Knowledge
၁။ ရေမွှေး
၂။ လက်သည်းဆိုးဆေး
၃။ မျက်ခုံး
၎။ မျက်တောင်
၅။ မိတ်ကပ်
ယောကျာ်းအများစုရဲ့ ထွက်ဆိုးချက်အရ သူတို့က သဘာဝမျက်တော်၊ မျက်ခုံး၊ သဘာဝနှုတ်ခမ်းအရောင် စတဲ့ အပေါ်မှာပိုပြီး စိတ်ဝင်စားမှုပိုရှိကြပါတယ်။
Unicode Version
ယောက်ျားလေးတွေကို စွဲဆောင်နိုင်တဲ့ အမျိုးသမီးတွေအတွက် အလှအပပြင်ဆင်နည်း…
၁။ ရေမွှေး
များသောအားဖြင့် ယောက်ျားလေးတွေဟာ အမျိုးသမီးတွေရဲ့ ကိုယ်သင်းရနံ့ ဒါမှမဟုတ် သူတို့နေ့စဉ်အသုံးပြုတဲ့ ရေမွှေး အနံ့အပေါ်မှာ အာရုံစိုက်တတ်ကြပါတယ်။
ဒီအချက်ကလည်း အမျိုးသားတွေကို စွဲဆောင်စေနိုင်တဲ့ အချက်တစ်ချက်ပဲဖြစ်ပါတယ်။
အမျိုးသားတွေက သင့်ရဲ့ ကိုယ်သင်းရနံ့/ သင်အမြဲအသုံးပြုတဲ့ ရေမွှေးရနံ့လေးကို ရရှိလိုက်တာနဲ့ သူ့ရဲ့ အတွေးထဲမှာ သင့်ကို အရင်ဆုံးပြေးမြင်မိမှာအသေအချာပါပဲ။
ဒါပေမဲ့ အရမ်းဆူးရှပြီး အနံ့ပြင်းတဲ့ ရေမွှေးတွေ အမွှေးဆီတွေကိုတော့ ကြိုက်လေ့မရှိပါဘူး။
၂။ လက်သည်းဆိုးဆေး
ယောက်ျားလေးတစ်ယောက်က အမျိုးသမီးတစ်ယောက်ကို စိတ်ဝင်စားပြီဆိုလျှင် လက်သည်းကိုလည်း အာရုံစိုက်တတ်ကြပါတယ်။
ဒါပေမဲ့ ယောက်ျားလေးတစ်ယောက်နဲ့တစ်ယောက်ရဲ့ အကြိုက်ခြင်းက မတူတာကြောင့် ကွဲပြားမှုတွေတော့ ရှိနေနိုင်ပါတယ်။
ဒါပေမဲ့ ယောက်ျားလေးအများစုကတော့ လက်သည်းကို ရောင်စုံခြယ်သထားခြင်း၊ အရမ်းအရှည်လွန်ခြင်း စတာတွေကို သဘောသိပ့်မကျတတ်ဘဲ
ရိုးရိုးရှင်းရှင်း လက်သည်းအရှည်လေးကိုပေါ်လစ်တင်ထားတာမျိုးကို ပိုပြီး သဘောကျတတ်တာများပါတယ်။ ဒီအချက်ကလည်း သင် ယောက်ျားလေးတွေကို စွဲဆောင်နိုင်တဲ့ အချက်တစ်ချက်ပဲဖြစ်ပါတယ်။
၃။ မျက်ခုံး
ယောက်ျားလေးအများစုဟာ ရိုးရှင်းတဲ့အလှကို ပိုပြီး မြတ်နိုးကြပါတယ်။ သူတို့ဟာ အရမ်းအလှအပ အပြင်အဆင်လွန်တဲ့သူဆို သူတို့ရဲ့ အလှကို ဒတင်္ဂလောက်ပဲ ခံစားတတ်ကြပါတယ်။
ဒါ့ကြောင့် မျက်ခုံမွှေးဆွဲတဲ့အပေါ်မှာလည်း အာရုံစိုက်တတ်ကြပါတယ်။ ကိုယ်က မျက်ခုံးမရှိလို့ ပါးလို့ မျက်ခုံးကို liner အများကြီးချယ်သထားရင်သိပ့်ပြီး သဘောမကျကြပါဘူး။
