Love
Unicode Version ဖြင့်ဖတ်ရန်
မင်းကိုကောင်းကင်နဲ့ တင်စားတတ်တဲ့ ယောက်ျားမျိုးဆိုတာ….
မင်းကိုကောင်းကင်နဲ့ တင်စားတတ်တဲ့ ယောက်ျားမျိုးကိုရှာပါ။
သူဘာလုပ်လုပ် မင်းကိုအလေးထားပြီး အသိပေးတတ်တဲ့သူ ဖြစ်သလို မင်း ရှိနေတယ် ဆိုတဲ့ စိတ်နဲ့ မင်းနဲ့မသင့်လျော်မဲ့အရာတွေကို သိက္ခာ လေးနဲ့ ထိန်းတတ်လိုက်တာမျိုး ပါ။
မင်းမျက်နှာကိုအမြဲ ထောက်ပြီး မင်း ကိုဦးစားပေးတတ်တာမျိုးတွေပါ။
တစ်ခုခုဆို မင်း ကိုတမ်းတ တဲ့စိတ် နဲ့ မင်းကိုချစ်တဲ့စိတ်နဲ့ မင်း နဲ့ဝေးကွာသွားမှာ ကိုကြောက်တဲ့ စိတ်နဲ့ မင်းနားမှာပဲ ဝဲ နေတဲ့ လူမျိုးကိုရှာပါ ။
မင်း ရဲ့ စိတ်ကူးထဲက အရာတွေကို ဖမ်းယူ ပေးဖို့အမြဲကြိုးစားနေတဲ့ သူ ကိုရှာပါ ။
မင်း ကို အနည်းအကျဉ်းသော စိတ်ဝမ်းနည်းမှုတွေပေးပြီး စိတ်ချမ်းသာမှုတွေ အတော်များများပေးတတ်တဲ့ သူမျိုးကိုရှာပါ ။
မင်း နဲ့ ပြောဆိုတဲ့ အခါ မင်း ပြောချင်တာတွေကို အရင်ဆုံး ဦးစားပေးပြောပြီး သူ့ဆန္ဒ တွေနဲ့ ထပ်တူပြု နိုင်အောင်ကြိုးစားပြောတတ်သူမျိုးကိုရှာပါ ။
အရာအားလုံးမဟုတ်ရင်တောင်မှအတော်များများ ကိုမင်း အတွက်နေရာပေးတတ်တဲ့ သူမျိုးကိုပဲ ရှာပါ ။ ❤️
Credit to Orginal Uploader