Beauty






























ခရစ်တစ်

ဆန်ဆေးရေကို အလဟသ မလွှင့်ပစ်သင့်တဲ့ အကြောင်းအရင်း(၂)မျိုး…

အလှအပချစ်မြတ်နိုးတဲ့ ပျိုမေလေးတို့ရေမင်္ဂလာပါနော်။ ထမင်းချက်တိုင်းဆန်ဆေးတဲ့အခါ ရရှိလာတဲ့ဆန်ဆေးရေကို အလဟဿမလွှင့်ပစ်သင့်တဲ့ အကြောင်းအရင်း(၂)မျိုး ရှိပါတယ်။

ရေကိုချွေတာဖို့နဲ့ အလှအပအတွက် အသုံးပြုဖို့အတွက်ပဲဖြစ်ပါတယ် မျက်နှာသစ်တိုင်းဆန်ဆေးရေနဲ့ မျက်နှာသစ်ပေးမယ်ဆိုရင်အသားအရေကစိုပြေဝင်းပနေမှာ မယုံမရှိနဲ့နော်။

အဆင်သင့်ဖြစ်ပြီဆိုရင် ဆန်ဆေးရေကိုအလှအတွက် ဘယ်လိုအသုံးပြုသင့်လဲဆိုတာကို အတူတူဆက်ဖတ်ကြည့်လိုက်ရအောင်…။

မျက်နှာသစ်ဆေးအဖြစ်အသုံးပြုနိုင်ခြင်း

မျက်နှာအသားအရေလည်း နူးညံ့ပျော့ပျောင်းပြီး ကြည်လင်တောက်ပချင်တယ်ဆိုရင်တော့ ဆန်ဆေးရေအသုံးပြုပါ။

ဝါဂွမ်းစလေးပေါ်သို့ဆန်ဆေးရေ အနည်းငယ်ဆွတ်လိုက်ပြီး မျက်နှာအနှံ့ ညင်သာစွာ သုတ်လိမ်းပြီးနှိပ်နယ်ပေးရမှာပါ။

ထို့နောက်မျက်နှာသုတ်ပုဝါနဲ့မျက်နှာမသစ်ဘဲဒီအတိုင်းထားပြီး လေသလပ်ခံပေးလိုက်ပါ

နေ့တိုင်းမလုပ်ပေးနိုင်ရင်တောင် တစ်ပတ် နှစ်ကြိမ်ခန့် ပြုလုပ်ပေးရုံနဲ့တင်အသားအရေကို ဗီတာမင်နဲ့သတ္တုဓာတ်တွေ ထောက်ပံ့ပေးနိုင်ပါတယ်

တိုနာအဖြစ်အသုံးပြုနိုင်ခြင်းသုံးနေကျ တိုနာကုန်သွားလို့စိတ်မ ညစ်လိုက်ပါနဲ့ဆန်ဆေးရေကကမ္ဘာ့အကောင်းဆုံးတိုနာတစ်ခုပါပဲ

မျက်နှာသစ်ဆေးနဲ့မျက်နှာစင်စင်သစ်ပြီးတဲ့အခါ ဝါဂွမ်းစကိုဆန်ဆေးရေဆွတ်ပြီးမျက်နှာပေါ် သုတ်လိမ်းပေးလိုက်ပါ။

ဆန်ဆေးရေကအသားအရေကိုတင်းရင်းစေပြီး ချွေးပေါက်များကိုကျဉ်းစေကာအသားအရေချောမွေ့ဖို့နဲ့ တောက်ပြောင်နေဖို့ကူညီပေးပါလိမ့်မယ်။

ဝက်ခြံနှင့်အမဲစက်များကို ဖယ်ရှားပေးခြင်း

မျက်နှာပေါ်ကဝက်ခြံတွေအနီစက်တွေအမဲစက်တွေဖုတွေကြောင့်စိတ်ညစ်နေပါသလားဒါဆိုရင်တော့ ဆန်ဆေးရေနဲ့ နေ့တိုင်းမျက်နှာသစ်ပေးလိုက်ပါ။

