မိတ္ကပ္လိမ္းစရာေတာင္မလိုဘဲ ေန႔တိုင္းလွပေနေစဖို႔ အၿမဲလုပ္ေပးသင့္တဲ့ အရာမ်ား…
မိတ္ကပ္ မလိမ္းဘဲ ဒီတိုင္းေလးေနရင္ေတာင္ လွေနတာမ်ိဳးက မိန္းကေလး တိုင္းလိုခ်င္တဲ့အရာမ်ိဳးပါပဲ။
အသားအေရ လွပၿပီး အျပစ္အနာဆာကင္းကင္းေလးနဲ႔ လွေနတဲ့ေကာင္မေလးဆိုရင္ မိန္းကေလးခ်င္းေတာင္ သေဘာေတြ႕ခ်င္စရာပဲေလ။
ဒီလိုအသားအေရမ်ိဳးကို ပိုင္ဆိုင္ရဖို႔ဆိုတာလည္း မပ်င္းမရိပဲနဲ႔ ေသေသခ်ာခ်ာဂ႐ုစိုက္ႏိုင္မွ အဆင္ေျပမွာေပါ့။
မိတ္ကပ္ ေတြေတာင္လိမ္းစရာမလိုေတာ့ပဲ အၿမဲတမ္းလွပေနခ်င္တယ္ဆိုရင္ေတာ့ ဒီအခ်က္ေတြကိုလုပ္ၾကည့္ပါေနာ္။
မနက္ပိုင္းမွာလည္း Face Mask သုံးေပးပါ
အခ်ိန္ ရတယ္ဆိုရင္ မနက္ပိုင္းအိပ္ရာကေနႏိုးလာၿပီး မ်က္ႏွာသန႔္စင္ၿပီးသြားၿပီဆိုရင္ အသားအေရကိုေခ်ာေမြ႕ၿပီး ၾကည္လင္သြားေစဖို႔ Face Mask ေလးကပ္ေပးထားလိုက္မယ္ဆိုရင္
အသားအေရကိုတင္းတင္းရင္းရင္းေလးနဲ႔ အျပင္သြားတဲ့အခါမွာလည္း ေကာင္းမြန္တဲ့အသားအေရမ်ိဳးနဲ႔ လွပေနႏိုင္မွာပဲျဖစ္ပါတယ္။
မ်က္ခုံးေမႊးေလးေတြ လွပေနဖို႔
မ်က္ခုံးေမႊးေလးေတြက လွပၿပီးၾကည့္ေကာင္းေနမွလည္း သင့္ကိုသဘာဝအတိုင္းလွပတယ္လို႔ ျမင္ေတြ႕ရေစမွာပါ။
မ်က္ခုံးေမႊးပါးတယ္ဆိုရင္လည္း မ်က္ခုံးေမႊးကိုၾကည့္ေကာင္းၿပီး လိုက္ဖက္မႈရွိေအာင္ဆြဲတတ္ဖို႔လိုအပ္ၿပီး မ်က္ခုံးေမႊးရွိၿပီးသားဆိုရင္လည္း သပ္သပ္ရပ္ရပ္ေလးျဖစ္ေနေအာင္ လုပ္ေပးသင့္တယ္ေနာ္။
အစိုဓာတ္ထိန္းခရင္မ္
သင့္မ်က္ႏွာေလးကို မိတ္ကပ္ေတြမလိမ္းဘူးဆိုရင္ေတာင္ အစိုဓာတ္ထိန္းခရင္မ္ေလးေတာ့ လိမ္းထားေပးသင့္ပါတယ္။
အသားအေရကိုလည္း စိုေျပေစၿပီး ၾကည့္လိုက္ရင္လည္း စိုစိုေျပေျပေလးနဲ႔ဆိုေတာ့ သဘာဝတိုင္းေလးပဲလွပေနေစမွာေပါ့။
မ်က္ေတာင္ေလးေတြအတြက္
ပ်ိဳေမတို႔ရဲ႕မ်က္ေတာင္ေလးေတြကို သဘာဝတိုင္းပဲၾကည့္ေကာင္းေနေစၿပီး လွပေနခ်င္တယ္ Mascara ေတြနဲ႔လည္းမလုပ္ခ်င္ေတာ့ဘူးဆိုရင္ေတာ့ Vaseline ကိုအစားထိုးၿပီး မ်က္ေတာင္ေလးေတြကို ေကာ့ေပးလို႔ရပါတယ္။
မ်က္ေတာင္ေလးေတြကို သပ္သပ္ရပ္ရပ္နဲ႔ပဲ လွပၿပီးသဘာဝက်ေနမွာပဲျဖစ္ပါတယ္။
ႏႈတ္ခမ္းေလးေတြ
ႏႈတ္ခမ္းေလးေတြကလည္း သဘာဝက်က်နဲ႔လွပေနဖို႔လိုပါတယ္။ ပ်ိဳေမတို႔ရဲ႕ ႏႈတ္ခမ္းေလးေတြကို ေခ်ာေမြ႕ေနေအာင္လုပ္ဖို႔က အေရးႀကီးတာေပါ့။
သၾကားကိုပ်ားရည္ေလးနဲ႔ေရာၿပီး ႏႈတ္ခမ္းသားေတြမွာပြတ္ၿပီးလိမ္းေပးမယ္ဆိုရင္ေတာ့ ႏူးညံ့တဲ့ႏႈတ္ခမ္းေလးေတြကို ပိုင္ဆိုင္ၿပီးလွပေနမွာပဲျဖစ္ပါတယ္။
ဒီအခ်က္ေတြကို လိုက္နာၿပီးပုံမွန္ေလးလုပ္ေပးသြားမယ္ဆိုရင္ေတာ့ မိတ္ကပ္မလိမ္းရင္ေတာင္ လွပၿပီးလူအမ်ားကအားက်ရတဲ့ ေကာင္မေလးတစ္ေယာက္ျဖစ္သြားေစမွာ အေသခ်ာပဲေနာ္။
Credit
