Healthy

အခ်ိန္(၁၅)မိနစ္ပဲေပးၿပီး ေရသန္႔တစ္ဗူးထဲနဲ႔ ေပါင္တြင္းအဆီက်ေစမယ့္ နည္းလမ္း…

အခ်ိန္(၁၅)မိနစ္ပဲေပးၿပီး ေရသန္႔တစ္ဗူးထဲနဲ႔ ေပါင္တြင္းအဆီက်ေစမယ့္ နည္းလမ္း…

ေမာ္ဒယ္ေလးေတြ ကို သြယ္လ်လွပတဲ့ ေျခေထာက္နဲ႔ အမိုက္စား Body ကို ပိုင္ဆိုင္ခ်င္ၾကတဲ့ ပ်ိဳေမ တို႔ အတြက္ အလြယ္ဆုံး ေလ့က်င့္ခန္းတစ္ခုကို ေဝမွ်ေပးခ်င္ပါတယ္။

အေမရိကန္ တကၠဆက္ ျပည္နယ္မွာ႐ွိတဲ့ Texas Medical Branch-Galveston ကေတာ့ တစ္ပတ္မွာ တစ္ႀကိမ္ Gym သြားတာထက္ ေန႔စဥ္ ကိုယ္လက္လႈပ္႐ွားအားကစားလုပ္တာ ပိုထိေရာက္တယ္လို႔ ေျပာခဲ့ပါတယ္။

သူတို႔ ေတြ႕ ခဲ့ တဲ့ ေလ့က်င့္ခန္းကေတာ့ စက္ ကိရိ ယာ ပစၥည္း မလိုပါဘူး။ေရပုလင္း တစ္ခု႐ွိရင္ ရပါၿပီ။အခ်ိန္ ကေတာ့ (၁၅) မိနစ္ ေလာက္ေပးရင္ လုံေလာက္ပါၿပီ။

ေရပုလင္းကို ေျခေထာက္ ႏွစ္ေခ်ာင္းၾကားထဲမွာ ညႇပ္ ထားေပးရမွာပါ။ဒီလို ညႇပ္ ထား ေပးျခင္းက ေပါင္အတြင္းနဲ႔ အျပင္၊တင္ပဆုံ၊ဝမ္းဗိုက္ ႂကြက္သားေတြ ၊ေနာက္ ေက်ာ ဘက္က ႂကြက္သားေတြကို လႈပ္႐ွားေစပါတယ္။

အဆီေတြ ေခ် ဖ်က္ ေပးႏိုင္ပါတယ္။ေျခေထာက္ ႂကြက္သားေတြ ေရာင္ရမ္း တာမ်ိဳးကိုလည္း ေလ်ာ့ က် ေစႏိုင္ပါတယ္။ခႏၶာကိုယ္ တစ္ခု လုံးက ႂကြက္သားေတြကို ၾကံ့ခိုင္ ေစပါတယ္။

ပုံမွာ ျပထားတဲ့အတိုင္း ေရပုလင္းကို ေပါင္ႏွစ္ေခ်ာင္းရဲ႕ အတြင္းပိုင္းမွာထည့္ညႇပ္ေပးတာပါ။ ေျခေထာက္ ႏွစ္ေခ်ာင္းကိုေတာ့ တည့္တည့္ မတ္မတ္ ရပ္ထားေပးပါ။

ၿပီးရင္ေတာ့ နီးကပ္လို႔ရတဲ့အထိ တက္ႏိုင္သေလာက္ႀကိဳးစားၿပီး ေရသန္႔ဘူးကို ညႇစ္ပါ။ ေပါင္အတြင္းသားေတြကို အားျပဳညႇစ္ေပးပါ။ ဒါၿပီးရင္ေတာ့ တင္ပဆုံ႐ိုးရဲ႕လႈပ္႐ွားမႈကိုပါ ထည့္ေပးပါ။

ဗိုက္ႂကြက္သားကို ညႇစ္ၿပီး ေနာက္ေက်ာကေန ေ႐ွ႕ကိုတြန္းလိုက္ ျပန္ဆုတ္လိုက္ ပ္ေပးပါ။ ျမန္ျမန္လုပ္စရာ မလိုပါဘူး။ ျဖည္းျဖည္းပဲ လုပ္ေပးရင္ရပါၿပီ။

ဒီေလ့က်င့္ခန္းကိုလုပ္တဲ့ ေနရာမွာအဆင့္ (3) ဆင့္႐ွိပါတယ္။ ေရပုလင္းက ေအာက္ကိုေရာက္ေလ ညႇစ္ရတပိုခက္ေလပါ။

ပထမအဆင့္ ေပါင္ၾကားမွာညႇပ္၊ ၿပီးရင္ ဒုတိယအဆင့္အေနနဲ႔ ေပါင္ျခံနဲ႔ဒူး အလယ္ၾကားမွာထားၿပီးညႇစ္ပါ။ တတိယအဆင့္အေနနဲ႔ကေတာ့ ဒူးႏွစ္ဖက္ၾကားမွာထည့္ညႇစ္ပါ။

ဒီေလ့က်င့္ခန္းမွာ အဓိကက ႂကြက္သားေတြကို အသားေပးလုပ္ရမွာပါ။ aနာက္ပိုင္းလုပ္ေနက် သြားရင္ေတာ့ ေရဘူးရဲ႕ အကူအညီမပါပဲ ႂကြက္သားေတြကို ညႇစ္ႏိုင္တဲ့ အဆင့္ထိaရာက္သြားပါလိမ့္မယ္။

ဒီေလ့က်င့္ခန္းကေန အမ်ိဳးသမီးေတြ ျဖစ္တတ္တဲ့ ဆီးမထိန္းႏိုင္တဲ့ေရာဂါ၊ သားအိမ္က်တဲ့ ေရာဂါေတြကိုလည္း သက္သာေစပါတယ္။

