Beauty












(၂) ဗီတာမင် A



(၃) လက်ဖက်ဆီ



(၄) အချို ရှောင်


Credit

Unicode Version

အဖုအပိတ်တွေ နဲ့ ဗြုတ်ထနေတဲ့ မျက်နှာအတွက် လွယ်ကူထိရောက်တဲ့ နည်းလမ်းများ…

လူတိုင်းအတွက် အရေးပါလွန်းတဲ့ မျက်နှာအသားရည်ဟာ ကြည်လင်လှပနေဖို့လိုပါတယ်။

အထူးသဖြင့်အစပ်အချဉ်ကြိုက်လွန်းပြီး မိတ်ကပ်တွေ နေ့စဉ်လိမ်းလွန်းတဲ့ အမျိုးသမီးတွေရဲ့အသားရည်ဟာ ပိုပြီး ပျက်စီးလွယ်သလို အဖုအပိတ်တွေလည်း များလွန်းလှပါတယ်။

ဒီလို အဖု ပိတ် တွေများပြီး အသားရည်ပျက်စီးလေ အ ပေါ်က နေမိတ်ကပ်တွေနဲ့ဖုံးအုပ်လေဆိုရင်တော့ ပိုပြီးထိခိုက်ပျက်စီးတာပဲ အဖက်တင်မှာပါ။

ဆိုတော့ အရေးကြီးတဲ့ကိုယ့်ရဲ့မျက်နှာအသားရည်ကို ပေါ့ပေါ့ပါးပါး Skin Care လုပ်ကြည့်ကြမယ်ဆိုရင် မိတ်ကပ်တွေနဲ့ အပေါ်ယံဖုံးထားစရာမလိုပဲ နဂိုတိုင်းကောင်းမွန်တဲ့ Skin ကိုရရှိမှာပါ။

အဖုပိတ်တွေနဲ့ ဗျစ်ထူ မျက်နှာအသားရည်ကြီးဖြစ်နေတဲ့ သူတွေအတွက်…

(၁) ဆိုင်တိုင်းမှာ အလွယ်တကူဝယ်လို့ရတဲ့မုန့်ဖုတ် ဆော်ဒါ

မုန့်ဖုတ်ဆော်ဒါမုန့်ဖုတ်ဆော်ဒါ ကတော့ သိတဲ့အတိုင်းပါပဲ Skin Care အတွက်သိပ်အကျိုးရှိတဲ့ဆရာကြီးပါပဲ။

မပါမဖြစ် မုန့်ဖုတ်ဆိုဒါကိုခန္ဓာကိုယ် အသားရည်ဘယ်နေရာမဆိုနဲ့ မျက်နှာပြင်ကိုပါလိမ်းပြီး Skin Care ကောင်းကောင်းလုပ်လို့ရပါတယ်။

အမှုန့်လေးကိုရေနည်းနည်းနဲ့ပျစ်ပျစ်လေးဖျော်လိမ်းပေးခြင်းဖြင့်ထိရောက်မှုကိုတွေ့ရမှာပါ။

(၂) ဗီတာမင် A

ဗီတာမင်Aဗီတာမင် A ဓာတ်ပြည့်ဝစွာစားသုံးပါ။

ဗီတာမင် A ကမျက်နှာအသားရည်အပါဝင်ခန္ဓာကိုယ်အသားရည်တစ်ခုလုံးအတွက် မရှိမဖြစ် လိုအပ်တာမလို့ အစိမ်းရောင်အသီးရွက်တွေအပြင် ဗီတာမင်A များစွာပါဝင်တဲ့ အသီးနှံတွေကိုစားသုံးပေးပါ။

(၃) လက်ဖက်ဆီ

လက်ဖက်ဆီလက်ဖက်ဆီကိုလိမ်းပေးပါ။ လက်ဖက်ဆီရဲ့ထူးခြားချက်က မျက်နှာအသားရည်ကို ဝင်းမွတ်ပြီး အကျိတ်ဖုတွေကင်းဝေးစေပါတယ်။

လက်ဖက်ဆီရှာရခက်ရင် သံလွင်ဆီစစ်စစ်သာလိမ်းပေးပါ။ အာနိသင်ချင်းကမထူးမခြားနားပါပဲ။

(၄) အချို ရှောင်

အချိုရှောင်အချိုလွန်ကဲတဲ့အစားစာတွေကိုစားသုံးခြင်းဟာ အသားရည်ကို အိုမင်ရင့်ရော်မှုမြန်စေပြီး ပျက် စီးစေနိုင်ပါတယ်။ ဒါကြောင့်နောက်ဆုံး အချက် အနေနဲ့ အချိုစားသုံးမှုလျော့ချဖို့အကြံပေးပါရ စေ…

Credit