ကြားသိရသမျှ

မ်က္ရည္ေတြနဲ႔ ငိုေနရတဲ့ အန္တီနဲ႔ထပ္တူခံစားရပါတယ္😢…(ရုပ္သံ)

မ်က္ရည္ေတြနဲ႔ ငိုေနရတဲ့ အန္တီနဲ႔ထပ္တူခံစားရပါတယ္😢…(ရုပ္သံ)

စက္တင္ဘာ ၁၈ညတြင္ စစ္ေကာင္စီတပ္ဖြဲ႕ ပစ္ခတ္မႈေၾကာင့္ ဟားခါးၿမိဳ႕တြင္ ျပည္သူ ၃ဦးဒဏ္ရာရၿပီး ေနအိမ္၂လုံးျပာက်

ဟားခါးၿမိဳ႕ စက္တင္ဘာ ၁၈ည ၈နာရီခန္႔တြင္ စစ္ေကာင္စီမွ ၿမိဳ႕တြင္း လက္နက္ႀကီးမ်ား ပစ္ခတ္မႈေၾကာင့္ ျပည္သူသုံးဦး ဒဏ္ရာရ႐ွိၿပီး ေနအိမ္ ၂လုံးမီးေလာင္ကြၽမ္းျပာက်ခဲ့ေၾကာင္းသိရသည္။

“က်မတို႔ ၈နာရီေလာက္မွာ ေသနတ္ပစ္သံေတြ၊လက္နတ္ႀကီးပစ္သံေတြၾကားေနရတယ္၊ည ၈နာရီကေန ၉နာရီခြဲေလာက္ထိ ၾကားေနရတယ္၊

ေပါက္ကြဲသံေတြၾကား‌ၿပီး နာရီ၀က္ေလာက္မွာ ခ်င္းဦးစီး ရပ္ကြက္ဘက္မွာ အိမ္တစ္လုံးစေလာင္တယ္၊ခဏေနေတာ့ ေဘးကအိမ္ပါ ကူးေလာင္သြားတယ္”ဟု ေဒသခံတစ္ဦးမွ Chin World သို႔ေျပာသည္။

ဒဏ္ရာ႐ွိသူ ၃ဦးမွာ ကေလးငယ္တစ္ဦးပါ၀င္‌ၿပီး အသက္စိုးရိမ္ရသူမ႐ွိေၾကာင္းလည္းသိရသည္။

စက္တင္ဘာ ၁၈ညေနပိုင္းတြင္လည္း ထန္တလန္ၿမိဳ႕တြင္ ေနအိမ္ ၂၀ခန္႔ေလာင္ကြၽမ္းမႈမ်ား႐ွိခဲ့ၿပီး ဓမၼအမွာေတာ္ေဆာင္ တစ္ဦး စစ္တပ္ဘက္မွ ပစ္သတ္ခံခဲ့ရသည္။

ယခုျဖစ္စဥ္ႏွင့္ ပတ္သတ္ၿပီး ႏွစ္ဦးႏွစ္ဘက္ပစ္ခတ္မႈမ်ား ႐ွိမ႐ွိကို အတည္ျပဳႏိုင္ျခင္းမ႐ွိေသာ္လည္း စစ္တပ္ဘက္မွ လက္နက္ႀကီးမ်ား ၿမိဳ႕တြင္း ပစ္ခတ္မႈ မ်ားလုပ္ေဆာင္ေနျခင္းျဖစ္သည္။

Video – CJ

Unicode Version

မျက်ရည်တွေနဲ့ ငိုနေရတဲ့ အန်တီနဲ့ထပ်တူခံစားရပါတယ်😢…(ရုပ်သံ)

စက်တင်ဘာ ၁၈ညတွင် စစ်ကောင်စီတပ်ဖွဲ့ ပစ်ခတ်မှုကြောင့် ဟားခါးမြို့တွင် ပြည်သူ ၃ဦးဒဏ်ရာရပြီး နေအိမ်၂လုံးပြာကျ

ဟားခါးမြို့ စက်တင်ဘာ ၁၈ည ၈နာရီခန့်တွင် စစ်ကောင်စီမှ မြို့တွင်း လက်နက်ကြီးများ ပစ်ခတ်မှုကြောင့် ပြည်သူသုံးဦး ဒဏ်ရာရရှိပြီး နေအိမ် ၂လုံးမီးလောင်ကျွမ်းပြာကျခဲ့ကြောင်းသိရသည်။

“ကျမတို့ ၈နာရီလောက်မှာ သေနတ်ပစ်သံတွေ၊လက်နတ်ကြီးပစ်သံတွေကြားနေရတယ်၊ည ၈နာရီကနေ ၉နာရီခွဲလောက်ထိ ကြားနေရတယ်၊

ပေါက်ကွဲသံတွေကြား‌ပြီး နာရီဝက်လောက်မှာ ချင်းဦးစီး ရပ်ကွက်ဘက်မှာ အိမ်တစ်လုံးစလောင်တယ်၊ခဏနေတော့ ဘေးကအိမ်ပါ ကူးလောင်သွားတယ်”ဟု ဒေသခံတစ်ဦးမှ Chin World သို့ပြောသည်။

ဒဏ်ရာရှိသူ ၃ဦးမှာ ကလေးငယ်တစ်ဦးပါဝင်‌ပြီး အသက်စိုးရိမ်ရသူမရှိကြောင်းလည်းသိရသည်။

စက်တင်ဘာ ၁၈ညနေပိုင်းတွင်လည်း ထန်တလန်မြို့တွင် နေအိမ် ၂၀ခန့်လောင်ကျွမ်းမှုများရှိခဲ့ပြီး ဓမ္မအမှာတော်ဆောင် တစ်ဦး စစ်တပ်ဘက်မှ ပစ်သတ်ခံခဲ့ရသည်။

ယခုဖြစ်စဉ်နှင့် ပတ်သတ်ပြီး နှစ်ဦးနှစ်ဘက်ပစ်ခတ်မှုများ ရှိမရှိကို အတည်ပြုနိုင်ခြင်းမရှိသော်လည်း စစ်တပ်ဘက်မှ လက်နက်ကြီးများ မြို့တွင်း ပစ်ခတ်မှု များလုပ်ဆောင်နေခြင်းဖြစ်သည်။

Video – CJ