Cele News

သူမလိုအမွားမ်ိဳး ပရိသတ္ေတြမမွားေစဖို႔ ပရိသတ္ေတြကို ရင္ဖြင့္ေျပာျပလာတဲ့ ဝိုင္းစုခိုင္သိန္း..

သူမလိုအမွားမ်ိဳး ပရိသတ္ေတြမမွားေစဖို႔ ပရိသတ္ေတြကို ရင္ဖြင့္ေျပာျပလာတဲ့ ဝိုင္းစုခိုင္သိန္း..

နိုင္ငံေက်ာ္ အဆိုေတာ္တစ္ဦးျဖစ္တဲ့ ဝိုင္းစုခိုင္သိန္းကေတာ့ ယေန႔ထက္တိုင္ ပရိသတ္ေတြၾကား နာမည္ေက်ာ္ၾကား လူႀကိဳက္မ်ားေနတဲ့ အႏုပညာရွင္တစ္ဦးျဖစ္ၿပီး

သူမဟာ နာမည္ေက်ာ္ အဆိုေတာ္ေအာင္လနဲ႔အတူ သာယာတဲ့ အိမ္ေထာင္ေရးေလးကို တည္ေဆာက္ပိုင္ဆိုင္ထားနိုင္တဲ့သူေလးလည္း ျဖစ္ပါတယ္။

ႏွစ္ေယာက္စလုံးဟာ အဆိုပညာ ပါရမီထူးခၽြန္လွလြန္းသူခ်ည့္မို႔ အရမ္းကို လိုက္ဖက္လွတဲ့ အဆိုရွင္စုံတြဲလို႔ သတ္မွတ္ျခင္းခံထားၾကရသူေတြလည္း ျဖစ္ပါတယ္။

ဝိုင္းစုဟာ တစ္ခ်ိန္က သီခ်င္းဗီဒီယိုႏွင့္ ႐ုပ္ရွင္ကားမ်ားမွာ ပါဝင္သ႐ုပ္ေဆာင္ခဲ့ဖူးသူတစ္ဦးျဖစ္ၿပီး ခုခ်ိန္မွာေတာ့ သ႐ုပ္ေဆာင္ပိုင္းကို ရပ္နားထားၿပီး

သီခ်င္းသီဆိုေဖ်ာ္ေျဖမႈအပိုင္းကိုသာ ပို၍ အေလးေပးကာ ဆက္တိုက္လုပ္ေဆာင္ေနတဲ့သူ တစ္ဦးျဖစ္ပါတယ္။

သ႐ုပ္ေဆာင္ဝိုင္းစုခိုင္းသိန္း ဘဝမွာလည္း အားေပးႏွစ္သက္သူေတြ မ်ားျပားခဲ့သူတစ္ဦးျဖစ္ေသာ္လည္း သူမဟာ သူမပို၍ ဝါသနာႀကီးတဲ့ သီခ်င္းသီဆိုမႈအတြက္

အဆိုေတာ္လိုင္းကို အၿပီးအပိုင္ ကူးေျပာင္းခဲ့သူ တစ္ဦးလည္း ျဖစ္ပါတယ္။

သူမရဲ့ဝါသနာနဲ႔ ႀကိဳးစားအားထုတ္မႈ အသံေကာင္းမြန္မႈတို႔ေၾကာင့္ အားေပးသူမ်ားျပားခဲ့တဲ့ သ႐ုပ္ေဆာင္ဘဝထက္ကို

အဆိုေတာ္ဘဝမွာ ပို၍သာေသာ ေအာင္ျမင္မႈ မွတ္တိုင္ေတြ စိုက္ထူနိုင္ခဲ့သူတစ္ဦးျဖစ္လာျပန္ပါတယ္ေနာ္။

လုပ္သမၽွနီးပါး ေအာင္ျမင္ခဲ့တဲ့အတြက္ သူမဟာ စိတ္ခ်မ္းသာမႈႏွင့္ ၿပီးျပည့္စုံသူေလးလို႔ အားလုံးက ထင္မွတ္ထားခ်ိန္မွာပဲ လူတစ္ကိုယ္မွာ အမွားတစ္မ်ိဳးေတာ့ ျပဳလုပ္မိဖူးေၾကာင္း

