Beauty














Credit

Unicode Version

တပတ်နှစ်ခါပုံမှန်လုပ်ရုံ နဲ့ မျက်နှာညက်ညက်လေးဖြစ်ပြီး ဝက်ခြံကင်းလာစေမယ့်နည်းလမ်း…

ငွေကုန်သက်သာပြီး အိမ်မှာအလွယ်တကူ ပြုလုပ်နိုင်ပါတယ်

တပတ်နှစ်ခါပုံမှန်လုပ် မျက်နှာညက်ညက်လေးဖြစ်ပြီး

ဝက်ခြံပျောက်တယ် မိတ်ကပ်စွဲလာမယ် အသားလေးကမွတ်ပြီး ပန်းရောင်သန်းလာလိမ့်မယ်

Step 1- သံလွင်ဆီနဲ့တမျက်နှာလုံးရွဲနေအောင်လူးပြီး နှိပ်ထားပါ

Step 2- ဆီကြောင့်ပျော်သွားတဲ့အညစ်အကြေး မိတ်ကပ်အကြွင်းအကျန်တွေ တစ်ရှူး နဲ့ ပွတ်လိုက်ပါ မျက်နှာသစ်လိုက်ပါ

Step 3- ရေနွေးပွက်ပွက်ဆူ တစ်ဇလုံ လောက်တည်ထားပါ။

မျက်နှာသုတ်ပဝါလေး ခေါင်းပေါ်ကနေအုပ် မျက်နှာနဲ့ ဇလုံထဲက ရေနွေးငွေ့ကို ခံပါ။

ချွေးပေါက်တွေပွင့် ပြီး ချွေးပုပ်တွေမျက်နှာကနေထွက်လာပါမယ်

Step4- ပျားရည် သကြား သံပုရာ ဆတူ တမျက်နှာစာရောမွေထားပါ

မျက်နှာအနံ့လူးပါ မိနစ်နှစ်ဆယ် ထားပါ ပြီးရင် ရေဆေး ချလိုက်ပါ

မျက်နှာလေးချောမွတ်သွားတာကိုတွေ့ရပါမယ်နော် ပါးစပ်ထဲဝင်တာလည်းအရသာကောင်းပါတယ်။

Credit