Love

ေယာက်္ားေတြ ေတာင့္တတဲ႔ မိန္းမ ဆိုတာ..

ေယာက်္ားေတြ ေတာင့္တတဲ႔ မိန္းမ ဆိုတာ..

ေယာက္်ား တစ္ေယာက္က ေျပာတယ္……

(၁) မိန္းကေလး တစ္ေယာက္ဟာ သိပ္ေခ်ာသိပ္လွစရာမလိုဘူး။

လူၾကားသူၾကားထဲေခၚထြက္လို႔ရၿပီး အိမ္အျပန္ေခၚျပန္လာလို႔ရရင္ ရၿပီ။

(၂) ျဖစ္ခဲ့ဖူးတဲ့အတိတ္ကို ငါလိုက္မေမးဘူး။ ဒါေပမယ့္ ငါနဲ႔ေတြ႔ၿပီးတဲ့ေနာက္ ငါ့တစ္ေယာက္တည္းကိုပဲ ေကာင္းေကာင္းခ်စ္ရင္ ရၿပီ။

(၃) အလုပ္လုပ္ခ်င္ရင္ အလုပ္ တစ္ခု႐ွာလုပ္ႏိုင္တယ္။ မလုပ္ခ်င္ရင္ အိမ္မွာပဲ

အိမ္႐ွင္မ အျဖစ္ ပီပီသသေန။ နင့္ကို ငါယူရဲရင္ နင့္ကိုေကၽြးႏိုင္တဲ့အား ငါ့မွာ႐ွိတယ္။

(၄) တျခားလူေလာက္ ငါခ်မ္းသာခ်င္မွ ခ်မ္းသာမယ္။ ဒါေပမယ့္ တျခားလူ နင့္ကိုေပးႏိုင္တဲ့အရာ ငါလည္းေပးႏိုင္တယ္။

(၅) နင့္အနားမွာ ငါေန႔တိုင္းအေဖာ္ျပဳႏိုင္ခ်င္မွ ျပဳႏိုင္မယ္။ ဒီအိမ္အတြက္ ငါအျပင္ထြက္ ႐ုန္းကန္ရမယ္။

ဒါေပမယ့္ ငါ့ဖုန္းဘယ္ေတာ့မွ ပိတ္မထားဘူး… ဘယ္အခ်ိန္ျဖစ္ျဖစ္ ငါ့ကို နင္႐ွာေတြ႔ႏိုင္ေစရမယ္။

(၆) သူငယ္ခ်င္း တစ္သိုက္နဲ႔ ငါ ထြက္ေသာက္ျဖစ္တဲ့အခါတိုင္း နင့္ကိုငါေခၚသြားမွာမဟုတ္ဘူး။

ဒါေပမယ့္ ခမ္းခမ္းနားနားက်င္းပတဲ့ပဲြမွန္သမွ် နင့္ကို ငါဂုဏ္႐ွိ႐ွိတဲြေခၚၿပီး လူေတြနဲ႔မိတ္ဆက္ေပးလို႔ရတယ္။

(၇) တခ်ဳိ႕ကေျပာတယ္.. မိန္းမယူတာ ထမင္းခ်က္၊ အဝတ္ေလွ်ာ္၊ ကေလးထိန္းဖို႔တဲ့။ ငါေတာ့ ဒီလိုမထင္ဘူး။

အိမ္မႈကိစၥေတြကို ငါခဲြေဝကူလုပ္ေပးႏိုင္တယ္။ ဒါေပမယ့္ ငါလုပ္တယ္ဆိုၿပီး နင္မလုပ္ေတာ့တာ မျဖစ္ပါေစနဲ႔။

(၈) ဝမ္းနည္းတဲ့ဘယ္လိုကိစၥမ်ဳိးမဆို ငါ့ကို နင္ေျပာပါ။ ငါရဲ႕ခိုင္ခံ့တဲ့ပခံုးနဲ႔ နင့္ကိုငါအမွီေပးမယ္။

(၉) ငါ့မွာ ေယာက္်ား မာန္ဆိုတာ႐ွိတတ္တယ္။ အျပင္မွာ၊ ငါ့မိတ္ေဆြသူငယ္ခ်င္းေ႐ွ႕မွာ ငါ့ကို မ်က္ႏွာသာေပးဖို႔ မေမ့ပါနဲ႔။ အိမ္မွာ နင့္ကို ငါမ်က္ႏွာသာေပးထားတယ္။

(၁ဝ) နင္အရမ္းရင့္က်က္ဖို႔ ငါမလိုဘူး။ ရင့္က်က္တဲ့ မိန္းမ တစ္ေယာက္ဟာ အရမ္းေမာရတတ္တယ္။