ဗိုက္ႂကြက္သားေတြကို အားေကာင္းေစသလို လႈပ္႐ွားမႈေတြကိုလည္း အမ်ားႀကီး အေထာက္အကူျဖစ္ေစပါတယ္။

Unicode ျဖင့္ဖတ္ရန္

အချိန်(၁၅)မိနစ်ပဲပေးပြီး ရေသန့်တစ်ဗူးထဲနဲ့ ပေါင်တွင်းအဆီကျစေမယ့် နည်းလမ်း…

မော်ဒယ်လေးတွေ ကို သွယ်လျလှပတဲ့ ခြေထောက်နဲ့ အမိုက်စား Body ကို ပိုင်ဆိုင်ချင်ကြတဲ့ ပျိုမေ တို့ အတွက် အလွယ်ဆုံး လေ့ကျင့်ခန်းတစ်ခုကို ဝေမျှပေးချင်ပါတယ်။

အမေရိကန် တက္ကဆက် ပြည်နယ်မှာရှိတဲ့ Texas Medical Branch-Galveston ကတော့ တစ်ပတ်မှာ တစ်ကြိမ် Gym သွားတာထက် နေ့စဉ် ကိုယ်လက်လှုပ်ရှားအားကစားလုပ်တာ ပိုထိရောက်တယ်လို့ ပြောခဲ့ပါတယ်။

သူတို့ တွေ့ ခဲ့ တဲ့ လေ့ကျင့်ခန်းကတော့ စက် ကိရိ ယာ ပစ္စည်း မလိုပါဘူး။ရေပုလင်း တစ်ခုရှိရင် ရပါပြီ။အချိန် ကတော့ (၁၅) မိနစ် လောက်ပေးရင် လုံလောက်ပါပြီ။

ရေပုလင်းကို ခြေထောက် နှစ်ချောင်းကြားထဲမှာ ညှပ် ထားပေးရမှာပါ။ဒီလို ညှပ် ထား ပေးခြင်းက ပေါင်အတွင်းနဲ့ အပြင်၊တင်ပဆုံ၊ဝမ်းဗိုက် ကြွက်သားတွေ ၊နောက် ကျော ဘက်က ကြွက်သားတွေကို လှုပ်ရှားစေပါတယ်။

အဆီတွေ ချေ ဖျက် ပေးနိုင်ပါတယ်။ခြေထောက် ကြွက်သားတွေ ရောင်ရမ်း တာမျိုးကိုလည်း လျော့ ကျ စေနိုင်ပါတယ်။ခန္ဓာကိုယ် တစ်ခု လုံးက ကြွက်သားတွေကို ကြံ့ခိုင် စေပါတယ်။

ပုံမှာ ပြထားတဲ့အတိုင်း ရေပုလင်းကို ပေါင်နှစ်ချောင်းရဲ့ အတွင်းပိုင်းမှာထည့်ညှပ်ပေးတာပါ။ ခြေထောက် နှစ်ချောင်းကိုတော့ တည့်တည့် မတ်မတ် ရပ်ထားပေးပါ။

ပြီးရင်တော့ နီးကပ်လို့ရတဲ့အထိ တက်နိုင်သလောက်ကြိုးစားပြီး ရေသန့်ဘူးကို ညှစ်ပါ။ ပေါင်အတွင်းသားတွေကို အားပြုညှစ်ပေးပါ။ ဒါပြီးရင်တော့ တင်ပဆုံရိုးရဲ့လှုပ်ရှားမှုကိုပါ ထည့်ပေးပါ။

ဗိုက်ကြွက်သားကို ညှစ်ပြီး နောက်ကျောကနေ ရှေ့ကိုတွန်းလိုက် ပြန်ဆုတ်လိုက် ပ်ပေးပါ။ မြန်မြန်လုပ်စရာ မလိုပါဘူး။ ဖြည်းဖြည်းပဲ လုပ်ပေးရင်ရပါပြီ။

ဒီလေ့ကျင့်ခန်းကိုလုပ်တဲ့ နေရာမှာအဆင့် (3) ဆင့်ရှိပါတယ်။ ရေပုလင်းက အောက်ကိုရောက်လေ ညှစ်ရတပိုခက်လေပါ။

ပထမအဆင့် ပေါင်ကြားမှာညှပ်၊ ပြီးရင် ဒုတိယအဆင့်အနေနဲ့ ပေါင်ခြံနဲ့ဒူး အလယ်ကြားမှာထားပြီးညှစ်ပါ။ တတိယအဆင့်အနေနဲ့ကတော့ ဒူးနှစ်ဖက်ကြားမှာထည့်ညှစ်ပါ။

ဒီလေ့ကျင့်ခန်းမှာ အဓိကက ကြွက်သားတွေကို အသားပေးလုပ်ရမှာပါ။ aနာက်ပိုင်းလုပ်နေကျ သွားရင်တော့ ရေဘူးရဲ့ အကူအညီမပါပဲ ကြွက်သားတွေကို ညှစ်နိုင်တဲ့ အဆင့်ထိaရာက်သွားပါလိမ့်မယ်။

ဒီလေ့ကျင့်ခန်းကနေ အမျိုးသမီးတွေ ဖြစ်တတ်တဲ့ ဆီးမထိန်းနိုင်တဲ့ရောဂါ၊ သားအိမ်ကျတဲ့ ရောဂါတွေကိုလည်း သက်သာစေပါတယ်။

ဗိုက်ကြွက်သားတွေကို အားကောင်းစေသလို လှုပ်ရှားမှုတွေကိုလည်း အများကြီး အထောက်အကူဖြစ်စေပါတယ်။