Beauty

ဆံပင္ျမန္ျမန္ ႐ွည္ခ်င္တဲ့ သူေတြအတြက္ နည္းလမ္းေကာင္း တစ္ခု…

ဆံပင္ျမန္ျမန္ ႐ွည္ခ်င္တဲ့ သူေတြအတြက္ နည္းလမ္းေကာင္း တစ္ခု…

ဆံပင္ ေတြ ႐ွည္တာ ေႏွးေနလို႔ စိတ္ညစ္ေနသူေတြ အတြက္ လြယ္ကူေစမယ့္ နည္းလမ္း ေလး တစ္ခု မွ်ေဝပါရေစ။

အဓိက ပါဝင္တဲ့ အရာကေတာ့ ဂ်င္းပါ။

ဂ်င္းကေတာ့ အိမ္တိုင္းလိုလိုမွာ ႐ွိၾကတဲ့ အတြက္ ခက္ခဲမယ့္ အရာေတာ့ မဟုတ္ပါဘူး။

ဂ်င္း ဟာ အပူလို႔ သိထားတဲ့ အတြက္ ဟုတ္ပါ့မလားလို႔ သံသယစိတ္ေတာ့ ႐ွိမွာပါ။

ဂ်င္းဟာ ေသြးလည္ပတ္မႈကို ေကာင္းမြန္ေစၿပီး ဆံပင္ကြၽတ္ သက္သာေစဖို႔ အတြက္ အခုဆိုရင္ ဂ်င္းနဲ႔ အထူးျပဳလုပ္ထားတဲ့ ေခါင္းေလွ်ာ္ရည္ အခ်ိဳ႕ေတာင္ ႐ွိပါတယ္။

အခု ျပဳလုပ္မယ့္ နည္းေလးကေတာ့ အျခား ပါဝင္ပစၥည္းေတြပါ ထည့္ၿပီး Hair Mask ေလး လုပ္ပါမယ္။

ပါဝင္ပစၥည္းေတြကေတာ့

– ဂ်င္း

– ေထာပတ္သီးအဆီ(ေထာပတ္သီးအႏွစ္လည္းရပါတယ္)

– သံပုရာရည္

– အုန္းဆီ

အဆင့္ ၁

ဂ်င္းတစ္တက္ကို အခြံႏႊာၿပီး ေသးေသးေလးေတြ လုပ္ပါ။ ဂ်င္းအမႈန္႔ဆိုရင္လည္း ရပါတယ္။

ဂ်င္းအစိုဆိုရင္ေတာ့ ေထာင္းၿပီး အရည္ညႇစ္ယူပါ။

အဆင့္ ၂

ဂ်င္းရည္ထဲကို ေထာပတ္သီး စားပြဲတင္ဇြန္း ၁ ဇြန္း ထည့္ေရာပါ။

ေထာပတ္သီးဟာ ဗီတာမင္ဘီ၊ အမိုင္ႏိုအက္ဆစ္နဲ႔ အျခား ဓာတ္ေတြပါဝင္တာေၾကာင့္ ဆံသားကို ႏူးညံ့ေစႏိုင္ပါတယ္။

အဆင့္ ၃

အုန္းဆီ လက္ဖက္ရည္ပန္းကန္လုံး တစ္ဝက္ေလာက္ ထည့္ပါ။ ဆံသားပ်က္ဆီးမႈကို ျပန္လည္ ျပဳျပင္ေပးႏိုင္တဲ့ အစြမ္း အုန္းဆီမွာ ႐ွိပါတယ္။

အဆင့္ ၄

သံပုရာရည္ အစက္ ၁၀ စက္ခန္႔ ထပ္ေရာပါ။ ဗီတာမင္ စီဟာ ဆံသားကို သန္႔စင္ေစၿပီး ေဗာက္ကိုလည္း ေသေစႏိုင္ပါတယ္။

မလိုလားအပ္တဲ့ ပိုးမႊားေတြကိုလည္း ေသေစႏိုင္ပါတယ္။

အဆင့္ ၅

ဆံပင္ကို ၿဖီးၿပီး ႐ွင္းထားပါ။ ဆံသားအဖုအထုံးေလးေတြ မျဖစ္ေစဖို႔ အတြက္ပါ။

အဆင့္ ၆

ျပဳလုပ္ထားတဲ့ Hair Mask အေရာေလးကို ဦးေရျပား အႏွံ႔ လိမ္းေပးပါ။ ၁၀မိနစ္ေလာက္ ႏွိပ္နယ္ၿပီး လိမ္းေပးပါ။

အဆင့္ ၇

၄၅ မိနစ္ေလာက္ ထားၿပီး ေရနဲ႔ ျဖည္းညႇင္းစြာ ေဆးပါ။ ၿပီးရင္ေတာ့ ဓာတုပစၥည္းနည္းတဲ့ ေခါင္းေလွ်ာ္ရည္နဲ႔ ျပန္ေလွ်ာ္ပါ။

