Love

“စိတ္ကုန္ျခင္း” အႏုပညာ…

“စိတ္ကုန္ျခင္း” အႏုပညာ…

လူတစ္ေယာက္ကို တကယ္စိတ္ကုန္သြားၿပီဆိုရင္ သူနဲ႔ပတ္သက္တာမွန္သမွ် စိတ္လည္းမဝင္စားေတာ့သလို လာေျပာလည္း ရင္ကိုမတုန္ေတာ့တာ။

ပုံျမင္ရင္လည္း မထူးဆန္းသလိုခံစားရၿပီး လူေတြ႕ရင္လည္း ဘာမွကိုမတုန္လႈပ္ေတာ့တာ။

မုန္းသြားတာလည္းမဟုတ္ဘူး နာၾကဥ္းေနတာလည္းမဟုတ္ဘူး ေၾကာက္ေနတာမ်ိဳးလည္းမဟုတ္ျပန္ဘူး။

ကိုယ့္စိတ္ထဲမွာသူက တစ္ခါမွမျမင္ဘူးမေပါင္းသင္းဘူးတဲ့လူလို ျဖစ္သြားေတာ့တာ။

ခ်စ္ျခင္းမုန္းျခင္းေတြမ႐ွိေတာ့တဲ့ခံစားခ်က္က စိတ္ကုန္သြားျခင္းပါ။

သူ႕ကိုထိခိုက္ေအာင္လုပ္တာမ်ိဳးလည္း စိတ္ထဲမ႐ွိေတာ့သလို သူ႕ကိုတမ္းတလြမ္းဆြတ္ေနတာမ်ိဳးလည္း မ႐ွိေတာ့ဘူး။

လူေတြကသူ႕အေၾကာင္းမေကာင္းေၾကာင္းေတြ လာလာေျပာတဲ့အခါတိုင္းမွာ ဝင္မေျပာခ်င္ေတာ့သလို

ေကာင္းေၾကာင္းေတြနဲ႔ ခ်ီးမြမ္းခန္းဖြင့္ေနတဲ့အခါေတြမွာလည္း ဘာမွဝင္မေျပာေတာ့ဘဲ ျပဳံးၿပီးသာနားေထာင္ေနတာမ်ိဳးပါ။

စိတ္ကုန္သြားျခင္းဟာ ေရစက္ကုန္သြားတာပါပဲ။

လင္မယားေတြ သမီးရည္းစားေတြ အရမ္းခင္မင္ရတဲ့မိတ္ေဆြေတြဟာ အေၾကာင္းတရားမ်ိဳးစုံေၾကာင့္ စိတ္ကုန္သြားႏိုင္ၾကပါတယ္။

စိတ္ဆိုးတာဟာ အေၾကာင္းကိစၥတစ္ခုခုေၾကာင့္ျဖစ္ၿပီး စိတ္ကုန္တာကေတာ့ အေၾကာင္းအရာေတြအားလုံးဟာ

တေျဖးေျဖးနဲ႔အဆင္မေျပမႈေတြ စိတ္သေဘာထားျခင္း မတိုက္ဆိုင္မႈေတြ စုလာၿပီး ေနာက္ဆုံးျဖစ္လာတဲ့ အေၾကာင္းကိစၥတစ္ခုေၾကာင့္ လမ္းခြဲလိုက္တာမ်ိဳးပါ။

ဒါ့ေၾကာင့္ လူတစ္ေယာက္စိတ္ဆိုးသြားတယ္ဆိုရင္ သူစိတ္ေျပလည္ခ်ိန္မွာ ျပန္လည္႐ွင္းျပေတာင္းပန္ညႇိႏိႈင္းလို႔ရႏိုင္ေပမယ့္ စိတ္ကုန္သြားၿပီဆိုရင္ေတာ့ သင္ဘာမွမတတ္ႏိုင္ေတာ့ပါဘူး။

ဘာမွဆက္လုပ္လို႔မရေတာ့ဘဲ စိတ္ကုန္သြားတဲ့သူကို ထပ္တလဲလဲေတာင္းပန္ေနျခင္း ထပ္ခါထပ္ခါ႐ွင္းျပေနျခင္း ၾကားလူေတြပါဝင္ညႇိႏိႈင္းေစျခင္းက ျပႆနာကို ပိုမိုဆိုး႐ြားေစတယ္ဆိုတာ သတိျပဳပါ။

ေလာကမွာ လူႏွစ္ဦးဟာေရစက္႐ွိသေလာက္ပဲ ဆုံေတြ႕ခြင့္႐ွိတယ္ဆိုတာ မေမ့ပါနဲ႔။

ေရစက္ကုန္ စိတ္ကုန္သြားတဲ့အခါ ဘာမွဆက္လုပ္လို႔မရေတာ့တာမို႔ အဲဒီအေျခအေနကိုဒီအတိုင္းသာထားလိုက္ပါ။

ေရစက္ကုန္သြားတဲ့အေျခအေနကို ထပ္မံဆိုး႐ြားေအာင္ဖန္တီးေနျခင္းက သင့္ကိုအႏၲရာယ္ျဖစ္ေစတယ္ သူ႕ကိုလည္းအေႏွာက္အယွက္ျဖစ္ေစႏိုင္တယ္ ဆိုတာသတိျပဳပါ။

ဒါ့ေၾကာင့္ အကယ္၍မ်ား ေရစက္ေတြကုန္သြားခဲ့ၾကရင္ျဖင့္ သင္လည္း သင့္လမ္းသင္ဆက္ေလွ်ာက္ သူလည္း သူ႕လမ္းသူဆက္ေလွ်ာက္ၾကရင္း