မိတ်ကပ်လိမ်းစရာတောင်မလိုဘဲ နေ့တိုင်းလှပနေစေဖို့ အမြဲလုပ်ပေးသင့်တဲ့ အရာများ…
မိတ်ကပ် မလိမ်းဘဲ ဒီတိုင်းလေးနေရင်တောင် လှနေတာမျိုးက မိန်းကလေး တိုင်းလိုချင်တဲ့အရာမျိုးပါပဲ။
အသားအရေ လှပပြီး အပြစ်အနာဆာကင်းကင်းလေးနဲ့ လှနေတဲ့ကောင်မလေးဆိုရင် မိန်းကလေးချင်းတောင် သဘောတွေ့ချင်စရာပဲလေ။
ဒီလိုအသားအရေမျိုးကို ပိုင်ဆိုင်ရဖို့ဆိုတာလည်း မပျင်းမရိပဲနဲ့ သေသေချာချာဂရုစိုက်နိုင်မှ အဆင်ပြေမှာပေါ့။
မိတ်ကပ် တွေတောင်လိမ်းစရာမလိုတော့ပဲ အမြဲတမ်းလှပနေချင်တယ်ဆိုရင်တော့ ဒီအချက်တွေကိုလုပ်ကြည့်ပါနော်။
မနက်ပိုင်းမှာလည်း Face Mask သုံးပေးပါ
အချိန် ရတယ်ဆိုရင် မနက်ပိုင်းအိပ်ရာကနေနိုးလာပြီး မျက်နှာသန့်စင်ပြီးသွားပြီဆိုရင် အသားအရေကိုချောမွေ့ပြီး ကြည်လင်သွားစေဖို့ Face Mask လေးကပ်ပေးထားလိုက်မယ်ဆိုရင်
အသားအရေကိုတင်းတင်းရင်းရင်းလေးနဲ့ အပြင်သွားတဲ့အခါမှာလည်း ကောင်းမွန်တဲ့အသားအရေမျိုးနဲ့ လှပနေနိုင်မှာပဲဖြစ်ပါတယ်။
မျက်ခုံးမွှေးလေးတွေ လှပနေဖို့
မျက်ခုံးမွှေးလေးတွေက လှပပြီးကြည့်ကောင်းနေမှလည်း သင့်ကိုသဘာဝအတိုင်းလှပတယ်လို့ မြင်တွေ့ရစေမှာပါ။
မျက်ခုံးမွှေးပါးတယ်ဆိုရင်လည်း မျက်ခုံးမွှေးကိုကြည့်ကောင်းပြီး လိုက်ဖက်မှုရှိအောင်ဆွဲတတ်ဖို့လိုအပ်ပြီး မျက်ခုံးမွှေးရှိပြီးသားဆိုရင်လည်း သပ်သပ်ရပ်ရပ်လေးဖြစ်နေအောင် လုပ်ပေးသင့်တယ်နော်။
အစိုဓာတ်ထိန်းခရင်မ်
သင့်မျက်နှာလေးကို မိတ်ကပ်တွေမလိမ်းဘူးဆိုရင်တောင် အစိုဓာတ်ထိန်းခရင်မ်လေးတော့ လိမ်းထားပေးသင့်ပါတယ်။
အသားအရေကိုလည်း စိုပြေစေပြီး ကြည့်လိုက်ရင်လည်း စိုစိုပြေပြေလေးနဲ့ဆိုတော့ သဘာဝတိုင်းလေးပဲလှပနေစေမှာပေါ့။
မျက်တောင်လေးတွေအတွက်
ပျိုမေတို့ရဲ့မျက်တောင်လေးတွေကို သဘာဝတိုင်းပဲကြည့်ကောင်းနေစေပြီး လှပနေချင်တယ် Mascara တွေနဲ့လည်းမလုပ်ချင်တော့ဘူးဆိုရင်တော့ Vaseline ကိုအစားထိုးပြီး မျက်တောင်လေးတွေကို ကော့ပေးလို့ရပါတယ်။
မျက်တောင်လေးတွေကို သပ်သပ်ရပ်ရပ်နဲ့ပဲ လှပပြီးသဘာဝကျနေမှာပဲဖြစ်ပါတယ်။
နှုတ်ခမ်းလေးတွေ
နှုတ်ခမ်းလေးတွေကလည်း သဘာဝကျကျနဲ့လှပနေဖို့လိုပါတယ်။ ပျိုမေတို့ရဲ့ နှုတ်ခမ်းလေးတွေကို ချောမွေ့နေအောင်လုပ်ဖို့က အရေးကြီးတာပေါ့။
သကြားကိုပျားရည်လေးနဲ့ရောပြီး နှုတ်ခမ်းသားတွေမှာပွတ်ပြီးလိမ်းပေးမယ်ဆိုရင်တော့ နူးညံ့တဲ့နှုတ်ခမ်းလေးတွေကို ပိုင်ဆိုင်ပြီးလှပနေမှာပဲဖြစ်ပါတယ်။
ဒီအချက်တွေကို လိုက်နာပြီးပုံမှန်လေးလုပ်ပေးသွားမယ်ဆိုရင်တော့ မိတ်ကပ်မလိမ်းရင်တောင် လှပပြီးလူအများကအားကျရတဲ့ ကောင်မလေးတစ်ယောက်ဖြစ်သွားစေမှာ အသေချာပဲနော်။
Credit