႏြးေႏြးနဲ႔ေဆးခ်ေပးရပါမယ္။
ဒီနည္းလမ္းကိုေတာ့ တစ္ေန႔ႏွစ္ႀကိမ္နဲ႔ ကိုယ္လိုခ်င္တဲ့အေနအထားမရမခ်င္း ေန႔စဥ္ျပဳလုပ္နိုင္ပါတယ္။
(4) ဒိန္ခ်ဥ္နဲ႔ေရွာက္သီး
ဒိန္ခ်ဥ္ကို ေရွာက္သီးမွာပါတဲ့ အက္ဆစ္ဓာတ္နဲ႔တြဲဖက္သမလိုက္တဲ့အခါမွာ ညီညာလွပတဲ့ အေရျပားကိုပိုင္ဆိုင္ေစဖို႔ အေထာက္အကူျပဳမယ့္ အေကာင္းဆုံး ဓာတ္ပစၥည္းတစ္ခုျဖစ္သြားတဲ့အျပင္
အေရျပားရဲ့အာဟာရဓာတ္ကိုျဖည့္တင္းေပးၿပီး ေခ်ာေမြ႕တဲ့အသားအရည္ကိုလည္းရရွိေစဦးမွာပါ။
နည္းလမ္းကေတာ့ ေရွာက္ရည္စားပြဲတင္ဇြန္းတစ္ဇြန္းကို ဒိန္ခ်ဥ္စားပြဲတင္ဇြန္းႏွစ္ဇြန္းနဲ႔ေရာၿပီး လည္ပင္းတစ္ဝိုက္သုတ္လိမ္း ၊ မိနစ္ႏွစ္ဆယ္နီးပါးထားၿပီး ေရေဆးခ်လိုက္႐ုံပါပဲ။
တစ္ခုမွာခ်င္တာကေတာ့ ဒီနည္းလမ္းေတြအားလုံးကို မလုပ္ခင္မွာ ကိုယ့္အေရျပားနဲ႔ဓာတ္တည့္မတည့္သိေအာင္ လက္ခုံေပၚမွာ အနည္းငယ္အရင္စမ္းသပ္ၾကည့္ဖို႔ပါ။
ဒါတင္မက ဘယ္နည္းလမ္းကိုပဲလုပ္ၿပီးၿပီး ကိုယ္သုံးေနက် moisturizer ကို မေမ့မေလ်ာ့ပဲ လူးေပးဖို႔ပါပဲ။
အခ်ိန္တိုအတြင္း အေရာင္ညီညာၿပီး ေခ်ာေမြ႕တဲ့လည္ပင္းအေရျပားအလွကို ပိုင္ဆိုင္နိုင္ၾကပါေစ။
Photo Credit to the Rightful Owners
===========
UNICODE VERSION
လည်ပင်းမည်းတာ သက်သာစေမယ့် အိမ်တွင်း အလွယ်နည်းလမ်း(၄)မျိုး…
မျက်နှာလေးပဲ ကွက်ဖြူနေလို့ မ ဖြစ်ဘူးနော် …။
မိန်းကလေးအများစုအနေနဲ့ အသားအရည်ထိန်းသိမ်းတဲ့ နည်းလမ်းမျိုးစုံကို နေ့စဉ်နဲ့အမျှ ပြုလုပ်ကြတဲ့အခါမှာ မျက်နှာအရေပြားကိုသာ အဓိကဦးစားပေးဖြစ်ပေမယ့် လည်ပင်းတစ်ဝိုက်အသားအရေကိုတော့ ဂရုစိုက်ဖို့ မေ့လျော့နေတတ်ကြပါတယ်။
ဒါကြောင့်လည်း တချို့ မိတ်ကပ်လိမ်းတဲ့အခါမှာ ဘယ်လိုပဲလည်ပင်းကို လိမ်းလိမ်း လည်ပင်းနဲ့မျက်နှာ အရောင်ကွာနေတာမျိုး၊ လိမ်းလို့မကောင်းတာမျိုးနဲ့ အသားမညီတဲ့ပြသနာတွေကို ခဏခဏရင်ဆိုင်ကြုံတွေ့ရတတ်ပါတယ်။
တချို့ဆို မျက်နှာပဲမိတ်ကပ်ဖွေးနေအောင်လိမ်းပြီး လည်ပင်းကိုလုံးဝထည့်မစဉ်းစားကြတာတောင် မြင်တွေ့ဖူးကြမှာပါ။