ကြၽန္ကေတာ့ Babilmild ကေန ထုတ္တဲ့ ကေလးေခါင္းေလွ်ာ္ရည္နဲ႔ ေလွ်ာ္လိုက္ပါတယ္။

အဆင့္ ၈

ေခါင္းကို ေျခာက္ေအာင္ တဘက္နဲ႔ ေရသုတ္ပ္ပါ။ ဆံပင္ေျခာက္ခံစက္ေတြ မသုံးပါနဲ႔။ သဘာဝအတိုင္း ေျခာက္ေသြ႕ေအာင္ သုတ္ေပးပါ။

Unicode Version

ဆံပင်မြန်မြန် ရှည်ချင်တဲ့ သူတွေအတွက် နည်းလမ်းကောင်း တစ်ခု…

ဆံပင် တွေ ရှည်တာ နှေးနေလို့ စိတ်ညစ်နေသူတွေ အတွက် လွယ်ကူစေမယ့် နည်းလမ်း လေး တစ်ခု မျှဝေပါရစေ။

အဓိက ပါဝင်တဲ့ အရာကတော့ ဂျင်းပါ။

ဂျင်းကတော့ အိမ်တိုင်းလိုလိုမှာ ရှိကြတဲ့ အတွက် ခက်ခဲမယ့် အရာတော့ မဟုတ်ပါဘူး။

ဂျင်း ဟာ အပူလို့ သိထားတဲ့ အတွက် ဟုတ်ပါ့မလားလို့ သံသယစိတ်တော့ ရှိမှာပါ။

ဂျင်းဟာ သွေးလည်ပတ်မှုကို ကောင်းမွန်စေပြီး ဆံပင်ကျွတ် သက်သာစေဖို့ အတွက် အခုဆိုရင် ဂျင်းနဲ့ အထူးပြုလုပ်ထားတဲ့ ခေါင်းလျှော်ရည် အချို့တောင် ရှိပါတယ်။

အခု ပြုလုပ်မယ့် နည်းလေးကတော့ အခြား ပါဝင်ပစ္စည်းတွေပါ ထည့်ပြီး Hair Mask လေး လုပ်ပါမယ်။

ပါဝင်ပစ္စည်းတွေကတော့

– ဂျင်း

– ထောပတ်သီးအဆီ(ထောပတ်သီးအနှစ်လည်းရပါတယ်)

– သံပုရာရည်

– အုန်းဆီ

အဆင့် ၁

ဂျင်းတစ်တက်ကို အခွံနွှာပြီး သေးသေးလေးတွေ လုပ်ပါ။ ဂျင်းအမှုန့်ဆိုရင်လည်း ရပါတယ်။

ဂျင်းအစိုဆိုရင်တော့ ထောင်းပြီး အရည်ညှစ်ယူပါ။

အဆင့် ၂

ဂျင်းရည်ထဲကို ထောပတ်သီး စားပွဲတင်ဇွန်း ၁ ဇွန်း ထည့်ရောပါ။

ထောပတ်သီးဟာ ဗီတာမင်ဘီ၊ အမိုင်နိုအက်ဆစ်နဲ့ အခြား ဓာတ်တွေပါဝင်တာကြောင့် ဆံသားကို နူးညံ့စေနိုင်ပါတယ်။

အဆင့် ၃

အုန်းဆီ လက်ဖက်ရည်ပန်းကန်လုံး တစ်ဝက်လောက် ထည့်ပါ။ ဆံသားပျက်ဆီးမှုကို ပြန်လည် ပြုပြင်ပေးနိုင်တဲ့ အစွမ်း အုန်းဆီမှာ ရှိပါတယ်။

အဆင့် ၄

သံပုရာရည် အစက် ၁၀ စက်ခန့် ထပ်ရောပါ။ ဗီတာမင် စီဟာ ဆံသားကို သန့်စင်စေပြီး ဗောက်ကိုလည်း သေစေနိုင်ပါတယ်။

မလိုလားအပ်တဲ့ ပိုးမွှားတွေကိုလည်း သေစေနိုင်ပါတယ်။

အဆင့် ၅

ဆံပင်ကို ဖြီးပြီး ရှင်းထားပါ။ ဆံသားအဖုအထုံးလေးတွေ မဖြစ်စေဖို့ အတွက်ပါ။

အဆင့် ၆

ပြုလုပ်ထားတဲ့ Hair Mask အရောလေးကို ဦးရေပြား အနှံ့ လိမ်းပေးပါ။ ၁၀မိနစ်လောက် နှိပ်နယ်ပြီး လိမ်းပေးပါ။

အဆင့် ၇

၄၅ မိနစ်လောက် ထားပြီး ရေနဲ့ ဖြည်းညှင်းစွာ ဆေးပါ။ ပြီးရင်တော့ ဓာတုပစ္စည်းနည်းတဲ့ ခေါင်းလျှော်ရည်နဲ့ ပြန်လျှော်ပါ။

ကျွန်ကတော့ Babilmild ကနေ ထုတ်တဲ့ ကလေးခေါင်းလျှော်ရည်နဲ့ လျှော်လိုက်ပါတယ်။

အဆင့် ၈

ခေါင်းကို ခြောက်အောင် တဘက်နဲ့ ရေသုတ်ပ်ပါ။ ဆံပင်ခြောက်ခံစက်တွေ မသုံးပါနဲ့။ သဘာဝအတိုင်း ခြောက်သွေ့အောင် သုတ်ပေးပါ။