Healthy

႐ုပ္ပိုင္းဆိုင္ရာ အ႐ြယ္တင္ႏုပ်ိဳေစၿပီး စိတ္ဓာတ္ၾကံ့ခိုင္သန္မာေစတဲ့ ေလ့က်င့္ခန္း (၅) မ်ိဳး…

႐ုပ္ပိုင္းဆိုင္ရာ အ႐ြယ္တင္ႏုပ်ိဳေစၿပီး စိတ္ဓာတ္ၾကံ့ခိုင္သန္မာေစတဲ့ ေလ့က်င့္ခန္း (၅) မ်ိဳး…

ပ်ိဳေမတို႔ဟာ ႐ုပ္ပိုင္းဆိုင္ရာလွပႏုပ်ိဳဖို႔နဲ႔ စိတ္ပိုင္းဆိုင္ရာက်န္းမာဖို႔အတြက္ နည္းလမ္းအမ်ိဳးမ်ိဳး႐ွိတဲ့အထဲမွာ အေကာင္းဆုံးနည္းလမ္းကေတာ့ ေလ့က်င့္ခန္းလုပ္ေပးတဲ့ နည္းလမ္းပါ။

ေန႔စဥ္ၾကဳံေတြ႕ရတဲ့ စိတ္ဖိစီးမႈေတြကို ဖယ္႐ွားၿပီး သန္မာတဲ့သူတစ္ေယာက္ျဖစ္ဖို႔ ေန႔စဥ္ဒီေလ့က်င့္ခန္းေလးေတြကို လုပ္ေပးလိုက္ပါ။

(၁) အသက္႐ွဴေလ့က်င့္ခန္း

ေလကို ႐ိႈက္သြင္းလိုက္ၿပီး ႏွစ္စကၠန္႔ေလာက္ေနၿပီး အဆုတ္ထဲေရာက္သည္အထိ ႐ွဴသြင္းလိုက္ပါ။ ၿပီးရင္ ထြက္ေလကို ပါးစပ္ထဲကေနျဖည္းျဖည္းခ်င္း ထုတ္ေပးလိုက္ပါ။

အဲ့ဒါကို မိနစ္အနည္းငယ္လုပ္ေပးမယ္ဆိုရင္ ခႏၶာကိုယ္ထဲကေသြးလွည့္ပတ္မႈ၊ အစာေခ်စနစ္ေတြ ေကာင္းေကာင္းလွည့္ပတ္ဖို႔ အေထာက္အပံ့ ေပးႏိုင္ပါတယ္။

(၂) ေသြးပူေလ့က်င့္ခန္း

ေျခေထာက္ႏွစ္ဖက္ကို ပခုံးအက်ယ္ေလာက္ ခြဲရပ္ၿပီး ဒူးေတြကို အနည္းငယ္ေကြးထားေပးလိုက္ပါ။ လက္ႏွစ္ဖက္ကို ေ႐ွ႕ေနာက္၊ ေဘး ဘယ္ညာ လြဲေပးပါ။

ခႏၶာကိုယ္ထဲက ေသြးေတြပူလာသည္အထိ အဲ့ဒါကိုလုပ္ေပးပါ။ မနက္ခင္းမွာလုပ္ေပးမယ္ဆိုရင္ တစ္ေန႔လုံးလန္းဆန္းေစပါတယ္။

(၃) အေၾကာေလွ်ာ့ေလ့က်င့္ခန္း

ေျခေထာက္ႏွစ္ဖက္ကို ပခုံးအက်ယ္ေလာက္ခြဲရပ္ၿပီး ခႏၶာကိုယ္ကို အေ႐ွ႕ကိုကိုင္းလိုက္ပါ။ လက္ေတြကိုဆန္႔တန္းထားၿပီး ၾကမ္းျပင္ဘက္ နီးသထက္နီးေအာင္ လုပ္ေပးပါ၊

ဒူးေတြကိုလုံးဝမေကြးေစဘဲ ၊ေက်ာျပင္ကိုလည္းတတ္ႏိုင္သေလာက္ေျဖာင့္မတ္ထားပါ၊ မ်က္ႏွာကိုလည္း ၾကမ္းျပင္ကိုမၾကည့္ဘဲ အေ႐ွ႕ဘက္ကိုၾကည့္ပါ။

အဲ့ဒီအေနအထားအတိုင္း(၁၀)စကၠန္႔ေလာက္ေနၿပီး ျဖည္းျဖည္းခ်င္းျပန္မတ္ေပးပါ။

အဲ့ဒါကို (၆) ႀကိမ္လုပ္ေပး႐ုံနဲ႔ ေနာက္ေက်ာ္ဘက္ႂကြက္သားေတြပုံစံမွန္ေစၿပီး၊ ေက်ာက္ကပ္က်န္းမာေရးကို တိုးတက္ေစပါတယ္။

