Beauty

ဆံေကသာကိုအပူကိရိယာမကူပဲ သဘာဝအတိုင္းေျဖာင့္စင္းသြယ္လ်ေစသည့္ နည္းလမ္းေကာင္းမ်ား…

ဆံေကသာကိုအပူကိရိယာမကူပဲ သဘာဝအတိုင္းေျဖာင့္စင္းသြယ္လ်ေစသည့္ နည္းလမ္းေကာင္းမ်ား…

သဘာဝအတိုင္း ဆံပင္ေျဖာင့္စင္းစင္းေလးကို မႀကိဳက္တဲ့ မိန္းကေလး ဘယ္မွာရွိမွာလဲ၊

ဒါ့ေၾကာင့္လဲ အလွျပင္ဆိုင္ေတြမွာ ဆံပင္ေျဖာင့္တာ ေခတ္စားတာေပါ့ေနာ္။ ဆံပင္ေျဖာင့္ဖို႔အတြက္ ဓါတုပစၥည္ေတြသုံးတာဟာ ဆံသားပ်က္ဆီးေစပါတယ္။

ဒါ့ေၾကာင့္ သဘာဝနည္းလမ္းတစ္ခုကို မွ်ေဝေပးခ်င္ပါတယ္။

နည္းလမ္း (၁)

ပါဝင္ပစၥည္းမ်ားကေတာ့ ငွက္ေပ်ာသီးမွည့္ ၂ လုံး၊ ပ်ားရည္ စားပြဲတင္ဇြန္း ၂ ဇြန္း၊ ဒိန္ခ်ဥ္ စားပြဲတင္ဇြန္း ၂ ဇြန္း၊ သံလြင္ဆီ စားပြဲတင္ဇြန္း ၂ ဇြန္း၊ ၾကက္ဥအကာ ၁ လုံးတို႔ပဲ ျဖစ္ပါတယ္။

ထို႔ေနာက္ ငွက္ေပ်ာသီးကိုအခြံႏႊာၿပီး ၿပဲသြားေအာင္ ဖိလိုက္ပါ။ ႀကိတ္လိုက္လည္းရပါတယ္။ ၿပီးရင္ ပ်ားရည္ ဒိန္ခ်ဥ္နဲ႔ သံလြင္ဆီထည့္ပါ။

ၿပီးရင္ ၾကက္ဥအကာထည့္ပါ။ ေသခ်ာေမႊေပးပါ။ ႏွံ႔သြားၿပီဆိုရင္ သုံးလို႔ရပါၿပီ။

ျပဳလုပ္ထားတဲ့ အေရာအေႏွာကို ဆံပင္အဖ်ားကေန အရင္းထိ ေသခ်ာလိမ္းေပးၿပီး Shower Cap (သို႔) ေခါင္းသုတ္တဲ့ ပုဝါ ေဆာင္းေပးထားပါ။

ၿပီးရင္ ၁ နာရီေလာက္ထားပါ။ အဲဒီေနာက္ ေရေႏြးရယ္ ေခါင္းေလွ်ာ္ရည္နဲ႔ ေပါင္းေဆးရယ္သုံးၿပီး ေခါင္းေလွ်ာ္ပါ။တစ္ခါတည္းလုပ္တာနဲ႔ေတာ့ သိပ္သိသာမွာမဟုတ္ပါဘူး။

တစ္ပတ္ကို ၂ ႀကိမ္ ၁ လျပည့္ေအာင္လုပ္ေပးပါ။ ဆံပင္ေတြ ေပ်ာ့ေျပာင္းၿပီး ေျဖာင့္စင္းလာမွာျဖစ္ပါတယ္။

နည္းလမ္း (၂)

ပါဝင္ပစၥည္းမ်ားကေတာ့ သံလြင္ဆီ စားပြဲတင္ဇြန္း ၂ ဇြန္း၊ Corn Flour ေျပာင္းဖူးေကာ္မႈန႔္ စားပြဲတင္ဇြန္း ၃ ဇြန္း၊ အုန္းႏို႔ ၁ ခြက္၊ သံပုယိုသီး ၁ လုံး (သို႔) သံပုရာသီး ၁ လုံး တို႔ပဲ ျဖစ္ပါတယ္။

ထို႔ေနာက္ သံပုယိုရည္နဲ႔ ေျပာင္းဖူးေကာ္မႈန႔္ကို ေရာလိုက္ပါ။ ၿပီးရင္ အုန္းႏို႔နဲ႔ သံလြင္ဆီကို ေရာပါ။ ၿပီးရင္ ေစာေစာက သံပုယိုရည္နဲ႔ ေျပာင္းဖူးေကာ္မႈန႔္ ထဲကိုထည့္လိုက္ပါ။

ၿပီးရင္ အိုးတစ္လုံးထဲကိုထည့္ၿပီး အပူခ်ိန္အေနေတာ္နဲ႔ ပ်စ္ပ်စ္ေလးျဖစ္တဲ့ထိ သည္ပါ။ ပ်စ္သြားၿပီဆိုရင္ မီးဖိုေပၚကခ်ၿပီးအေအးခံပါ။

အဆိုပါ အေရာအေႏွာကို ဆံဖ်ားကေန အရင္းထိ ေသခ်ာလိမ္းေပးပါ။ ၿပီးရင္ သဘက္ပူပူ (သို႔) Shower Cap ေဆာင္းၿပီး ၂ နာရီေလာက္ထားပါ။

