သင့္ခ်စ္သူက ဒီလိုအခ်က္ေတြလုပ္ေပးရင္ သင့္ကိုတကယ္ခ်စ္လို႔ပါ…
လက္ရွိတြဲေနတဲ့ ခ်စ္သူက ကိုယ့္ကိုတကယ္ခ်စ္ရဲ့လားဆိုတာ ဘယ္လိုနည္းလမ္းေတြနဲ႔ သိနိုင္ပါမလဲ …၊
တခါတရံမွာ ကိုယ့္ကို တကယ္ခ်စ္လား၊ မခ်စ္ဘူးလားဆိုတာ အေျဖရွာဖို႔ ခက္ပါတယ္။
မိန္းကေလးေတြက သူတို႔ကို အျမဲေပ်ာ္ရႊင္ေအာင္ ထားတတ္တဲ့ ခ်စ္သူကို လိုခ်င္ေတာင့္တတတ္ၾကပါတယ္။
သင္လိုခ်င္တာထက္ကိုပိုၿပီး ျဖည့္ဆည္းေပးတဲ့သူက သင့္ဘဝမွာ လက္မလႊတ္သင့္တဲ့သူပါပဲ။
“ဘယ္အရာကမွ မင္းေလာက္အေရးမႀကီးဘူး” ဆိုၿပီး ေပ်ာ္ရႊင္ေအာင္ထားေပးတတ္သူကို မိန္းကေလးေတြက သေဘာက်ၾကပါတယ္။
အရင္ေခတ္ကလူေတြက ခ်စ္ရတဲ့သူကို စကားလုံးေတြနဲ႔ပဲ ဘယ္ေလာက္ခ်စ္ေၾကာင္း သိေစပါတယ္။ ယခုေခတ္မွာေတာ့ အဲဒီလိုမဟုတ္ေတာ့ပါဘူး။
တစ္ခါတေလမွာ အျပဳအမူေတြက စကားလုံးေတြထက္ပိုၿပီး ထိေရာက္တယ္ဆိုတာ ယုံၾကည္ဖို႔လိုပါတယ္။
သင့္ကိုသူ ဘယ္ေလာက္ခ်စ္ေၾကာင္း နားလည္ေစခ်င္ရင္ေတာ့ သင့္အတြက္ တစ္ခုခုကို အထူးတလည္ ျပဳလုပ္ေပးမွာပါ။
သင္ျပဳံးေနနိုင္ဖို႔ သူအလုပ္ေတြ ႀကိဳးစားေနတယ္ဆိုတာလည္း သင့္ဘက္က နားလည္ေပးဖို႔ လိုပါတယ္။ သူက သင္နဲ႔အတူ အခ်ိန္ေတြလည္း အလဟႆမျဖစ္ခ်င္ပါဘူး။
ဒါေပမယ့္ ေယာက်္ားေလးေတြက တစ္ေယာက္နဲ႔တစ္ေယာက္ မတူၾကပါဘူး …။
သင့္ခ်စ္သူက ကတိေတြေပးဖို႔ အဆင္သင့္ျဖစ္ေနပါတယ္။ သူက ရည္းစားပဲျဖစ္ခ်င္႐ုံ မဟုတ္ပါဘူး။ သင္နဲ႔တစ္ဘဝလုံးကို အတူတူျဖတ္သန္းခ်င္တာပါ။
သင့္ကို တစ္ဘဝလုံးစာ ကတိေတြေပးဖို႔ အဆင္သင့္ျဖစ္ေနသူက သင့္ကို တကယ္ခ်စ္တဲ့သူပါပဲ။
ေယာက်္ားေတြက ကတိမတည္တတ္တဲ့သူေတြပဲလို႔ မိန္းကေလးေတြက ယုံၾကည္ေနၾကပါတယ္။ အဲဒီအတြက္ သံသယျဖစ္စရာမလိုပါဘူး။
တျခားဘက္က စဥ္းစားၾကည့္ရင္လည္း မိန္းကေလးေတြရဲ့ ခံစားခ်က္ကို အေလးအနက္ထားၿပီး တန္ဖိုးထားတတ္တဲ့သူဆိုတာ ရွိပါေသးတယ္ေနာ္။
အဲဒီေတာ့ သင့္ေကာင္ေလးက သင့္အတြက္သီးသန႔္ ခမ္းခမ္းနားနား ၊ ဆန္းဆန္းျပားျပားအရာေတြနဲ႔ ေပ်ာ္ေအာင္လုပ္ေပးမွာ မဟုတ္ဘူးလို႔ မေတြးသင့္ပါဘူး။
အေသးအမႊားေလးကအစ ဂ႐ုစိုက္ၿပီး ျဖည့္ဆည္းေပးတဲ့သူဟာ သင့္အတြက္ အေကာင္းဆုံးသူ၊ တကယ္ခ်စ္တဲ့သူပဲ ျဖစ္ပါတယ္။
ေနာက္တစ္ခ်က္ကေတာ့ တကယ္ခ်စ္ရင္ ဘယ္လိုအေၾကာင္းျပခ်က္နဲ႔မွ ထားမသြားပါဘူး။ အေၾကာင္းအမ်ိဳးမ်ိဳးျပၿပီး ထားခဲ့တဲ့သူက တကယ္မခ်စ္လို႔ပါပဲေနာ္။
ၿပီးေတာ့ သင့္ခ်စ္သူက သူျဖစ္ခ်င္တာထက္ သင္ျဖစ္ခ်င္တဲ့ဆႏၵကို ဦးစားေပးျပဳမူရင္ေတာ့ တကယ္ခ်စ္တယ္ဆိုတာ မွားစရာမရွိေတာ့ပါဘူး။
အဲ့ဒီလိုခ်စ္သူမ်ိဳးဆိုရင္ေတာ့ သင္လက္မလႊတ္သင့္တဲ့သူပဲ ျဖစ္ပါတယ္ေနာ္ …။
Zombie(LoveMedia)
