News

ယေန႔ျဖစ္ပြားတဲ့တိုက္ပြဲမွာ က်ဆုံးသြားတဲ့ KPDF လူငယ္တစ္ဦးရဲ႕႐ုပ္အေလာင္းကိုထမ္းၿပီး ျပန္ခဲ့ရတဲ့ ေ႐ွ႕တန္းကရဲေဘာ္ေတြ

ယေန႔ျဖစ္ပြားတဲ့တိုက္ပြဲမွာ က်ဆုံးသြားတဲ့ KPDF လူငယ္တစ္ဦးရဲ႕႐ုပ္အေလာင္းကိုထမ္းၿပီး ျပန္ခဲ့ရတဲ့ ေ႐ွ႕တန္းကရဲေဘာ္ေတြ

အာဏာသိမ္းၿပီးမၾကာခင္မွာပဲ ကယားျပည္နယ္မွာ တိုက္ပြဲေတြဆက္တိုက္ ျဖစ္ပြားလာခဲ့တာက ယခုအခ်ိန္အထိပဲ ျဖစ္ပါတယ္ …။

ကယားျပည္နယ္မွာ႐ွိတဲ့ KNDF၊ KPDF နဲ႔ အျခားကရင္နီပူးေပါင္းတပ္ဖြဲ႕ေတြက အာဏာသိမ္းလက္နက္ကိုင္အဖြဲ႕ကို ႐ြပ္႐ြပ္ခြၽံခြၽံ ေတာ္လွန္တိုက္ထုတ္ေနတာ ျဖစ္ပါတယ္။

ကယားျပည္နယ္အတြင္း ျဖစ္ပြားတဲ့ တိုက္ပြဲေတြေၾကာင့္ က်ဆုံးခဲ့ရတဲ့ရဲေဘာ္ေတြ႐ွိလာခဲ့ၿပီျဖစ္သလို ျပည္သူေတြလည္း စစ္ေဘးေ႐ွာင္ေနရဆဲ ျဖစ္ပါတယ္။

ယေန႔စက္တင္ဘာလ (၂၀) ရက္ေန႔မွာဆိုရင္လည္း ကယားျပည္နယ္မွာ တိုက္ပြဲေတြ အျပင္းအထန္ ျဖစ္ပြားေနေၾကာင္း သိ႐ွိရတာပဲ ျဖစ္ပါတယ္။

ကယားျပည္နယ္အတြင္း႐ွိ ဒီးေမာ့ဆိုၿမိဳ႕နယ္၊ ကုန္းသာ႐ြာ၊ (၅)မိုင္ (၆)မိုင္အနီးမွာ အာဏာသိမ္းလက္နက္ကိုင္အဖြဲ႕နဲ႔ ကရင္နီပူးေပါင္းတပ္ဖြဲ႕ေတြအၾကား တိုက္ပြဲျဖစ္ပြားခဲ့တာ ျဖစ္ပါတယ္။

 

ယေန႔ေန႔လည္ပိုင္းမွာ ျဖစ္ပြားခဲ့တဲ့ ဒီတိုက္ပြဲမွာေတာ့ KPDF ဘက္က ရဲေဘာ္(၁)ဦးက်ဆုံးၿပီး (၄)ဦးဒဏ္ရာရ႐ွိသြားေၾကာင္း သိရတာ ျဖစ္ပါတယ္။

ဒါ့အျပင္ အာဏာသိမ္းလက္နက္ကိုင္အဖြဲ႕ဘက္က ကုန္းသာ႐ြာထဲကို လက္နက္ႀကီးေတြနဲ႔ ရမ္းသမ္းပစ္ခတ္မႈေၾကာင့္ ေနအိမ္တစ္ခ်ိဳ႕ ပ်က္စီးခဲ့ရၿပီလည္း ျဖစ္ပါတယ္။

႐ြာသားတစ္ဦးလည္း လက္နက္ႀကီးက်ည္စ ထိမွန္ခဲ့တာေၾကာင့္ ဒဏ္ရာရ႐ွိခဲ့တာ ျဖစ္ပါတယ္ …။

က်ဆုံးသြားတဲ့ရဲေဘာ္ရဲ႕အေလာင္းကိုသယ္ၿပီး ျပန္ခဲ့ရတဲ့ KPDF လူငယ္တစ္ဦးရဲ႕ပုံရိပ္ကလည္း ျပည္သူေတြကိုပါ ဝမ္းနည္းစိတ္မေကာင္းျဖစ္ေစခဲ့တာ ျဖစ္ပါတယ္။