ဒါကြောင့်လည်း ကိုယ့်မျက်နှာနဲ့ ကိုယ့်လည်ပင်းက ရန်ဖြစ်ပြီး မခေါ်ကြသူတွေလို ဆန့်ကျင်ဘက်တွေဖြစ်နေပြီး ဘေးလူတွေအမြင်မှာ ကြည့်ရတာလည်း ဘယ်လိုမှအဆင်ပြေစေမှာမဟုတ်ပါဘူး။
ဒါကြောင့် ကိုယ့်မျက်နှာနဲ့လည်ပင်းက ခန္ဓာကိုယ်တစ်ခုတည်းမှာရှိပြီး နှစ်ထပ်ကျောက်ကျောတုံးလေးလို အလွှာခြားနေတဲ့ပြသနာကနေ ကင်းဝေးချင်ပါတယ် ဆိုသူတွေအတွက်
လည်ပင်းအသားအရည်ကို အရင်ကထက်ပိုပြီးဝင်းမွတ်လှပလာစေမယ့် အိမ်တွင်းနည်းလမ်းကောင်းလေးတချို့ကို ရှာရှာဖွေဖွေစုစုည်းဝေမျှပေးလိုက်ပါရစေ။
(1) Apple Cider Vinegar
ဆိုင်အတော်များများမှာ အလွယ်တကူ ဝယ်နိုင်နေပြီဖြစ်တဲ့ Apple Cider Vinegar က အရေပြားရဲ့ pH level ကိုထိန်းညှိပေးပြီး ဆဲလ်သေတွေကို ဖယ်ရှားပေးတာကြောင့်
အရေပြားကို သဘာဝကျကျဝင်းမွတ်တောက်ပစေတဲ့အစွမ်းအာနိသင်ကို ပိုင်ဆိုင်ထားပါတယ်။
နောက်ပြီး Apple Cider Vinegar ကိုအသုံးပြုရမယ့်နည်းလမ်းကလည်း လွယ်လွယ်လေးပါ။
အဲဒီပန်းသီးဗီနီကာ စားပွဲတင်ဇွန်း(၂)ဇွန်းကို ရေ(၄)ဇွန်းနဲ့ရောပြီး ဂွမ်းလေးနဲ့ယူ၊ ညိုမည်းတဲ့လည်ပင်းအရေပြားတစ်ဝိုက် ခပ်ဖွဖွလေးသုတ်လိမ်းပေးရုံပါပဲ။
ဆယ်မိနစ်လောက်ထားပြီးရင်တော့ ရေပြန်ဆေးချရပါမယ်။ ပြီးရင် အသားခြောက်တာမျိုးမဖြစ်အောင် ကိုယ်သုံးနေကျ Moisturizer ကို အပေါ်ကခပ်ပါးပါးလူးထားပေးပါ။
ဒါကို နေ့တိုင်းပုံမှန်လုပ်ပေးမယ်ဆို ညီညာဝင်းမွတ်တဲ့အသားအရည်ကို အချိန်အနည်းငယ်အတွင်း ရရှိလာနိုင်မှာပါ။
(2) Baking Soda
Baking Soda ကလည်း အရေပြားပေါ်က ဖုန်အညစ်အကြေးနဲ့ ဆဲလ်သေတွေကို ဖယ်ရှားပေးတဲ့နေရာမှာ တော်တော်လေးကို ထိရောက်တဲ့ အရာတစ်ခုဖြစ်ပါတယ်။
Baking Soda စားပွဲတင်ဇွန်း ၂ဇွန်း-၃ဇွန်းလောက်ကို ရေအနေတော်နဲ့ ခပ်ပျစ်ပျစ်ဖျော်ပြီး ညိုမည်းနေတဲ့လည်ပင်းတစ်ဝိုက်လိမ်းကျံရပါမယ်။
