Knowledge

ကိုယ္သေဘာမက်တဲ့သူကို ပါးနပ္စြာ ျငင္းပယ္နည္း(၇)နည္း…

ကိုယ္သေဘာမက်တဲ့သူကို ပါးနပ္စြာ ျငင္းပယ္နည္း(၇)နည္း…

လူတစ္ေယာက္ကို ျငင္းပယ္ရတာ ေပ်ာ္စရာေကာင္းတဲ့ ကိစၥေတာ့မဟုတ္ပါဘူး။ အျငင္းမေတာ္ရင္ တျခားလူတစ္ေယာက္အတြက္ နာက်င္စရာေတြျဖစ္သြားႏိုင္တာကိုလည္း ဆင္ျခင္ရပါတယ္။

ဒီနည္းလမ္းေတြကေတာ့ ယဥ္ေက်းစြာနဲ႔ လူတစ္ေယာက္ကို မႏွစ္သက္ဘူးဆိုတာကို ျပႏိုင္တဲ့ နည္းလမ္းေတြပဲျဖစ္ပါတယ္။

ေနာက္မက်ပါေစနဲ႔

လူတစ္ေယာက္ကို ေမွ်ာ္လင့္ခ်က္ေပးထားတာက သူ႔ရဲ႕ေဝဒနာကို ပိုဆိုးေစပါတယ္။ ပိုၿပီး ခံစားရေစပါတယ္။

ဒါေၾကာင့္ ကိုယ္သေဘာမက်ဘူးဆိုရင္ မက်တဲ့အေၾကာင္း ျပသတာက သူ႔ကိုကူညီရာေရာက္ပါတယ္။

သီးသန႔္ေျပာပါ

မခ်စ္ႏိုင္ပါဘူးဆိုတာကို အမ်ားေရွ႕မွာ ျငင္းလိုက္တာထက္ သီးသန႔္ေျပာဆိုပါ။ လူအမ်ားေရွ႕မွာ ျငင္းပယ္ခံရတာထက္ ဘယ္သူမွမရွိတာက ပိုၿပီးစိတ္သက္သာရရေစပါလိမ့္မယ္။

မက္ဆင္ဂ်ာကေန မေျပာပါနဲ႔

လက္မခံႏိုင္တဲ့အေၾကာင္းကို မက္ဆင္ဂ်ာကေန မက္ေဆ့ပို႔ၿပီး မေျပာပါနဲ႔။ ဒါက အဆင့္အတန္းမရွိသလိုျဖစ္ေစၿပီး ႐ိုင္းတယ္လို႔ထင္ခံရႏိုင္ပါတယ္။ ဒါေၾကာင့္ ေလးစားမႈရွိပါ။

သူတို႔ရဲ႕တုန႔္ျပန္မႈကိုေလးစားပါ

ကိုယ္ျငင္းပယ္လိုက္တဲ့အခါ သူတို႔ရဲ႕တုန႔္ျပန္မႈကို ေလးစားမႈရွိသင့္ပါတယ္။ တခ်ိဳ႕လူေတြက လုံးဝစိတ္ဓာတ္က်သြားတာမ်ိဳး၊ သူတို႔ကဘာလို႔အခုလိုျငင္းပယ္ခံရသလဲဆိုတဲ့ေမးခြန္းမ်ိဳးေမးခ်င္ၾကပါတယ္။

သူတို႔ရဲ႕တုန႔္ျပန္မႈတိုင္းကို ေလးစားသမႈနဲ႔ ေျဖရွင္းပါ။

ေမးသမွ်ကို သင္ေျဖႏိုင္သမွ် အေကာင္းဆုံးေျဖပါ

ဘာေၾကာင့္လက္မခံႏိုင္တာလဲ၊ က်ေနာ့္မွာ ဘာခ်ိဳ႕ယြင္းခ်က္ရွိလို႔လဲ စတာမ်ိဳး သူတို႔ေမးခ်င္ၾကပါလိမ့္မယ္။ အဲဒီအခါ သင့္ဘက္က အေကာင္းဆုံးအေျဖကို ေျဖဆိုဖို႔ မေမ့လိုက္ပါနဲ႔။ ဒါက သင္ေပးႏိုင္တဲ့ ေလးစားမႈပါပဲ။

အရမ္းဂ႐ုစိုက္ေၾကာင္း မျပသင့္ပါ

ကိုယ့္ဘက္ကေတာ့ သူတို႔ကို အားနာလို႔၊ စာနာလို႔ အရမ္းဂ႐ုစိုက္ျပတဲ့အခါ သူတို႔ဘက္ကက်ေတာ့ ေမွ်ာ္လင့္ခ်က္ျဖစ္ေစပါတယ္။ ဒါေၾကာင့္ ကိုယ္ျငင္းပယ္တဲ့သူကို ဒဏ္ရာပိုႀကီးေအာင္ မလုပ္မိပါေစနဲ႔။

ကိုယ္ဘက္ကေတာ့ ႏွစ္သိမ့္ဖို႔ႀကိဳးစားတာျဖစ္ေစေပမဲ့ သူတို႔အတြက္ေတာ့ ေမွ်ာ္လင့္ခ်က္ႀကီးျဖစ္ေနတတ္တာကို သတိျပဳပါ။

သူငယ္ခ်င္းအျဖစ္ ဆက္ေနလို႔ရတယ္ဆိုတာကို သူတို႔သိေအာင္ေျပာပါ

တကယ္လို႔သူတို႔ဖက္က ဆႏၵရွိတယ္ဆိုရင္ သူငယ္ခ်င္းအျဖစ္ ဆက္ေနလို႔ရတယ္ဆိုတာမ်ိဳး ေျပာသင့္ပါတယ္။