မျက်နှာပေါ်က အနာအဆာတွေကို ဖယ်ရှားပေးတဲ့အပြင် ဝက်ခြံနဲ့တင်းတိပ်တွေထပ်မဖြစ်လာအောင်လည်းကူညီပေးပါတယ်။

နှင်းခူရောဂါအတွက်ကုသပေးခြင်းဆန်ဆေးရေရဲ့ကဆီဓာတ်ကနှင်းခူရောဂါကြောင့်အရေပြားယားယံခြင်းကိုသက်သာစေပါတယ်။

သန့်စင်တဲ့ အဝတ်စကိုဆန်ဆေးရေထဲနှစ်လိုက်ပြီးနှင်းခူဖြစ်လို့ ယားနေတဲ့နေရာကိုထိုအဝတ်စနဲ့ အသာအယာပုတ်ပေးလိုက်ပါ၂မိနစ်ခန့်ပုတ်ပြီးတာနဲ့ခြောက်သွားအောင် လေသလပ်ခံပေးလိုက်ပါ။

နေလောင်ဒဏ်များကို သက်သာစေခြင်း

နေလောင်ဒဏ်ကြောင့်အသားအရေနီမြန်းရောင်ရမ်းခြင်းကိုဆန်ဆေးရေကသက်သာအောင်စွမ်းဆောင်ပေးနိုင်ပါတယ်။

ဆန်ဆေးရေဆွတ်ထားတဲ့ ဝါဂွမ်းစလေးကို နေလောင်ဒဏ်ခံစားနေရတဲ့နေရာပေါ်မှာသုတ်လိမ်းပေးလိုက်ရုံပါပဲ။

အရေးအကြောင်းများမဖြစ်ပေါ်အောင် တားဆီးပေးခြင်

ဆန်ဆေးရေ လက်ဖက်ရည်ဇွန်းတစ်ဇွန်းကိုအုန်းဆီနှစ်စက်သုံးစက်ခန့်ဖြင့် ရောနှောထားလိုက်ပါ ထို့နောက်မျက်နှာနဲ့လည်ပင်းတစ်ဝိုက် သုတ်လိမ်းပြီးနှိပ်နယ်ပေးလိုက်ပါ။

ဒါဆိုရင်တော့မျက်နှာ အသားအရေလေးက ပါးရေတွန့်ခြင်းနဲ့အရေအကြောင်းအန္တရာယ်မှ ကင်းဝေးပြီးကလေးတစ်ယောက်ရဲ့အသားအရေ နူးညံ့နေမှာပဲဖြစ်ပါတယ်။

အုန်းဆီအစားဂျိုဂျိုးပါးအဆီကိုလည်းအသုံးပြုနိုင်ပါသေးတယ်

ဆံကေသာကျန်းမာသန်စွမ်းအောင်ကူညီပေးခြင်း

ခေါင်းလျှော်ပြီးသွားပြီ၊ Conditioner လည်း သုံးပြီးသွားပြီဆိုတာနဲ့ ဆန်ဆေးရေနဲ့ ထပ်လျှော်ပေးလိုက်ပါပြီးရင်ဦးရေပြားကို နှိပ်နယ်ပေးလိုက်ပါ။

ပြီးမှရေနဲ့နောက်တစ်ခေါက်ပြန်လျှော်လိုက်ပါဒီနည်းလမ်းလေးကဆံကေသာကျန်းမာသန်စွမ်းစေတဲ့အပြင်ဆံကေသာတောက်ပြောင်အောင်လည်း ကူညီပေးပါတယ်။

ဆန်ဆေးရေက အသားအရေအလှအပအတွက် ကောင်းကျိုးမြောက်မြားစွာပေးစွမ်းနိုင်တယ်ဆိုတာကို သိပြီဆိုတော့ဒီနေ့ကစပြီးဆန်ဆေးရေကို အလှအပအတွက် အသုံးပြုလိုက်ရအောင်။

ခရစ်တစ်