အတူတူဆုံေတြ႕ခဲ့ဖူးတဲ့ အတိတ္ဟာ အတိတ္အတိုင္းပဲ လွပစြာ က်န္ရစ္ခဲ့ပါေစ။

Credit

“စိတ်ကုန်ခြင်း” အနုပညာ…

လူတစ်ယောက်ကို တကယ်စိတ်ကုန်သွားပြီဆိုရင် သူနဲ့ပတ်သက်တာမှန်သမျှ စိတ်လည်းမဝင်စားတော့သလို လာပြောလည်း ရင်ကိုမတုန်တော့တာ။

ပုံမြင်ရင်လည်း မထူးဆန်းသလိုခံစားရပြီး လူတွေ့ရင်လည်း ဘာမှကိုမတုန်လှုပ်တော့တာ။

မုန်းသွားတာလည်းမဟုတ်ဘူး နာကြဉ်းနေတာလည်းမဟုတ်ဘူး ကြောက်နေတာမျိုးလည်းမဟုတ်ပြန်ဘူး။

ကိုယ့်စိတ်ထဲမှာသူက တစ်ခါမှမမြင်ဘူးမပေါင်းသင်းဘူးတဲ့လူလို ဖြစ်သွားတော့တာ။

ချစ်ခြင်းမုန်းခြင်းတွေမရှိတော့တဲ့ခံစားချက်က စိတ်ကုန်သွားခြင်းပါ။

သူ့ကိုထိခိုက်အောင်လုပ်တာမျိုးလည်း စိတ်ထဲမရှိတော့သလို သူ့ကိုတမ်းတလွမ်းဆွတ်နေတာမျိုးလည်း မရှိတော့ဘူး။

လူတွေကသူ့အကြောင်းမကောင်းကြောင်းတွေ လာလာပြောတဲ့အခါတိုင်းမှာ ဝင်မပြောချင်တော့သလို

ကောင်းကြောင်းတွေနဲ့ ချီးမွမ်းခန်းဖွင့်နေတဲ့အခါတွေမှာလည်း ဘာမှဝင်မပြောတော့ဘဲ ပြုံးပြီးသာနားထောင်နေတာမျိုးပါ။

စိတ်ကုန်သွားခြင်းဟာ ရေစက်ကုန်သွားတာပါပဲ။

လင်မယားတွေ သမီးရည်းစားတွေ အရမ်းခင်မင်ရတဲ့မိတ်ဆွေတွေဟာ အကြောင်းတရားမျိုးစုံကြောင့် စိတ်ကုန်သွားနိုင်ကြပါတယ်။

စိတ်ဆိုးတာဟာ အကြောင်းကိစ္စတစ်ခုခုကြောင့်ဖြစ်ပြီး စိတ်ကုန်တာကတော့ အကြောင်းအရာတွေအားလုံးဟာ

တဖြေးဖြေးနဲ့အဆင်မပြေမှုတွေ စိတ်သဘောထားခြင်း မတိုက်ဆိုင်မှုတွေ စုလာပြီး နောက်ဆုံးဖြစ်လာတဲ့ အကြောင်းကိစ္စတစ်ခုကြောင့် လမ်းခွဲလိုက်တာမျိုးပါ။

ဒါ့ကြောင့် လူတစ်ယောက်စိတ်ဆိုးသွားတယ်ဆိုရင် သူစိတ်ပြေလည်ချိန်မှာ ပြန်လည်ရှင်းပြတောင်းပန်ညှိနှိုင်းလို့ရနိုင်ပေမယ့် စိတ်ကုန်သွားပြီဆိုရင်တော့ သင်ဘာမှမတတ်နိုင်တော့ပါဘူး။

ဘာမှဆက်လုပ်လို့မရတော့ဘဲ စိတ်ကုန်သွားတဲ့သူကို ထပ်တလဲလဲတောင်းပန်နေခြင်း ထပ်ခါထပ်ခါရှင်းပြနေခြင်း ကြားလူတွေပါဝင်ညှိနှိုင်းစေခြင်းက ပြဿနာကို ပိုမိုဆိုးရွားစေတယ်ဆိုတာ သတိပြုပါ။

လောကမှာ လူနှစ်ဦးဟာရေစက်ရှိသလောက်ပဲ ဆုံတွေ့ခွင့်ရှိတယ်ဆိုတာ မမေ့ပါနဲ့။

ရေစက်ကုန် စိတ်ကုန်သွားတဲ့အခါ ဘာမှဆက်လုပ်လို့မရတော့တာမို့ အဲဒီအခြေအနေကိုဒီအတိုင်းသာထားလိုက်ပါ။

ရေစက်ကုန်သွားတဲ့အခြေအနေကို ထပ်မံဆိုးရွားအောင်ဖန်တီးနေခြင်းက သင့်ကိုအန္တရာယ်ဖြစ်စေတယ် သူ့ကိုလည်းအနှောက်အယှက်ဖြစ်စေနိုင်တယ် ဆိုတာသတိပြုပါ။

ဒါ့ကြောင့် အကယ်၍များ ရေစက်တွေကုန်သွားခဲ့ကြရင်ဖြင့် သင်လည်း သင့်လမ်းသင်ဆက်လျှောက် သူလည်း သူ့လမ်းသူဆက်လျှောက်ကြရင်း

အတူတူဆုံတွေ့ခဲ့ဖူးတဲ့ အတိတ်ဟာ အတိတ်အတိုင်းပဲ လှပစွာ ကျန်ရစ်ခဲ့ပါစေ။

Credit