မူလအသားအေရကို အခ်ိန္တိုအတြင္းေျပာင္းလဲသြားေစမယ့္ မ်က္ႏွာေပါင္းတင္နည္း (၅) မ်ိဳး…
အလွအပႀကိဳက္တဲ့ပ်ိဳေမတို႔အတြက္ လက္ရွိအသားအေရက လုံးဝေျပာင္းလဲသြားၿပီး ႏုပ်ိဳလွပသြားေစမယ့္
အလြယ္ဆုံး၊ အေကာင္းဆုံး မ်က္ႏွာေပါင္းတင္နည္းေလးေတြကို ေဖာ္ျပေပးခ်င္ပါတယ္ …။
(၁) ေဖာင္းေနတဲ့မ်က္ႏွာကို က်စ္လ်စ္ေစမယ့္ေပါင္းတင္နည္း
ငွက္ေပ်ာသီးတစ္လုံး၊ ဒိန္ခ်ဥ္အသန႔္အနည္းငယ္ နဲ႔ ဆိုဒါမႈန႔္အနည္းငယ္တို႔ကို ခြက္တစ္ခုထဲထည့္ၿပီး အႏွစ္ရေအာင္ေမႊပါ။
ၿပီးရင္ သန႔္စင္ေျခာက္ေသြ႕တဲ့မ်က္ႏွာေပၚမွာ ခပ္ထူထူေလးလိမ္းေပးၿပီး မိနစ္ႏွစ္ဆယ္ၾကာရင္ ေရျပန္ေဆးခ်ေပးလိုက္႐ုံနဲ႔ မ်က္ႏွာ ပြေယာင္းေယာင္းျဖစ္ေနတာကို က်စ္လ်စ္သြားေစမွာပါ။
(၂) က်ယ္ေနတဲ့ေခြးေပါက္ေတြကို အျမန္ဆုံးက်ဥ္းသြားေစမယ့္ေပါင္းတင္နည္း
ဒိန္ခ်ဥ္အသန႔္ ၂ ဇြန္း၊ အလွအပအတြက္သုံးတဲ့ ရႊံ့ ၁ ဇြန္း၊ ပ်ားရည္ ၁ ဇြန္းတို႔ကို ခြက္တစ္ခုတည္းမွာ ေရာေမႊၿပီး ရလာတဲ့အႏွစ္ကို မ်က္ႏွာေပၚမွာ ထူထူေလးလိမ္းေပးပါ။
ဆယ့္ငါးမိနစ္ေလာက္ၾကာရင္ ေရေဆးခ်ေပးလိုက္႐ုံပါပဲ။ ေခၽြးေပါက္ေတြကို က်ဥ္းေစ႐ုံမကဘဲ ဒိန္ခ်ဥ္နဲ႔ပ်ားရည္က အသားအေရာင္ညီညာေအာင္ျပဳျပင္ေပးပါတယ္။
(၃) ေျခာက္ေသြ႕တဲ့အသားအရည္ကို စိုေျပေစမယ့္ေပါင္းတင္နည္း
ေထာပတ္သီးတစ္ျခမ္း၊ ႏြားနို႔တစ္ဇြန္း နဲ႔ ပ်ားရည္တစ္ဇြန္းတို႔ကိုေရာေမႊၿပီး ရလာတဲ့အႏွစ္ကို မ်က္ႏွာအႏွံ႔လိမ္းေပးပါ။ ဆယ့္ငါးမိနစ္ေလာက္ထားၿပီးရင္ ေရေႏြးေလးနဲ႔ ေဆးခ်ေပးလိုက္ပါ။
ဒီနည္းလမ္းက ေျခာက္ေသြ႕တဲ့အသားအေရကိုစိုေျပေစ႐ုံမက သင့္အသားအေရကိုေနေရာင္ျခည္ဒဏ္ကေနခံနိုင္ရည္ရွိေအာင္အားျဖည့္ေပးပါတယ္။
(၄) အဆီျပန္တာကိုသက္သာေစမယ့္ အေကာင္းဆုံးေပါင္းတင္နည္း
အာလူးကိုတစ္ျခမ္းျခမ္းၿပီး အဆီျပန္တဲ့ေနရာေတြကိုပြတ္တိုက္ေပးၿပီး ဆယ္မိနစ္ေလာက္ထားၿပီးရင္ မ်က္ႏွာသစ္ေပးလိုက္ပါ …။
အာလူးတစ္ျခမ္းကိုႀကိတ္ေခ်ၿပီးသံပရိုရည္တစ္ဇြန္းနဲ႔ေရာလိုက္ပါ။
အဲ့ဒီအေရာကိုအဆီျပန္တဲ့ေနရာေတြမွာ လိမ္းေပးၿပီး ဆယ့္ငါးမိနစ္အၾကာမွာ ေရေဆးခ်လိုက္ပါ။ အာလူးက အဆီျပန္တာကိုသက္သာေစတဲ့အေကာင္းဆုံးအရာပဲျဖစ္ပါတယ္။
(၅) ဆားဝက္ၿခံ ေတြကို အျမစ္ကေန ကၽြတ္ထြက္သြားေစမယ့္နည္းလမ္း
သံပရိုရည္တစ္ဇြန္းနဲ႔ပ်ားရည္တစ္ဇြန္းကိုေရာၿပီး ဆားဝက္ၿခံရွိတဲ့ေနရာေတြကိုလိမ္းေပးပါ။
မိနစ္ႏွစ္ဆယ္အၾကာမွာေရေဆးခ်ေပးလိုက္မယ္ဆိုရင္ ဆားဝက္ၿခံေတြေလ်ာ့နည္းသြားၿပီး ေခၽြးေပါက္အတြင္းပိုင္းအထိသန႔္စင္ၿပီးသားလည္းျဖစ္သြားပါလိမ့္မယ္။
မၽွေဝေပးျခင္းဟာလည္း ေမတၱာတစ္မ်ိဳးပဲ မို႔မၽွေဝေပးပါေနာ္ …။
Credit
======
UNICODE VERSION