ေ႐ွ႕တန္းက ရဲေဘာ္ေတြရဲ႕ပုံရိပ္တစ္ခ်ိဳ႕ကို ျပန္လည္ေဖာ္ျပေပးလိုက္ပါတယ္ …။

Source & Photo Credit-Original Uploader

Unicode Version

ယနေ့ဖြစ်ပွားတဲ့တိုက်ပွဲမှာ ကျဆုံးသွားတဲ့ KPDF လူငယ်တစ်ဦးရဲ့ရုပ်အလောင်းကိုထမ်းပြီး ပြန်ခဲ့ရတဲ့ ရှေ့တန်းကရဲဘော်တွေ

အာဏာသိမ်းပြီးမကြာခင်မှာပဲ ကယားပြည်နယ်မှာ တိုက်ပွဲတွေဆက်တိုက် ဖြစ်ပွားလာခဲ့တာက ယခုအချိန်အထိပဲ ဖြစ်ပါတယ်။

ကယားပြည်နယ်မှာရှိတဲ့ KNDF၊ KPDF နဲ့ အခြားကရင်နီပူးပေါင်းတပ်ဖွဲ့တွေက အာဏာသိမ်းလက်နက်ကိုင်အဖွဲ့ကို ရွပ်ရွပ်ချွံချွံ တော်လှန်တိုက်ထုတ်နေတာ ဖြစ်ပါတယ်။

ကယားပြည်နယ်အတွင်း ဖြစ်ပွားတဲ့ တိုက်ပွဲတွေကြောင့် ကျဆုံးခဲ့ရတဲ့ရဲဘော်တွေရှိလာခဲ့ပြီဖြစ်သလို ပြည်သူတွေလည်း စစ်ဘေးရှောင်နေရဆဲ ဖြစ်ပါတယ်။

ယနေ့စက်တင်ဘာလ (၂၀) ရက်နေ့မှာဆိုရင်လည်း ကယားပြည်နယ်မှာ တိုက်ပွဲတွေ အပြင်းအထန် ဖြစ်ပွားနေကြောင်း သိရှိရတာပဲ ဖြစ်ပါတယ်။

ကယားပြည်နယ်အတွင်းရှိ ဒီးမော့ဆိုမြို့နယ်၊ ကုန်းသာရွာ၊ (၅)မိုင် (၆)မိုင်အနီးမှာ အာဏာသိမ်းလက်နက်ကိုင်အဖွဲ့နဲ့ ကရင်နီပူးပေါင်းတပ်ဖွဲ့တွေအကြား တိုက်ပွဲဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။

ယနေ့နေ့လည်ပိုင်းမှာ ဖြစ်ပွားခဲ့တဲ့ ဒီတိုက်ပွဲမှာတော့ KPDF ဘက်က ရဲဘော်(၁)ဦးကျဆုံးပြီး (၄)ဦးဒဏ်ရာရရှိသွားကြောင်း သိရတာ ဖြစ်ပါတယ်။

ဒါ့အပြင် အာဏာသိမ်းလက်နက်ကိုင်အဖွဲ့ဘက်က ကုန်းသာရွာထဲကို လက်နက်ကြီးတွေနဲ့ ရမ်းသမ်းပစ်ခတ်မှုကြောင့် နေအိမ်တစ်ချို့ ပျက်စီးခဲ့ရပြီလည်း ဖြစ်ပါတယ်။

ရွာသားတစ်ဦးလည်း လက်နက်ကြီးကျည်စ ထိမှန်ခဲ့တာကြောင့် ဒဏ်ရာရရှိခဲ့တာ ဖြစ်ပါတယ်။

ကျဆုံးသွားတဲ့ရဲဘော်ရဲ့အလောင်းကိုသယ်ပြီး ပြန်ခဲ့ရတဲ့ KPDF လူငယ်တစ်ဦးရဲ့ပုံရိပ်ကလည်း ပြည်သူတွေကိုပါ ဝမ်းနည်းစိတ်မကောင်းဖြစ်စေခဲ့တာ ဖြစ်ပါတယ်။

ရှေ့တန်းက ရဲဘော်တွေရဲ့ပုံရိပ်တစ်ချို့ကို ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။

Source & Photo Credit-Original Uploader