သူမက သူမရဲ့အေၾကာင္းေလးနဲ႔ ယွဥ္ၿပီး မီးေမာင္းထိုးျပကာ သံေဝဂစကားေလးေတြနဲ႔ အားလုံးသတိထားဆင္ျခင္နိုင္ဖို႔ ေျပာျပလာခဲ့ပါတယ္။

အစ္မသာ မျဖဳန္းတီးမိရင္ ဒီ့ထက္ပိုအဆင္ေျပေနမယ္လို႔ Branded ေတြဝယ္သုံးမိတဲ့အေပၚ သံေဝဂရမိတဲ့အေၾကာင္း ေျပာျပလာတဲ့ ဝိုင္းစုခိုင္သိန္း

ဝိုင္းစုက “ကိုယ္ျဖဳန္းခဲ့တဲ့အရာေတြလည္းရွိတယ္ ငယ္ငယ္တုန္းက လိုခ်င္တဲ့စိတ္ေတြနဲ႔Brand ေတြေလၽွာက္ဝယ္ ေနာက္ဆုံးက်ရင္ အဲ့ဒါေတြက ဘာမွမဟုတ္ဘူး

လက္ဝတ္လက္စားလိုေနာက္ပိုင္းျပန္ေရာင္းလို႔လည္း မရဘူး။

Branded ကလည္း Updateအျမဲထြက္ေနတာဆိုေတာ့ ဒိတ္ေအာက္သြားရင္ ကိုယ္လည္းမကိုင္ခ်င္ေတာ့ဘူးေလ ပ်က္စီးသြားမွာလည္း ဆိုးေတာ့ သူ႔ကို ထိန္းသိမ္းရတာလည္း အလုပ္တစ္ခုျဖစ္ေနတယ္.”လို႔ ေျပာျပလာခဲ့တာပါ။

သူမအေနနဲ႔ ဒီလိုေတြမလုပ္ခဲ့ဘူးဆိုရင္ ဒီ့ထက္ပိုၿပီး လိုအပ္တဲ့ေနရာေတြကို ပိုလႉနိုင္မွာျဖစ္တယ္လို႔လည္း သူမျဖဳန္းတီးမိတာေတြကို သံေဝဂရမိတဲ့အေၾကာင္းရင္ဖြင့္လာခဲ့တာျဖစ္ပါတယ္။

”တခ်ိန္လုံးဝယ္တယ္ တခ်ိန္လုံးသုံးတယ္ ၿပီးေတာ့ ဘာမွလည္းမက်န္ဘူးလို႔သိလိုက္တဲ့ အခ်ိန္မွာ ဒါေတြကို ရပ္လိုက္တယ္။

အမ ဒါေတာင္ အြန္လိုင္းကမွာလို႔ရတာေတြကို ေလၽွာက္ဝယ္ေနမိေသးတယ္။

ဒါေပမယ့္လည္း အခုေတာ့ အေတာ္ထိန္းနိုင္ေနပါၿပီ” လို႔ ရွင္းျပလာခဲ့တာပါ။

ဒါကေတာ့ ပရိသတ္အခ်စ္ေတာ္ အႏုပညာရွင္တစ္ေယာက္ျဖစ္တဲ့ ဝိုင္းစုခိုင္သိန္းက သူမရဲ့ ျပင္ဆင္နိုင္ခဲ့ၿပီျဖစ္တဲ့

အသုံးနဲ႔အျဖဳန္း လြဲမွားက်င့္သုံးမိခဲ့တဲ့ အမွားတစ္ခုကို ၾကားသိရသူေတြ ဆင္ျခင္သုံးသပ္ သတိထားနိုင္ေဝရန္အတြက္ ေစတနာတရားနဲ႔ ရင္ဖြင့္စကားဆိုလာခဲ့တာပဲျဖစ္ပါတယ္ေနာ္။