ၿပီးရင္ ေခါင္းေလွ်ာ္ရည္ ေပါင္းေဆးသုံးၿပီး ေခါင္းေလွ်ာခ်ပါ။ တစ္ပတ္ ၂ ႀကိမ္လုပ္ပါ။ ၁ လတိတိလုပ္ေပးပါ။

Credit

Unicode Version

ဆံကေသာကိုအပူကိရိယာမကူပဲ သဘာဝအတိုင်းဖြောင့်စင်းသွယ်လျစေသည့် နည်းလမ်းကောင်းများ…

သဘာဝအတိုင်း ဆံပင်ဖြောင့်စင်းစင်းလေးကို မကြိုက်တဲ့ မိန်းကလေး ဘယ်မှာရှိမှာလဲ၊

ဒါ့ကြောင့်လဲ အလှပြင်ဆိုင်တွေမှာ ဆံပင်ဖြောင့်တာ ခေတ်စားတာပေါ့နော်။ ဆံပင်ဖြောင့်ဖို့အတွက် ဓါတုပစ္စည်တွေသုံးတာဟာ ဆံသားပျက်ဆီးစေပါတယ်။

ဒါ့ကြောင့် သဘာဝနည်းလမ်းတစ်ခုကို မျှဝေပေးချင်ပါတယ်။

နည်းလမ်း (၁)

ပါဝင်ပစ္စည်းများကတော့ ငှက်ပျောသီးမှည့် ၂ လုံး၊ ပျားရည် စားပွဲတင်ဇွန်း ၂ ဇွန်း၊ ဒိန်ချဉ် စားပွဲတင်ဇွန်း ၂ ဇွန်း၊ သံလွင်ဆီ စားပွဲတင်ဇွန်း ၂ ဇွန်း၊ ကြက်ဥအကာ ၁ လုံးတို့ပဲ ဖြစ်ပါတယ်။

ထို့နောက် ငှက်ပျောသီးကိုအခွံနွှာပြီး ပြဲသွားအောင် ဖိလိုက်ပါ။ ကြိတ်လိုက်လည်းရပါတယ်။ ပြီးရင် ပျားရည် ဒိန်ချဉ်နဲ့ သံလွင်ဆီထည့်ပါ။

ပြီးရင် ကြက်ဥအကာထည့်ပါ။ သေချာမွှေပေးပါ။ နှံ့သွားပြီဆိုရင် သုံးလို့ရပါပြီ။

ပြုလုပ်ထားတဲ့ အရောအနှောကို ဆံပင်အဖျားကနေ အရင်းထိ သေချာလိမ်းပေးပြီး Shower Cap (သို့) ခေါင်းသုတ်တဲ့ ပုဝါ ဆောင်းပေးထားပါ။

ပြီးရင် ၁ နာရီလောက်ထားပါ။ အဲဒီနောက် ရေနွေးရယ် ခေါင်းလျှော်ရည်နဲ့ ပေါင်းဆေးရယ်သုံးပြီး ခေါင်းလျှော်ပါ။တစ်ခါတည်းလုပ်တာနဲ့တော့ သိပ်သိသာမှာမဟုတ်ပါဘူး။

တစ်ပတ်ကို ၂ ကြိမ် ၁ လပြည့်အောင်လုပ်ပေးပါ။ ဆံပင်တွေ ပျော့ပြောင်းပြီး ဖြောင့်စင်းလာမှာဖြစ်ပါတယ်။

နည်းလမ်း (၂)

ပါဝင်ပစ္စည်းများကတော့ သံလွင်ဆီ စားပွဲတင်ဇွန်း ၂ ဇွန်း၊ Corn Flour ပြောင်းဖူးကော်မှုန့် စားပွဲတင်ဇွန်း ၃ ဇွန်း၊ အုန်းနို့ ၁ ခွက်၊ သံပုယိုသီး ၁ လုံး (သို့) သံပုရာသီး ၁ လုံး တို့ပဲ ဖြစ်ပါတယ်။

ထို့နောက် သံပုယိုရည်နဲ့ ပြောင်းဖူးကော်မှုန့်ကို ရောလိုက်ပါ။ ပြီးရင် အုန်းနို့နဲ့ သံလွင်ဆီကို ရောပါ။ ပြီးရင် စောစောက သံပုယိုရည်နဲ့ ပြောင်းဖူးကော်မှုန့် ထဲကိုထည့်လိုက်ပါ။

ပြီးရင် အိုးတစ်လုံးထဲကိုထည့်ပြီး အပူချိန်အနေတော်နဲ့ ပျစ်ပျစ်လေးဖြစ်တဲ့ထိ သည်ပါ။ ပျစ်သွားပြီဆိုရင် မီးဖိုပေါ်ကချပြီးအအေးခံပါ။

အဆိုပါ အရောအနှောကို ဆံဖျားကနေ အရင်းထိ သေချာလိမ်းပေးပါ။ ပြီးရင် သဘက်ပူပူ (သို့) Shower Cap ဆောင်းပြီး ၂ နာရီလောက်ထားပါ။

ပြီးရင် ခေါင်းလျှော်ရည် ပေါင်းဆေးသုံးပြီး ခေါင်းလျှောချပါ။ တစ်ပတ် ၂ ကြိမ်လုပ်ပါ။ ၁ လတိတိလုပ်ပေးပါ။

Credit