(၄) ေနာက္ေက်ာေလ့က်င့္ခန္း

ခႏၶာကိုယ္ကိုမတ္မတ္ရပ္ၿပီး ဦးေခါင္းကိုအေနာက္ဘက္လွန္ႏိုင္သေလာက္လွန္ခ်လိုက္ပါ။ အဲ့ဒီအေနအထားမွာ စကၠန္႔အနည္းငယ္ေနၿပီး အသက္႐ွဴသြင္း၊႐ွဴထုတ္လုပ္ေပးပါ။

ၿပီးရင္နဂိုပုံစံအတိုင္းျပန္ေနလိုက္ပါ။ ဒါကို (၆)ႀကိမ္၊ ၃ ေက်ာ့လုပ္ေပးရမွာပါ။

ခႏၶာကိုယ္အေနအထားမွန္ကန္ေစၿပီး၊အျမင္အာ႐ုံေကာင္းမြန္ေစတာ၊ ေသြးလွည့္ပတ္မႈကိုလည္း ေကာင္းမြန္ေစပါတယ္။

(၅) လက္ဆန္႔ထုတ္ေလ့က်င့္ခန္း

ေျခေထာက္ႏွစ္ဖက္ကိုစုၿပီး ခႏၶာကိုယ္ကိုမတ္မတ္ရပ္ပါ။ လက္ႏွစ္ဖက္ကိုေဘးဘက္ခ်ထားရာကေန ေခါင္းေပၚကိုဆန္႔ထုတ္လိုက္ၿပီး လက္ဝါးႏွစ္ဖက္ကိုယွက္ထားလိုက္ပါ။

လက္ေတြကိုအေပၚဘက္ဆန္႔္ႏိုင္သေလာက္ဆန္႔ထုတ္ၿပီး အဲ့ဒီအခ်ိန္မွာပဲ ေျခဖ်ားေထာက္ေပးပါ။

အဲ့ဒီအေနအထားမွာ စကၠန္႔အနည္းငယ္ေလာက္ေနေပးၿပီး အသက္႐ွဴသြင္း၊႐ွဴထုတ္လုပ္ေပးပါ။ ၿပီးရင္ နဂိုအေနအထားအတိုင္းျပန္ေနေပးလိုက္ပါ။

အဲ့ဒါကို (၆)ႀကိမ္ ၊ ၃ေက်ာ့လုပ္ေပးရမွာပါ။ ဒီေလ့က်င့္ခန္းက အဆုတ္၊အသည္း၊အူလမ္းေၾကာင္းနဲ႔ေက်ာက္ကပ္က်န္းမာေရးအတြက္အေထာက္အကူျဖစ္ေစႏိုင္ပါတယ္။

Unicode Version ျဖင့္ဖတ္ရန္

ရုပ်ပိုင်းဆိုင်ရာ အရွယ်တင်နုပျိုစေပြီး စိတ်ဓာတ်ကြံ့ခိုင်သန်မာစေတဲ့ လေ့ကျင့်ခန်း (၅) မျိုး…

ပျိုမေတို့ဟာ ရုပ်ပိုင်းဆိုင်ရာလှပနုပျိုဖို့နဲ့ စိတ်ပိုင်းဆိုင်ရာကျန်းမာဖို့အတွက် နည်းလမ်းအမျိုးမျိုးရှိတဲ့အထဲမှာ အကောင်းဆုံးနည်းလမ်းကတော့ လေ့ကျင့်ခန်းလုပ်ပေးတဲ့ နည်းလမ်းပါ။

နေ့စဉ်ကြုံတွေ့ရတဲ့ စိတ်ဖိစီးမှုတွေကို ဖယ်ရှားပြီး သန်မာတဲ့သူတစ်ယောက်ဖြစ်ဖို့ နေ့စဉ်ဒီလေ့ကျင့်ခန်းလေးတွေကို လုပ်ပေးလိုက်ပါ။

(၁) အသက်ရှူလေ့ကျင့်ခန်း

လေကို ရှိုက်သွင်းလိုက်ပြီး နှစ်စက္ကန့်လောက်နေပြီး အဆုတ်ထဲရောက်သည်အထိ ရှူသွင်းလိုက်ပါ။ ပြီးရင် ထွက်လေကို ပါးစပ်ထဲကနေဖြည်းဖြည်းချင်း ထုတ်ပေးလိုက်ပါ။

အဲ့ဒါကို မိနစ်အနည်းငယ်လုပ်ပေးမယ်ဆိုရင် ခန္ဓာကိုယ်ထဲကသွေးလှည့်ပတ်မှု၊ အစာချေစနစ်တွေ ကောင်းကောင်းလှည့်ပတ်ဖို့ အထောက်အပံ့ ပေးနိုင်ပါတယ်။