ပရိသတ္ႀကီးလည္း ကိုယ့္ဘဝမွာ ဝိုင္းစုနဲ႔တိုက္ဆိုင္တာမ်ိဳးရွိခဲ့ရင္ အမ်ားသိကာ ဆင္ျခင္နိုင္ေစဖို႔ ေစတနာေရွ႕ထားၿပီး မၽွေဝကာ သတိေပးစကားေလးေတြ ဆိုခဲ့ၾကပါအုန္းေနာ္။

Source – Wine Su

သူမလိုအမှားမျိုး ပရိသတ်တွေမမှားစေဖို့ ပရိသတ်တွေကို ရင်ဖွင့်ပြောပြလာတဲ့ ဝိုင်းစုခိုင်သိန်း..

နိုင်ငံကျော် အဆိုတော်တစ်ဦးဖြစ်တဲ့ ဝိုင်းစုခိုင်သိန်းကတော့ ယနေ့ထက်တိုင် ပရိသတ်တွေကြား နာမည်ကျော်ကြား လူကြိုက်များနေတဲ့ အနုပညာရှင်တစ်ဦးဖြစ်ပြီး

သူမဟာ နာမည်ကျော် အဆိုတော်အောင်လနဲ့အတူ သာယာတဲ့ အိမ်ထောင်ရေးလေးကို တည်ဆောက်ပိုင်ဆိုင်ထားနိုင်တဲ့သူလေးလည်း ဖြစ်ပါတယ်။

နှစ်ယောက်စလုံးဟာ အဆိုပညာ ပါရမီထူးချွန်လှလွန်းသူချည့်မို့ အရမ်းကို လိုက်ဖက်လှတဲ့ အဆိုရှင်စုံတွဲလို့ သတ်မှတ်ခြင်းခံထားကြရသူတွေလည်း ဖြစ်ပါတယ်။

ဝိုင်းစုဟာ တစ်ချိန်က သီချင်းဗီဒီယိုနှင့် ရုပ်ရှင်ကားများမှာ ပါဝင်သရုပ်ဆောင်ခဲ့ဖူးသူတစ်ဦးဖြစ်ပြီး ခုချိန်မှာတော့ သရုပ်ဆောင်ပိုင်းကို ရပ်နားထားပြီး

သီချင်းသီဆိုဖျော်ဖြေမှုအပိုင်းကိုသာ ပို၍ အလေးပေးကာ ဆက်တိုက်လုပ်ဆောင်နေတဲ့သူ တစ်ဦးဖြစ်ပါတယ်။

သရုပ်ဆောင်ဝိုင်းစုခိုင်းသိန်း ဘဝမှာလည်း အားပေးနှစ်သက်သူတွေ များပြားခဲ့သူတစ်ဦးဖြစ်သော်လည်း သူမဟာ သူမပို၍ ဝါသနာကြီးတဲ့ သီချင်းသီဆိုမှုအတွက်

အဆိုတော်လိုင်းကို အပြီးအပိုင် ကူးပြောင်းခဲ့သူ တစ်ဦးလည်း ဖြစ်ပါတယ်။

သူမရဲ့ဝါသနာနဲ့ ကြိုးစားအားထုတ်မှု အသံကောင်းမွန်မှုတို့ကြောင့် အားပေးသူများပြားခဲ့တဲ့ သရုပ်ဆောင်ဘဝထက်ကို

အဆိုတော်ဘဝမှာ ပို၍သာသော အောင်မြင်မှု မှတ်တိုင်တွေ စိုက်ထူနိုင်ခဲ့သူတစ်ဦးဖြစ်လာပြန်ပါတယ်နော်။

လုပ်သမျှနီးပါး အောင်မြင်ခဲ့တဲ့အတွက် သူမဟာ စိတ်ချမ်းသာမှုနှင့် ပြီးပြည့်စုံသူလေးလို့ အားလုံးက ထင်မှတ်ထားချိန်မှာပဲ လူတစ်ကိုယ်မှာ အမှားတစ်မျိုးတော့ ပြုလုပ်မိဖူးကြောင်း