ဒါ့ကြောင့် မျက်ခုံးဆွဲတဲ့အခါမှာ အရမ်းကြီးသိသာအောင် မဆွဲဘဲ ကြည့်ကောင်းရုံခပ်ပါးပါးလေး ခြယ်သထားတာကို ပိုပြီး သဘောကျတတ်ကြပါတယ်။
၄။ မျက်တောင်
အမျိုးသားတစ်ယောက်ကို စွဲဆောင်ဖို့ မျက်တောင်ကလည်း အရေးကြီးပါတယ်။
ယောက်ျားလေးအများစု ကြိုက်တတ်တဲ့ ပုံစံတွေကို မေးမြန်းစစ်ဆေးကြည့်ရသလောက် မျက်တောင်အတုတတ်ဆင်ခြင်းကို သဘောမကျပါဘူး။
သဘာဝအတိုင်း မျက်တောင်ဆင်းပြီး ရှည်နေတာကို ပိုပြီး စိတ်ဝင်စားတတ်ကြပါတယ်။ ဒီအချက်ကတော့ သင့်ရဲ့ မွေးရာပါ မျက်တောင် လှ မလှအပေါ်မှာပဲ မူတည်ပါတယ်။
၅။ မိတ်ကပ်
မိတ်ကပ်နဲ့ပတ်သက်ပြီး အမျိုးသားတွေဟာ အရမ်းကြီး bright ဖြစ်ပြီး ကာလာစုံခြယ်ထားတဲ့ မိတ်ကပ်လိမ်းခြယ်နည်းကို မနှစ်သက်ကြပါဘူး။
သူတို့ ပင်ကိုယ်သဘာဝအသားအရောင်ပေါ်မှာပဲ မှီမြန်ပြီး လိမ်းခြယ်ထားတာကို ပိုပြီးစိတ်ဝင်စားတတ်ကြပါတယ်။
သင့်အတွက် သဘာဝအတိုင်းလေးနဲ့ ရိုးရိုးရှင်းရှင်းလှအောင် မိတ်ကပ်လိမ်းခြယ်နည်းတွေရှိပါတယ်။
သင့်အနေနဲ့ဒါကို ကျွမ်းကျင်ဖို့လိုအပ်ပါတယ်။
ယောက်ျားအများစုရဲ့ ထွက်ဆိုးချက်အရ သူတို့က သဘာဝမျက်တော်၊ မျက်ခုံး၊ သဘာဝနှုတ်ခမ်းအရောင် စတဲ့ အပေါ်မှာပိုပြီး စိတ်ဝင်စားမှုပိုရှိကြပါတယ်။
၆။ ခြေသလုံးမွှေး သို့မဟုတ် ခြေထောက်
အမျိုးသမီးတွေက တစ်ခါတလေမှာ မျက်နှာပေါ်ကသာ အလှအပတွေ ပြင်ဆင်နေပေမဲ့ ကိုယ့်ရဲ့ ခြေသလုံး၊ ခြေထောက်ကို အာရုံသိပ့်မစိုက်တတ်ကြပါဘူး။
ယောက်ျားလေးတွေက အမြင်မှာ ခြေသုံးမွှေးတွေထူနေတာ၊ ရှည်နေတာမျိုးဆို သဘောမကျတတ်ကြပါဘူး။
ခြေထောက်ဟာ အနာအစာကင်းပြီး ဆင်းလုံးချော နေတာကို ပိုပြီးစိတ်ဝင်စားတတ်ကြပါတယ်။
၇။ တွန့်ကြေနေသော အဝတ်အစား
လူတစ်ယောက်ရဲ့ နေထိုင်ပုံ သပ်သပ်ရပ်ရပ်ရှိခြင်းကလည်း စွဲဆောင်မှုတစ်ခုပဲဖြစ်ပါတယ်။
အဝတ်အစားကအစ သင်က ဖြစ်သလိုပဲ ဝတ်တတ်စားတတ်ရင်တော့ သင့်ကို ယောက်ျားလေးတွေက စိတ်ဝင်စားကြမှာမဟုတ်ပါဘူး။
ဒါ့ကြောင့် အဝတ်အစားဝတ်တဲ့အခါ မီးပူတိုက်ဝတ်တဲ့ အကျင့်ရှိတာက သင့်အတွက် စည်းကမ်းတဲ့သူတစ်ယောက်လို့လဲ ထင်မြင်နိုင်သလို စွဲဆောင်မှုရှိတဲ့သူလိုလည်း ထင်မြင်နိုင်ပါတယ်။