ပညာပေး























Unicode Version

နေတတ်အောင် နေ ကြည့်လိုက်ပါညီမလေး…

မခေါ်ချင်လို့ တိတ်ဆိတ်နေတဲ့သူကို အတင်းမခေါ်ချင်စမ်းပါနဲ့။ ဖုန်းမဆက်ချင်လို့ တိတ်ဆိတ်နေတဲ့သူကို အတင်းဖုန်းဆက်ခိုင်းချင်မနေပါနဲ့

Online ဖြစ်လို့ စာမပို့ပဲတိတ်ဆိတ်နေတဲ့သူကို အတင်းစာတွေပို့မနေပါနဲ့။ ဂရုစိုက်မစိုက်ပဲ သွေးအေးနေတဲ့သူကို အတင်းဂရုစိုက်ခိုင်းမနေပါနဲ့

အလေးအနက်မထားပဲ သွေးအေးတဲ့သူကို အတင်းအလေးအနက် ထားခိုင်းမနေပါနဲ့။ ကိုယ့်ကအလေးအနက်ထားပြီးချစ်ခဲ့တာကို တန်ဖိုးမထားရင်တော့ အဝေးမှာချန်ထားခဲ့လိုက်။

ကိုယ်ကောင်းလျက်ကိုယ့်ပေါ်မကောင်းရင် တယုတယ ဖက်တွယ်မနေနဲ့။ ကိုယ့်ဂရုစိုက်လျက်နဲ့ကိုယ့်ပေါ်မကောင်းရင် အပင်ပန်းခံပြီး စေတနာထားမနေနဲ့

အခုလိုမျိုးသစ္စာမေတ္တာပျက်နေတဲ့ခေတ်ထဲမှာ ကိုယ့်ထက်ကောင်းတဲ့ကိုယ့်ထက်သာတဲ့ ရုတ်တရက်ကြီး ပေါ်လာခဲ့ရင် လွှတ်ပေးလိုက်။

ကိုယ့်ထက်ဂရုစိုက်မယ်အလေးထားမယ်ထင် လွှတ်ပေးလိုက်၊ ကိုယ့်ထက်သည်းခံမယ် ကိုယ့်ထက်အလျော့ ပေးမယ်ထင် လွှတ်ပေးလိုက်။

အဲ့လိုလူထွက်သွားလို့ဘာမှထိခိုက်စရာမလိုဘူး မေတ္တာတရားကိုစော်ကားတဲ့သူတွေဟာ တန်ရာတန်ပဲ ကြုံတွေ့ရတတ်တယ်😉

နောင်တဆိုတာအခါနှောင်းမှရတတ်တာမို့ ထွက်သွားပြီး ကိုယ့်ဘဝထဲနောက်တစ်ကြိမ်ပြန်လာခဲ့ရင်လည်း လုံးဝလုံးဝလက်မခံပါနဲ့ အမှတ်သည်းခြေရှိတဲ့လူအဖြစ်နေပါ 💪

လမ်းမှားရောက်မှာစိုးလို့တဖွဖွပြောတဲ့သူ သူ့အနားမရှိမှအဆင်ပြေမယ်ဆိုရင် လမ်းခွဲပေးလိုက်ပါ👌

ကိုယ်လိုအသေးအဖွကအစဂရုစိုက်ပေးတဲ့သူ သူ့အနားမရှိမှအဆင်ပြေမယ်ဆိုရင် ကျောခိုင်းပေးလိုက်ပါ😊

ကိုယ်လိုသစ္စာရှိရှိနဲ့တန်ဖိုးထားပြီးချစ်ပေးတဲ့သူ သူ့အနားမရှိမှအဆင်ပြေမယ်ဆိုရင် ပြတ်သားပေးလိုက်ပါ😉

ကိုယ့်အပေါ်မကောင်းတဲ့လူအတွက် ဘာမှခံစားငိုကြွေးမနေပါနဲ့ မင်းနဲ့မတန်လို မင်းဘဝထဲ ကနေထွက်သွားချင်နေတဲ့သူကိုအတွက်ကိုယ့်စိတ်ကိုညှင်းဆဲမနေပါနဲ့ 😘

ကိုယ့်ကောင်းခဲ့ပေမဲ့သူမှမကောင်းခဲ့တာ နည်းမျိုးစုံနဲ့ဖြေသိမ့်တတ်ရမယ်။ ကိုယ်ကအရမ်းချစ်လို့မေ့လို့မရဘူးဆိုရင်လည်း ဖြေးဖြေးချင်လုပ်ယူရ မှာပေါ့ 😃

👉လွမ်းစရာရှိရင်နာစရာနဲ့ဖြေတဲ့👈

အဖြေကရှင်းရှင်းလေးပါ👌 ကိုယ့်အပေါ်မကောင်းရင် လစ်😎 ကိုယ့်အပေါ်ကောင်းရင် ချစ် 😌

လူ့ဘဝအချိန်တိုတိုလေးအတွင်းမှာ…

♦ ကိုယ့်အပေါ်မကောင်းတဲ့သူတွေအတွက်အချိန်ကုန်မခံပါနဲ့

♦ ကိုယ့်အပေါ်ကောင်းတဲ့သူတွေအတွက်သာ အချိန်ကုန်လိုက်ပါ

♦ ကိုယ့်အပေါ်မေတ္တာတုတွေပေးတဲ့သူတွက် အချိန်ကုန်မခံပါနဲ့

♦ ကိုယ့်အပေါ်မေတ္တာစစ်ပေးတဲ့သူအတွက်ပဲ အချိန်ကုန်လိုက်ပါ