သူမက သူမရဲ့အကြောင်းလေးနဲ့ ယှဉ်ပြီး မီးမောင်းထိုးပြကာ သံဝေဂစကားလေးတွေနဲ့ အားလုံးသတိထားဆင်ခြင်နိုင်ဖို့ ပြောပြလာခဲ့ပါတယ်။

အစ်မသာ မဖြုန်းတီးမိရင် ဒီ့ထက်ပိုအဆင်ပြေနေမယ်လို့ Branded တွေဝယ်သုံးမိတဲ့အပေါ် သံဝေဂရမိတဲ့အကြောင်း ပြောပြလာတဲ့ ဝိုင်းစုခိုင်သိန်း

ဝိုင်းစုက “ကိုယ်ဖြုန်းခဲ့တဲ့အရာတွေလည်းရှိတယ် ငယ်ငယ်တုန်းက လိုချင်တဲ့စိတ်တွေနဲ့Brand တွေလျှောက်ဝယ် နောက်ဆုံးကျရင် အဲ့ဒါတွေက ဘာမှမဟုတ်ဘူး

လက်ဝတ်လက်စားလိုနောက်ပိုင်းပြန်ရောင်းလို့လည်း မရဘူး။

Branded ကလည်း Updateအမြဲထွက်နေတာဆိုတော့ ဒိတ်အောက်သွားရင် ကိုယ်လည်းမကိုင်ချင်တော့ဘူးလေ ပျက်စီးသွားမှာလည်း ဆိုးတော့ သူ့ကို ထိန်းသိမ်းရတာလည်း အလုပ်တစ်ခုဖြစ်နေတယ်.”လို့ ပြောပြလာခဲ့တာပါ။

သူမအနေနဲ့ ဒီလိုတွေမလုပ်ခဲ့ဘူးဆိုရင် ဒီ့ထက်ပိုပြီး လိုအပ်တဲ့နေရာတွေကို ပိုလှူနိုင်မှာဖြစ်တယ်လို့လည်း သူမဖြုန်းတီးမိတာတွေကို သံဝေဂရမိတဲ့အကြောင်းရင်ဖွင့်လာခဲ့တာဖြစ်ပါတယ်။

”တချိန်လုံးဝယ်တယ် တချိန်လုံးသုံးတယ် ပြီးတော့ ဘာမှလည်းမကျန်ဘူးလို့သိလိုက်တဲ့ အချိန်မှာ ဒါတွေကို ရပ်လိုက်တယ်။

အမ ဒါတောင် အွန်လိုင်းကမှာလို့ရတာတွေကို လျှောက်ဝယ်နေမိသေးတယ်။

ဒါပေမယ့်လည်း အခုတော့ အတော်ထိန်းနိုင်နေပါပြီ” လို့ ရှင်းပြလာခဲ့တာပါ။

ဒါကတော့ ပရိသတ်အချစ်တော် အနုပညာရှင်တစ်ယောက်ဖြစ်တဲ့ ဝိုင်းစုခိုင်သိန်းက သူမရဲ့ ပြင်ဆင်နိုင်ခဲ့ပြီဖြစ်တဲ့

အသုံးနဲ့အဖြုန်း လွဲမှားကျင့်သုံးမိခဲ့တဲ့ အမှားတစ်ခုကို ကြားသိရသူတွေ ဆင်ခြင်သုံးသပ် သတိထားနိုင်ဝေရန်အတွက် စေတနာတရားနဲ့ ရင်ဖွင့်စကားဆိုလာခဲ့တာပဲဖြစ်ပါတယ်နော်။

ပရိသတ်ကြီးလည်း ကိုယ့်ဘဝမှာ ဝိုင်းစုနဲ့တိုက်ဆိုင်တာမျိုးရှိခဲ့ရင် အများသိကာ ဆင်ခြင်နိုင်စေဖို့ စေတနာရှေ့ထားပြီး မျှဝေကာ သတိပေးစကားလေးတွေ ဆိုခဲ့ကြပါအုန်းနော်။

Source – Wine Su