ဒါေပမဲ့ အမ်ားစုကေတာ့ အျငင္းပယ္ခံလိုက္ရရင္ သူငယ္ခ်င္းအျဖစ္လည္း ဆက္မရွိခ်င္ၾကေတာ့တာမ်ားပါတယ္။

အခြင့္အလမ္းဂ်ာနယ္ – oppnews

Unicode Version

ကိုယ်သဘောမကျတဲ့သူကို ပါးနပ်စွာ ငြင်းပယ်နည်း(၇)နည်း…

လူတစ်ယောက်ကို ငြင်းပယ်ရတာ ပျော်စရာကောင်းတဲ့ ကိစ္စတော့မဟုတ်ပါဘူး။ အငြင်းမတော်ရင် တခြားလူတစ်ယောက်အတွက် နာကျင်စရာတွေဖြစ်သွားနိုင်တာကိုလည်း ဆင်ခြင်ရပါတယ်။

ဒီနည်းလမ်းတွေကတော့ ယဉ်ကျေးစွာနဲ့ လူတစ်ယောက်ကို မနှစ်သက်ဘူးဆိုတာကို ပြနိုင်တဲ့ နည်းလမ်းတွေပဲဖြစ်ပါတယ်။

နောက်မကျပါစေနဲ့

လူတစ်ယောက်ကို မျှော်လင့်ချက်ပေးထားတာက သူ့ရဲ့ဝေဒနာကို ပိုဆိုးစေပါတယ်။ ပိုပြီး ခံစားရစေပါတယ်။

ဒါကြောင့် ကိုယ်သဘောမကျဘူးဆိုရင် မကျတဲ့အကြောင်း ပြသတာက သူ့ကိုကူညီရာရောက်ပါတယ်။

သီးသန့်ပြောပါ

မချစ်နိုင်ပါဘူးဆိုတာကို အများရှေ့မှာ ငြင်းလိုက်တာထက် သီးသန့်ပြောဆိုပါ။ လူအများရှေ့မှာ ငြင်းပယ်ခံရတာထက် ဘယ်သူမှမရှိတာက ပိုပြီးစိတ်သက်သာရရစေပါလိမ့်မယ်။

မက်ဆင်ဂျာကနေ မပြောပါနဲ့

လက်မခံနိုင်တဲ့အကြောင်းကို မက်ဆင်ဂျာကနေ မက်ဆေ့ပို့ပြီး မပြောပါနဲ့။ ဒါက အဆင့်အတန်းမရှိသလိုဖြစ်စေပြီး ရိုင်းတယ်လို့ထင်ခံရနိုင်ပါတယ်။ ဒါကြောင့် လေးစားမှုရှိပါ။

သူတို့ရဲ့တုန့်ပြန်မှုကိုလေးစားပါ

ကိုယ်ငြင်းပယ်လိုက်တဲ့အခါ သူတို့ရဲ့တုန့်ပြန်မှုကို လေးစားမှုရှိသင့်ပါတယ်။ တချို့လူတွေက လုံးဝစိတ်ဓာတ်ကျသွားတာမျိုး၊ သူတို့ကဘာလို့အခုလိုငြင်းပယ်ခံရသလဲဆိုတဲ့မေးခွန်းမျိုးမေးချင်ကြပါတယ်။

သူတို့ရဲ့တုန့်ပြန်မှုတိုင်းကို လေးစားသမှုနဲ့ ဖြေရှင်းပါ။

မေးသမျှကို သင်ဖြေနိုင်သမျှ အကောင်းဆုံးဖြေပါ

ဘာကြောင့်လက်မခံနိုင်တာလဲ၊ ကျနော့်မှာ ဘာချို့ယွင်းချက်ရှိလို့လဲ စတာမျိုး သူတို့မေးချင်ကြပါလိမ့်မယ်။ အဲဒီအခါ သင့်ဘက်က အကောင်းဆုံးအဖြေကို ဖြေဆိုဖို့ မမေ့လိုက်ပါနဲ့။ ဒါက သင်ပေးနိုင်တဲ့ လေးစားမှုပါပဲ။

အရမ်းဂရုစိုက်ကြောင်း မပြသင့်ပါ

ကိုယ့်ဘက်ကတော့ သူတို့ကို အားနာလို့၊ စာနာလို့ အရမ်းဂရုစိုက်ပြတဲ့အခါ သူတို့ဘက်ကကျတော့ မျှော်လင့်ချက်ဖြစ်စေပါတယ်။ ဒါကြောင့် ကိုယ်ငြင်းပယ်တဲ့သူကို ဒဏ်ရာပိုကြီးအောင် မလုပ်မိပါစေနဲ့။

ကိုယ်ဘက်ကတော့ နှစ်သိမ့်ဖို့ကြိုးစားတာဖြစ်စေပေမဲ့ သူတို့အတွက်တော့ မျှော်လင့်ချက်ကြီးဖြစ်နေတတ်တာကို သတိပြုပါ။

သူငယ်ချင်းအဖြစ် ဆက်နေလို့ရတယ်ဆိုတာကို သူတို့သိအောင်ပြောပါ

တကယ်လို့သူတို့ဖက်က ဆန္ဒရှိတယ်ဆိုရင် သူငယ်ချင်းအဖြစ် ဆက်နေလို့ရတယ်ဆိုတာမျိုး ပြောသင့်ပါတယ်။

ဒါပေမဲ့ အများစုကတော့ အငြင်းပယ်ခံလိုက်ရရင် သူငယ်ချင်းအဖြစ်လည်း ဆက်မရှိချင်ကြတော့တာများပါတယ်။

အခွင့်အလမ်းဂျာနယ် – oppnews