ခြောက်သွေ့တဲ့အထိထားပြီးရင်တော့ ရေစိုနေတဲ့လက်တဲ့ ဖြည်းဖြည်းချင်းခွာချပြီး ရေအေးအေးနဲ့ပြန်ဆေးပေးလိုက်ရုံပါပဲ။ ဒီအချက်တွေလုပ်ပြီးတိုင်း Moisturizer တစ်ခုခု လိမ်းပေးဖို့တော့မမေ့ပါနဲ့။
ဒီနည်းလမ်းကို ကိုယ်နှစ်သက်တဲ့ result မရမချင်း နေ့တိုင်း ၊ဒါမှမဟုတ် တစ်ရက်ခြားပြီး လုပ်ပေးနိုင်ပါတယ်။
(3) အာလူး
အာလူးမှာ ဘယ်သူမှသတိမထားမိတဲ့ အရောင်ချွတ်ဓာတ်အာနိသင်ကို ပိုင်ဆိုင်ထားပါတယ်။
ဒါကြောင့် မီးဖိုချောင်ထဲက အာလူးကိုအသုံးပြုပြီးတော့လည်း ကိုယ့်ရဲ့ အရေပြားမညီညာမှုပြသနာကို ကောင်းကောင်းဖြေရှင်းနိုင်ပါလိမ့်မယ်။
အာလူးကိုအနေတော်အတုံးလေးဖြတ် ၊အရည်ရအောင်ကြိတ်ပြီး အဲဒီထွက်လာတဲ့အရည်နဲ့ လည်ပင်းကို လူးပေးရုံပါပဲ ။
ခြောက်တဲ့အထိထားပြီးရင် ရေခပ်နွေးနွေးနဲ့ဆေးချပေးရပါမယ်။
ဒီနည်းလမ်းကိုတော့ တစ်နေ့နှစ်ကြိမ်နဲ့ ကိုယ်လိုချင်တဲ့အနေအထားမရမချင်း နေ့စဉ်ပြုလုပ်နိုင်ပါတယ်။
(4) ဒိန်ချဉ်နဲ့ရှောက်သီး
ဒိန်ချဉ်ကို ရှောက်သီးမှာပါတဲ့ အက်ဆစ်ဓာတ်နဲ့တွဲဖက်သမလိုက်တဲ့အခါမှာ ညီညာလှပတဲ့ အရေပြားကိုပိုင်ဆိုင်စေဖို့ အထောက်အကူပြုမယ့် အကောင်းဆုံး ဓာတ်ပစ္စည်းတစ်ခုဖြစ်သွားတဲ့အပြင်
အရေပြားရဲ့အာဟာရဓာတ်ကိုဖြည့်တင်းပေးပြီး ချောမွေ့တဲ့အသားအရည်ကိုလည်းရရှိစေဦးမှာပါ။
နည်းလမ်းကတော့ ရှောက်ရည်စားပွဲတင်ဇွန်းတစ်ဇွန်းကို ဒိန်ချဉ်စားပွဲတင်ဇွန်းနှစ်ဇွန်းနဲ့ရောပြီး လည်ပင်းတစ်ဝိုက်သုတ်လိမ်း ၊ မိနစ်နှစ်ဆယ်နီးပါးထားပြီး ရေဆေးချလိုက်ရုံပါပဲ။
တစ်ခုမှာချင်တာကတော့ ဒီနည်းလမ်းတွေအားလုံးကို မလုပ်ခင်မှာ ကိုယ့်အရေပြားနဲ့ဓာတ်တည့်မတည့်သိအောင် လက်ခုံပေါ်မှာ အနည်းငယ်အရင်စမ်းသပ်ကြည့်ဖို့ပါ။
ဒါတင်မက ဘယ်နည်းလမ်းကိုပဲလုပ်ပြီးပြီး ကိုယ်သုံးနေကျ moisturizer ကို မမေ့မလျော့ပဲ လူးပေးဖို့ပါပဲ။
အချိန်တိုအတွင်း အရောင်ညီညာပြီး ချောမွေ့တဲ့လည်ပင်းအရေပြားအလှကို ပိုင်ဆိုင်နိုင်ကြပါစေ။
Photo Credit to the Rightful Owners
===========