အေနာက္နဲ႔ ေျမာက္ဘက္အရပ္ေတြကို ဘာေၾကာင့္ ေခါင္းျပဳမအိပ္သင့္လဲ…
ေျမာက္ဘက္ ေခါင္းျပဳ မအိပ္ရဘူးတို႔ အေရွ႕ဘက္ ေျချပဳမအိပ္ရဘူးတို႔ တခ်ိဳ႕မိဘ၊ ဘိုးဘြားေတြ ေျပာတာ ၾကားဖူးၾကမွာပါ။
ဒီလိုအိပ္ရင္ မေကာင္းတဲ့ အိပ္မက္ေတြ မက္တတ္တယ္လို႔ေတာင္ ေျပာၾကပါတယ္။
အမ်ားအားျဖင့္ေတာ့ ဒါ အယူသီးတာပဲလို႔ မွတ္ယူတာေတြလည္း ရွိတယ္။
ဒါကို လူသိ မ်ားေပမယ့္ သိပၸံနည္းက် အေျဖတစ္ခုရွိတာကိုေတာ့ သိတာနည္းတယ္။
ကမာၻႀကီးမွာ သံလိုက္စက္ကြင္းေတြ ရွိတာ ၾကားဖူးၾကမွာပါ။
ခႏၶာကိုယ္မွာလည္း သံလိုက္စက္ကြင္း ရွိပါတယ္။
ေတာင္ဘက္အရပ္ ေခါင္းျပဳ အိပ္တဲ့အခါ ခႏၶာကိုယ္မွာ ရွိတဲ့ သံလိုက္စက္ကြင္းရဲ႕ ဦးတည္ခ်က္နဲ႔ ကမာၻ႔ဝင္႐ိုးစြန္းေတြရဲ႕ သံလိုက္ဓာတ္ေတြ တူညီၿပီး ဆြဲငင္ၾကတယ္။
ဒီလိုအိပ္စက္ၿပီး မနက္ ႏိုးထလာရင္ေတာ့ ေကာင္းေကာင္း အနားယူလိုက္ရလို႔ ၾကည္လင္တဲ့ ခံစားမႈမ်ိဳး ရရွိၾကပါတယ္။
အလားတူပဲ အေရွ႕အရပ္ကို ေခါင္းျပဳ အိပ္မယ္ဆိုရင္ ေနရဲ႕ စြမ္းအင္ဟာ ကိုယ္ခႏၶာကို ျဖတ္သန္းၿပီး ေျခေထာက္ကေန ထြက္သြားပါတယ္။
ဒီျဖတ္သန္းမႈက သင့္ရဲ႕ ဦးေခါင္းကို ေအးျမၾကည္လင္ေစၿပီး ေျခအစုံကို အေႏြးဓာတ္ ရေစပါတယ္။
အေနာက္ဘက္ ေခါင္းျပဳ အိပ္မိရင္ေတာ့ အေရွ႕နဲ႔ ေျပာင္းျပန္၊ ေခါင္းပူ ေျခေအး ျဖစ္ၿပီး က်န္ခဲ့မွာပါ။
စိတ္မအီမသာလည္း ျဖစ္ေစပါတယ္။
ေျမာက္ဘက္အရပ္ ေခါင္းျပဳ အိပ္မယ္ဆိုရင္ေတာ့ ကိုယ္ထဲက သံဓာတ္ေတြဟာ ဦးေႏွာက္ထဲမွာ ခဲၿပီး စိတ္ရႈပ္ေထြး၊ ေခါင္းကိုက္တာေတြ ျဖစ္ေစမွာပါ။
ဒီလို အျဖစ္မ်ားလာရင္ေတာ့ အယ္လ္ဇိုင္းမားတို႔၊ ႂကြက္သားလႈပ္ရွားမႈ ေႏွးေကြးလာတဲ့ နာဗ္ေၾကာေရာဂါ (ပါကင္ဆန္ေရာဂါ)နဲ႔ အျခားအာ႐ုံေၾကာဆိုင္ရာ ေရာဂါေတြ ခံစားရတတ္ပါတယ္။
ဒါကေတာ့ ေတာင္ဘက္အရပ္နဲ႔ အေရွ႕အရပ္ကိုပဲ ေခါင္းျပဳၿပီး အိပ္စက္အနားယူသင့္တယ္ဆိုတာကို သိပၸံနည္းက် ေလ့လာဆန္းစစ္ၿပီး အတည္ျပဳေပးထားတဲ့ အေၾကာင္းျပခ်က္ ျဖစ္ပါတယ္။
Credit: Lay Har Nal
Unicode Version