ငါ့ကို နင္ခၽြဲႏြ႔ဲလို႔ရတယ္။ နင့္ကို ဂ႐ုစိုက္ကာကြယ္တာဟာ ငါရဲ႕တစ္သက္တာ တာဝန္ပါ။

(၁၁) တစ္ခ်ိန္ခ်ိန္မွာ ငါပိုက္ဆံမ႐ွိေတာ့သြားတဲ့အခါ ငါ့ရဲ႕အရည္အခ်င္းကို နင္အကဲမျဖတ္ပါနဲ႔။

ဘဝ ဆိုတာ ဗံုလုံတစ္လွည့္ ငါးပ်ံတစ္လွည့္ပါပဲ။ ငါတို႔ျဖတ္သန္းေနတာက ေန႔ရက္ေတြကိုပါ။ ေငြေၾကးကိုျဖတ္သန္းေနတာ မဟုတ္ပါဘူး။

မိန္းကေလး ေတြ လိုခ်င္တာ သိပ္မမ်ားဘူး။ ေယာက္်ားေလး လိုခ်င္တာလည္း သိပ္မမ်ားဘူး။

လိုခ်င္တာခ်င္း တူခ်င္မွတူလိမ့္မယ္ဆိုေပမယ့္ ခ်စ္ျခင္းေမတၱာအဓြန္႔႐ွည္ဖို႔၊ တည္တံ့ခိုင္ၿမဲဖို႔၊ သာယာခ်မ္းေျမ့ဖို႔၊ အခ်င္းခ်င္းနားလည္မႈရယူႏိုင္ဖို႔ကေတာ့ တူၾကပါလိမ့္မယ္။

တခ်ဳိ႕ကေျပာတယ္…

မိန္းမ က ေရ၊ ေယာက္်ား က ႐ႊ႔ံပါတဲ့။ အိမ္ေထာင္တစ္ ခု၊ မိသားစု တစ္စုရဲ႕ လွပၿပီးျပည့္စံုပံုသ႑ာန္ကုိ ေဖာ္ႏိုင္ဖို႔႐ြံ႕နဲ႔ေရရဲ႕ေပါင္းစပ္မႈေပၚမွာ မူတည္သတဲ့။

႐ြံ႕ မ်ားရင္ လိုခ်င္တဲ့ပံုသ႑ာန္ကို လုပ္လို႔မရႏိုင္ဘူး။ ေရမ်ားရင္ ႐ြံ႕ေပ်ာ့ကုန္တယ္။ ႐ြံ႕ နဲ႔ေရကို အခ်ဳိးက်ေပါင္းစပ္မွ လွပတဲ့ပံုသ႑ာန္တစ္ခုကို ထုဆစ္ႏိုင္မွာျဖစ္ပါတယ္

Thihankyaw

ယောက်ျားတွေ တောင့်တတဲ့ မိန်းမ ဆိုတာ..

ယောက်ျား တစ်ယောက်က ပြောတယ်……

(၁) မိန်းကလေး တစ်ယောက်ဟာ သိပ်ချောသိပ်လှစရာမလိုဘူး။

လူကြားသူကြားထဲခေါ်ထွက်လို့ရပြီး အိမ်အပြန်ခေါ်ပြန်လာလို့ရရင် ရပြီ။

(၂) ဖြစ်ခဲ့ဖူးတဲ့အတိတ်ကို ငါလိုက်မမေးဘူး။ ဒါပေမယ့် ငါနဲ့တွေ့ပြီးတဲ့နောက် ငါ့တစ်ယောက်တည်းကိုပဲ ကောင်းကောင်းချစ်ရင် ရပြီ။

(၃) အလုပ်လုပ်ချင်ရင် အလုပ် တစ်ခုရှာလုပ်နိုင်တယ်။ မလုပ်ချင်ရင် အိမ်မှာပဲ

အိမ်ရှင်မ အဖြစ် ပီပီသသနေ။ နင့်ကို ငါယူရဲရင် နင့်ကိုကျွေးနိုင်တဲ့အား ငါ့မှာရှိတယ်။

(၄) တခြားလူလောက် ငါချမ်းသာချင်မှ ချမ်းသာမယ်။ ဒါပေမယ့် တခြားလူ နင့်ကိုပေးနိုင်တဲ့အရာ ငါလည်းပေးနိုင်တယ်။

(၅) နင့်အနားမှာ ငါနေ့တိုင်းအဖော်ပြုနိုင်ချင်မှ ပြုနိုင်မယ်။ ဒီအိမ်အတွက် ငါအပြင်ထွက် ရုန်းကန်ရမယ်။