Unicode Version
သင့်ချစ်သူက ဒီလိုအချက်တွေလုပ်ပေးရင် သင့်ကိုတကယ်ချစ်လို့ပါ…
လက်ရှိတွဲနေတဲ့ ချစ်သူက ကိုယ့်ကိုတကယ်ချစ်ရဲ့လားဆိုတာ ဘယ်လိုနည်းလမ်းတွေနဲ့ သိနိုင်ပါမလဲ။
တခါတရံမှာ ကိုယ့်ကို တကယ်ချစ်လား၊ မချစ်ဘူးလားဆိုတာ အဖြေရှာဖို့ ခက်ပါတယ်။
မိန်းကလေးတွေက သူတို့ကို အမြဲပျော်ရွှင်အောင် ထားတတ်တဲ့ ချစ်သူကို လိုချင်တောင့်တတတ်ကြပါတယ်။
သင်လိုချင်တာထက်ကိုပိုပြီး ဖြည့်ဆည်းပေးတဲ့သူက သင့်ဘဝမှာ လက်မလွှတ်သင့်တဲ့သူပါပဲ။
“ဘယ်အရာကမှ မင်းလောက်အရေးမကြီးဘူး” ဆိုပြီး ပျော်ရွှင်အောင်ထားပေးတတ်သူကို မိန်းကလေးတွေက သဘောကျကြပါတယ်။
အရင်ခေတ်ကလူတွေက ချစ်ရတဲ့သူကို စကားလုံးတွေနဲ့ပဲ ဘယ်လောက်ချစ်ကြောင်း သိစေပါတယ်။ ယခုခေတ်မှာတော့ အဲဒီလိုမဟုတ်တော့ပါဘူး။
တစ်ခါတလေမှာ အပြုအမူတွေက စကားလုံးတွေထက်ပိုပြီး ထိရောက်တယ်ဆိုတာ ယုံကြည်ဖို့လိုပါတယ်။
သင့်ကိုသူ ဘယ်လောက်ချစ်ကြောင်း နားလည်စေချင်ရင်တော့ သင့်အတွက် တစ်ခုခုကို အထူးတလည် ပြုလုပ်ပေးမှာပါ။
သင်ပြုံးနေနိုင်ဖို့ သူအလုပ်တွေ ကြိုးစားနေတယ်ဆိုတာလည်း သင့်ဘက်က နားလည်ပေးဖို့ လိုပါတယ်။ သူက သင်နဲ့အတူ အချိန်တွေလည်း အလဟဿမဖြစ်ချင်ပါဘူး။
ဒါပေမယ့် ယောက်ျားလေးတွေက တစ်ယောက်နဲ့တစ်ယောက် မတူကြပါဘူး။
သင့်ချစ်သူက ကတိတွေပေးဖို့ အဆင်သင့်ဖြစ်နေပါတယ်။ သူက ရည်းစားပဲဖြစ်ချင်ရုံ မဟုတ်ပါဘူး။ သင်နဲ့တစ်ဘဝလုံးကို အတူတူဖြတ်သန်းချင်တာပါ။
သင့်ကို တစ်ဘဝလုံးစာ ကတိတွေပေးဖို့ အဆင်သင့်ဖြစ်နေသူက သင့်ကို တကယ်ချစ်တဲ့သူပါပဲ။
ယောက်ျားတွေက ကတိမတည်တတ်တဲ့သူတွေပဲလို့ မိန်းကလေးတွေက ယုံကြည်နေကြပါတယ်။ အဲဒီအတွက် သံသယဖြစ်စရာမလိုပါဘူး။
တခြားဘက်က စဉ်းစားကြည့်ရင်လည်း မိန်းကလေးတွေရဲ့ ခံစားချက်ကို အလေးအနက်ထားပြီး တန်ဖိုးထားတတ်တဲ့သူဆိုတာ ရှိပါသေးတယ်နော်။
အဲဒီတော့ သင့်ကောင်လေးက သင့်အတွက်သီးသန့် ခမ်းခမ်းနားနား ၊ ဆန်းဆန်းပြားပြားအရာတွေနဲ့ ပျော်အောင်လုပ်ပေးမှာ မဟုတ်ဘူးလို့ မတွေးသင့်ပါဘူး။
အသေးအမွှားလေးကအစ ဂရုစိုက်ပြီး ဖြည့်ဆည်းပေးတဲ့သူဟာ သင့်အတွက် အကောင်းဆုံးသူ၊ တကယ်ချစ်တဲ့သူပဲ ဖြစ်ပါတယ်။
နောက်တစ်ချက်ကတော့ တကယ်ချစ်ရင် ဘယ်လိုအကြောင်းပြချက်နဲ့မှ ထားမသွားပါဘူး။ အကြောင်းအမျိုးမျိုးပြပြီး ထားခဲ့တဲ့သူက တကယ်မချစ်လို့ပါပဲနော်။
ပြီးတော့ သင့်ချစ်သူက သူဖြစ်ချင်တာထက် သင်ဖြစ်ချင်တဲ့ဆန္ဒကို ဦးစားပေးပြုမူရင်တော့ တကယ်ချစ်တယ်ဆိုတာ မှားစရာမရှိတော့ပါဘူး။
အဲ့ဒီလိုချစ်သူမျိုးဆိုရင်တော့ သင်လက်မလွှတ်သင့်တဲ့သူပဲ ဖြစ်ပါတယ်နော်။
Zombie(LoveMedia)