မူလအသားအရေကို အချိန်တိုအတွင်းပြောင်းလဲသွားစေမယ့် မျက်နှာပေါင်းတင်နည်း (၅) မျိုး…
အလှအပကြိုက်တဲ့ပျိုမေတို့အတွက် လက်ရှိအသားအရေက လုံးဝပြောင်းလဲသွားပြီး နုပျိုလှပသွားစေမယ့်
အလွယ်ဆုံး၊ အကောင်းဆုံး မျက်နှာပေါင်းတင်နည်းလေးတွေကို ဖော်ပြပေးချင်ပါတယ်။
(၁) ဖောင်းနေတဲ့မျက်နှာကို ကျစ်လျစ်စေမယ့်ပေါင်းတင်နည်း
ငှက်ပျောသီးတစ်လုံး၊ ဒိန်ချဉ်အသန့်အနည်းငယ် နဲ့ ဆိုဒါမှုန့်အနည်းငယ်တို့ကို ခွက်တစ်ခုထဲထည့်ပြီး အနှစ်ရအောင်မွှေပါ။
ပြီးရင် သန့်စင်ခြောက်သွေ့တဲ့မျက်နှာပေါ်မှာ ခပ်ထူထူလေးလိမ်းပေးပြီး မိနစ်နှစ်ဆယ်ကြာရင် ရေပြန်ဆေးချပေးလိုက်ရုံနဲ့ မျက်နှာ ပွယောင်းယောင်းဖြစ်နေတာကို ကျစ်လျစ်သွားစေမှာပါ။
(၂) ကျယ်နေတဲ့ခွေးပေါက်တွေကို အမြန်ဆုံးကျဉ်းသွားစေမယ့်ပေါင်းတင်နည်း
ဒိန်ချဉ်အသန့် ၂ ဇွန်း၊ အလှအပအတွက်သုံးတဲ့ ရွှံ့ ၁ ဇွန်း၊ ပျားရည် ၁ ဇွန်းတို့ကို ခွက်တစ်ခုတည်းမှာ ရောမွှေပြီး ရလာတဲ့အနှစ်ကို မျက်နှာပေါ်မှာ ထူထူလေးလိမ်းပေးပါ။
ဆယ့်ငါးမိနစ်လောက်ကြာရင် ရေဆေးချပေးလိုက်ရုံပါပဲ။ ချွေးပေါက်တွေကို ကျဉ်းစေရုံမကဘဲ ဒိန်ချဉ်နဲ့ပျားရည်က အသားအရောင်ညီညာအောင်ပြုပြင်ပေးပါတယ်။
(၃) ခြောက်သွေ့တဲ့အသားအရည်ကို စိုပြေစေမယ့်ပေါင်းတင်နည်း
ထောပတ်သီးတစ်ခြမ်း၊ နွားနို့တစ်ဇွန်း နဲ့ ပျားရည်တစ်ဇွန်းတို့ကိုရောမွှေပြီး ရလာတဲ့အနှစ်ကို မျက်နှာအနှံ့လိမ်းပေးပါ။ ဆယ့်ငါးမိနစ်လောက်ထားပြီးရင် ရေနွေးလေးနဲ့ ဆေးချပေးလိုက်ပါ။
ဒီနည်းလမ်းက ခြောက်သွေ့တဲ့အသားအရေကိုစိုပြေစေရုံမက သင့်အသားအရေကိုနေရောင်ခြည်ဒဏ်ကနေခံနိုင်ရည်ရှိအောင်အားဖြည့်ပေးပါတယ်။
(၄) အဆီပြန်တာကိုသက်သာစေမယ့် အကောင်းဆုံးပေါင်းတင်နည်း
အာလူးကိုတစ်ခြမ်းခြမ်းပြီး အဆီပြန်တဲ့နေရာတွေကိုပွတ်တိုက်ပေးပြီး ဆယ်မိနစ်လောက်ထားပြီးရင် မျက်နှာသစ်ပေးလိုက်ပါ။
အာလူးတစ်ခြမ်းကိုကြိတ်ချေပြီးသံပရိုရည်တစ်ဇွန်းနဲ့ရောလိုက်ပါ။
အဲ့ဒီအရောကိုအဆီပြန်တဲ့နေရာတွေမှာ လိမ်းပေးပြီး ဆယ့်ငါးမိနစ်အကြာမှာ ရေဆေးချလိုက်ပါ။ အာလူးက အဆီပြန်တာကိုသက်သာစေတဲ့အကောင်းဆုံးအရာပဲဖြစ်ပါတယ်။
(၅) ဆားဝက်ခြံ တွေကို အမြစ်ကနေ ကျွတ်ထွက်သွားစေမယ့်နည်းလမ်း
သံပရိုရည်တစ်ဇွန်းနဲ့ပျားရည်တစ်ဇွန်းကိုရောပြီး ဆားဝက်ခြံရှိတဲ့နေရာတွေကိုလိမ်းပေးပါ။
မိနစ်နှစ်ဆယ်အကြာမှာရေဆေးချပေးလိုက်မယ်ဆိုရင် ဆားဝက်ခြံတွေလျော့နည်းသွားပြီး ချွေးပေါက်အတွင်းပိုင်းအထိသန့်စင်ပြီးသားလည်းဖြစ်သွားပါလိမ့်မယ်။
မျှဝေပေးခြင်းဟာလည်း မေတ္တာတစ်မျိုးပဲ မို့မျှဝေပေးပါနော်။
Credit
======