(၂) သွေးပူလေ့ကျင့်ခန်း

ခြေထောက်နှစ်ဖက်ကို ပခုံးအကျယ်လောက် ခွဲရပ်ပြီး ဒူးတွေကို အနည်းငယ်ကွေးထားပေးလိုက်ပါ။ လက်နှစ်ဖက်ကို ရှေ့နောက်၊ ဘေး ဘယ်ညာ လွဲပေးပါ။

ခန္ဓာကိုယ်ထဲက သွေးတွေပူလာသည်အထိ အဲ့ဒါကိုလုပ်ပေးပါ။ မနက်ခင်းမှာလုပ်ပေးမယ်ဆိုရင် တစ်နေ့လုံးလန်းဆန်းစေပါတယ်။

(၃) အကြောလျှော့လေ့ကျင့်ခန်း

ခြေထောက်နှစ်ဖက်ကို ပခုံးအကျယ်လောက်ခွဲရပ်ပြီး ခန္ဓာကိုယ်ကို အရှေ့ကိုကိုင်းလိုက်ပါ။ လက်တွေကိုဆန့်တန်းထားပြီး ကြမ်းပြင်ဘက် နီးသထက်နီးအောင် လုပ်ပေးပါ၊

ဒူးတွေကိုလုံးဝမကွေးစေဘဲ ၊ကျောပြင်ကိုလည်းတတ်နိုင်သလောက်ဖြောင့်မတ်ထားပါ၊ မျက်နှာကိုလည်း ကြမ်းပြင်ကိုမကြည့်ဘဲ အရှေ့ဘက်ကိုကြည့်ပါ။

အဲ့ဒီအနေအထားအတိုင်း(၁၀)စက္ကန့်လောက်နေပြီး ဖြည်းဖြည်းချင်းပြန်မတ်ပေးပါ။

အဲ့ဒါကို (၆) ကြိမ်လုပ်ပေးရုံနဲ့ နောက်ကျော်ဘက်ကြွက်သားတွေပုံစံမှန်စေပြီး၊ ကျောက်ကပ်ကျန်းမာရေးကို တိုးတက်စေပါတယ်။

(၄) နောက်ကျောလေ့ကျင့်ခန်း

ခန္ဓာကိုယ်ကိုမတ်မတ်ရပ်ပြီး ဦးခေါင်းကိုအနောက်ဘက်လှန်နိုင်သလောက်လှန်ချလိုက်ပါ။ အဲ့ဒီအနေအထားမှာ စက္ကန့်အနည်းငယ်နေပြီး အသက်ရှူသွင်း၊ရှူထုတ်လုပ်ပေးပါ။

ပြီးရင်နဂိုပုံစံအတိုင်းပြန်နေလိုက်ပါ။ ဒါကို (၆)ကြိမ်၊ ၃ ကျော့လုပ်ပေးရမှာပါ။

ခန္ဓာကိုယ်အနေအထားမှန်ကန်စေပြီး၊အမြင်အာရုံကောင်းမွန်စေတာ၊ သွေးလှည့်ပတ်မှုကိုလည်း ကောင်းမွန်စေပါတယ်။

(၅) လက်ဆန့်ထုတ်လေ့ကျင့်ခန်း

ခြေထောက်နှစ်ဖက်ကိုစုပြီး ခန္ဓာကိုယ်ကိုမတ်မတ်ရပ်ပါ။ လက်နှစ်ဖက်ကိုဘေးဘက်ချထားရာကနေ ခေါင်းပေါ်ကိုဆန့်ထုတ်လိုက်ပြီး လက်ဝါးနှစ်ဖက်ကိုယှက်ထားလိုက်ပါ။

လက်တွေကိုအပေါ်ဘက်ဆန့််နိုင်သလောက်ဆန့်ထုတ်ပြီး အဲ့ဒီအချိန်မှာပဲ ခြေဖျားထောက်ပေးပါ။

အဲ့ဒီအနေအထားမှာ စက္ကန့်အနည်းငယ်လောက်နေပေးပြီး အသက်ရှူသွင်း၊ရှူထုတ်လုပ်ပေးပါ။ ပြီးရင် နဂိုအနေအထားအတိုင်းပြန်နေပေးလိုက်ပါ။

အဲ့ဒါကို (၆)ကြိမ် ၊ ၃ကျော့လုပ်ပေးရမှာပါ။ ဒီလေ့ကျင့်ခန်းက အဆုတ်၊အသည်း၊အူလမ်းကြောင်းနဲ့ကျောက်ကပ်ကျန်းမာရေးအတွက်အထောက်အကူဖြစ်စေနိုင်ပါတယ်။