ဒါပေမယ့် ငါ့ဖုန်းဘယ်တော့မှ ပိတ်မထားဘူး… ဘယ်အချိန်ဖြစ်ဖြစ် ငါ့ကို နင်ရှာတွေ့နိုင်စေရမယ်။

(၆) သူငယ်ချင်း တစ်သိုက်နဲ့ ငါ ထွက်သောက်ဖြစ်တဲ့အခါတိုင်း နင့်ကိုငါခေါ်သွားမှာမဟုတ်ဘူး။

ဒါပေမယ့် ခမ်းခမ်းနားနားကျင်းပတဲ့ပွဲမှန်သမျှ နင့်ကို ငါဂုဏ်ရှိရှိတွဲခေါ်ပြီး လူတွေနဲ့မိတ်ဆက်ပေးလို့ရတယ်။

(၇) တချို့ကပြောတယ်.. မိန်းမယူတာ ထမင်းချက်၊ အဝတ်လျှော်၊ ကလေးထိန်းဖို့တဲ့။ ငါတော့ ဒီလိုမထင်ဘူး။

အိမ်မှုကိစ္စတွေကို ငါခွဲဝေကူလုပ်ပေးနိုင်တယ်။ ဒါပေမယ့် ငါလုပ်တယ်ဆိုပြီး နင်မလုပ်တော့တာ မဖြစ်ပါစေနဲ့။

(၈) ဝမ်းနည်းတဲ့ဘယ်လိုကိစ္စမျိုးမဆို ငါ့ကို နင်ပြောပါ။ ငါရဲ့ခိုင်ခံ့တဲ့ပခုံးနဲ့ နင့်ကိုငါအမှီပေးမယ်။

(၉) ငါ့မှာ ယောက်ျား မာန်ဆိုတာရှိတတ်တယ်။ အပြင်မှာ၊ ငါ့မိတ်ဆွေသူငယ်ချင်းရှေ့မှာ ငါ့ကို မျက်နှာသာပေးဖို့ မမေ့ပါနဲ့။ အိမ်မှာ နင့်ကို ငါမျက်နှာသာပေးထားတယ်။

(၁ဝ) နင်အရမ်းရင့်ကျက်ဖို့ ငါမလိုဘူး။ ရင့်ကျက်တဲ့ မိန်းမ တစ်ယောက်ဟာ အရမ်းမောရတတ်တယ်။

ငါ့ကို နင်ချွဲနွဲ့လို့ရတယ်။ နင့်ကို ဂရုစိုက်ကာကွယ်တာဟာ ငါရဲ့တစ်သက်တာ တာဝန်ပါ။

(၁၁) တစ်ချိန်ချိန်မှာ ငါပိုက်ဆံမရှိတော့သွားတဲ့အခါ ငါ့ရဲ့အရည်အချင်းကို နင်အကဲမဖြတ်ပါနဲ့။

ဘဝ ဆိုတာ ဗုံလုံတစ်လှည့် ငါးပျံတစ်လှည့်ပါပဲ။ ငါတို့ဖြတ်သန်းနေတာက နေ့ရက်တွေကိုပါ။ ငွေကြေးကိုဖြတ်သန်းနေတာ မဟုတ်ပါဘူး။

မိန်းကလေး တွေ လိုချင်တာ သိပ်မများဘူး။ ယောက်ျားလေး လိုချင်တာလည်း သိပ်မများဘူး။

လိုချင်တာချင်း တူချင်မှတူလိမ့်မယ်ဆိုပေမယ့် ချစ်ခြင်းမေတ္တာအဓွန့်ရှည်ဖို့၊ တည်တံ့ခိုင်မြဲဖို့၊ သာယာချမ်းမြေ့ဖို့၊ အချင်းချင်းနားလည်မှုရယူနိုင်ဖို့ကတော့ တူကြပါလိမ့်မယ်။

တချို့ကပြောတယ်…

မိန်းမ က ရေ၊ ယောက်ျား က ရွှံ့ပါတဲ့။ အိမ်ထောင်တစ် ခု၊ မိသားစု တစ်စုရဲ့ လှပပြီးပြည့်စုံပုံသဏ္ဍာန်ကို ဖော်နိုင်ဖို့ရွံ့နဲ့ရေရဲ့ပေါင်းစပ်မှုပေါ်မှာ မူတည်သတဲ့။

ရွံ့ များရင် လိုချင်တဲ့ပုံသဏ္ဍာန်ကို လုပ်လို့မရနိုင်ဘူး။ ရေများရင် ရွံ့ပျော့ကုန်တယ်။ ရွံ့ နဲ့ရေကို အချိုးကျပေါင်းစပ်မှ လှပတဲ့ပုံသဏ္ဍာန်တစ်ခုကို ထုဆစ်နိုင်မှာဖြစ်ပါတယ်

Thihankyaw