အနောက်နဲ့ မြောက်ဘက်အရပ်တွေကို ဘာကြောင့် ခေါင်းပြုမအိပ်သင့်လဲ…
မြောက်ဘက် ခေါင်းပြု မအိပ်ရဘူးတို့ အရှေ့ဘက် ခြေပြုမအိပ်ရဘူးတို့ တချို့မိဘ၊ ဘိုးဘွားတွေ ပြောတာ ကြားဖူးကြမှာပါ။
ဒီလိုအိပ်ရင် မကောင်းတဲ့ အိပ်မက်တွေ မက်တတ်တယ်လို့တောင် ပြောကြပါတယ်။
အများအားဖြင့်တော့ ဒါ အယူသီးတာပဲလို့ မှတ်ယူတာတွေလည်း ရှိတယ်။
ဒါကို လူသိ များပေမယ့် သိပ္ပံနည်းကျ အဖြေတစ်ခုရှိတာကိုတော့ သိတာနည်းတယ်။
ကမာ္ဘကြီးမှာ သံလိုက်စက်ကွင်းတွေ ရှိတာ ကြားဖူးကြမှာပါ။
ခန္ဓာကိုယ်မှာလည်း သံလိုက်စက်ကွင်း ရှိပါတယ်။
တောင်ဘက်အရပ် ခေါင်းပြု အိပ်တဲ့အခါ ခန္ဓာကိုယ်မှာ ရှိတဲ့ သံလိုက်စက်ကွင်းရဲ့ ဦးတည်ချက်နဲ့ ကမာ္ဘ့ဝင်ရိုးစွန်းတွေရဲ့ သံလိုက်ဓာတ်တွေ တူညီပြီး ဆွဲငင်ကြတယ်။
ဒီလိုအိပ်စက်ပြီး မနက် နိုးထလာရင်တော့ ကောင်းကောင်း အနားယူလိုက်ရလို့ ကြည်လင်တဲ့ ခံစားမှုမျိုး ရရှိကြပါတယ်။
အလားတူပဲ အရှေ့အရပ်ကို ခေါင်းပြု အိပ်မယ်ဆိုရင် နေရဲ့ စွမ်းအင်ဟာ ကိုယ်ခန္ဓာကို ဖြတ်သန်းပြီး ခြေထောက်ကနေ ထွက်သွားပါတယ်။
ဒီဖြတ်သန်းမှုက သင့်ရဲ့ ဦးခေါင်းကို အေးမြကြည်လင်စေပြီး ခြေအစုံကို အနွေးဓာတ် ရစေပါတယ်။
အနောက်ဘက် ခေါင်းပြု အိပ်မိရင်တော့ အရှေ့နဲ့ ပြောင်းပြန်၊ ခေါင်းပူ ခြေအေး ဖြစ်ပြီး ကျန်ခဲ့မှာပါ။
စိတ်မအီမသာလည်း ဖြစ်စေပါတယ်။
မြောက်ဘက်အရပ် ခေါင်းပြု အိပ်မယ်ဆိုရင်တော့ ကိုယ်ထဲက သံဓာတ်တွေဟာ ဦးနှောက်ထဲမှာ ခဲပြီး စိတ်ရှုပ်ထွေး၊ ခေါင်းကိုက်တာတွေ ဖြစ်စေမှာပါ။
ဒီလို အဖြစ်များလာရင်တော့ အယ်လ်ဇိုင်းမားတို့၊ ကြွက်သားလှုပ်ရှားမှု နှေးကွေးလာတဲ့ နာဗ်ကြောရောဂါ (ပါကင်ဆန်ရောဂါ)နဲ့ အခြားအာရုံကြောဆိုင်ရာ ရောဂါတွေ ခံစားရတတ်ပါတယ်။
ဒါကတော့ တောင်ဘက်အရပ်နဲ့ အရှေ့အရပ်ကိုပဲ ခေါင်းပြုပြီး အိပ်စက်အနားယူသင့်တယ်ဆိုတာကို သိပ္ပံနည်းကျ လေ့လာဆန်းစစ်ပြီး အတည်ပြုပေးထားတဲ့ အကြောင်းပြချက် ဖြစ်ပါတယ်။
Credit: Lay Har Nal
Unicode Version