Beauty





















Credit

UNICODE VERSION

နှစ်လအတွင်း ဆံပင်ထူလာအောင် လုပ်ကြပါစို့…

ဒီရက်ပိုင်း ကိုယ်တိုင်ဆံသားကျွတ်လွယ်ပြတ်လွယ်တာမို့ ဆံပင်နဲ့ပက်သတ်တဲ့နည်းတွေ လိုက်လုပ်ဖြစ်တယ်။

အမှန်ဆိုငယ်ငယ်က ဆံပင်အုံထူလွန်းလို့ဆံပင်ဆိုင်သွားတိုင်း အမြဲပါးခိုင်းရတဲ့ သူတစ်ယောက်ပါ။

ဒီရက်ပိုင်းမှာတော့ ဆံပင်ကျွတ်တာ ခဏခဏဖြစ်လာတော့ နည်းနည်းလန့်လာတယ်

ကိုယ်တိုင်ခံစားမိတော့ ကိုယ့်လိုဖြစ်နေတဲ့ သူတွေအတွက်နည်းပေးချင်လာတယ်

ဆံပင်နဲ့ပက်သတ်လို့အကောင်းဆုံးဆိုတဲ့နည်းတွေလိုက်ရှာကြည့်တယ်

ထောပတ်၊ဇီးဖြူ၊လက်ဖက်စိမ်း၊ကြံ၊လိမ္မော်၊သံပုရာ၊သံလွင်ဆီစသည်ဖြင့်နည်းပေါင်းစုံတွေ့တယ်။

အားလုံးထဲမှာအကောင်းဆုံးဆိုတဲ့နည်းတခုတော့တွေ့တယ်။

အဲဒီနည်းကသိပ်မခက်ဘဲ ဆံသားက်ုထူစေပြီး ဆံပင်ပေါက်လွယ်လို့ ပြန်လည်ဖော်ပြလိုက်ပါတယ်။

ဒီနည်းမှာ ကြက်ဆူဆီက အရေးပါတယ်။

အရင်ဆုံးကြက်ဆူဆီ ထမင်းစားဇွန်း(၂)ဇွန်းကိုယူပြီး ပျားရည်ထမင်းစားဇွန်း၁)ဇွန်းနဲ့ ရောပါ။

ပြီးရင် အထဲကိုကြက်ဥနှစ်အဝါနှစ်တလုံးထည့်ပြီး သမအောင်မွှေပါ။

အဆိုပါအရောကိုဆံပင်အရင်း(ဆံသားအခြေ)ကမွှေးညှင်းပေါက်တွေထဲဝင်အောင်ငါးမိနစ်ခန့်နှိပ်ပေးပါ

ပြီးရင် တခေါင်းလုံးကိုသေချာပွတ်ပြီး အပေါ်ကhair capသို့ပလတ်စတစ်အကြည်တခုနဲ့အုပ်ပါ။

အထက်ပါအတိုင်း လေးနာရီထားပါ။

အားလုံးပြီးရင်ရှန်ပူခပ်ပျော့ပျော့နဲ့ထပ်လျှော်ပါ။

ဆံပင်လျှော်တဲ့အခါ လက်နဲ့အရမ်းဖိမလျှော်သင့်ဘူး၊ ရေနွေးမသုံးသင့်ဘူး ရေအေးသာသုံးပါ။

ဒီနည်းအတိုင်း တပတ်ကိုနှစ်ကြိမ်တိတိ လုပ်ပါ။

နှစ်လအတွင်းဆံပင်ပါးတာ၊ ဆံပင်ကျွတ်တာ သိသိသာသာသက်သာပြီး သင့်ဆံပင်တွေထူလာလိမ့်မယ်။

Credit