မိမိကိုယ္ကို ၀တယ္လို႔ ျမင္ျပီး ပိန္ခ်င္ေနတဲ႔ သူေတြအတြက္…
အစားအစာေလွ်ာ႔စား လို႔လည္းမရ၊ အားကစား ေလ႔က်င္႔ခန္း လုပ္ရန္လည္း အေမာမခံႏိုင္၊ ဇြဲလည္း မရိွ၊ ၀ိတ္ေတြ တတ္လြန္းျပီး စိတ္ပ်က္ကာ စိတ္ဓာတ္က်ေနသည္႔ သူမ်ားသည္
အစားလည္းေလွ်ာ႕ရန္မလို ေလ႔က်င္႔ခန္းလည္း မလုပ္ရဘဲ ေဆးေလးေသာက္ရံုမွ်ျဖင္႔ ပိန္သြားႏိုင္မည္႔ ေဆးမ်ိဳးကို ေငြဘယ္ေလာက္ေပးရပါေစ ၀ယ္ရန္အသင္႔ေစာင္႔ေနၾကသည္႕ ေငြတြင္းၾကီးမ်ား ျဖစ္ၾကသည္။
ေဆးေၾကာ္ျငာတြင္ “ဒီေဆးကို တစ္ေန႔တစ္ၾကိမ္စားရံုမွ်ျဖင္႔ ဘယ္ႏွရက္အတြင္း ဘယ္ႏွေပါင္က်သြားေစရမည္”ပါရံုမွ်ျဖင္႔ ဟုတ္သည္ျဖစ္ေစ မဟုတ္သည္ျဖစ္ေစ စမ္းေသာက္ၾကည္႔ရံုျဖင္႔ အက်ိဳးမယုတ္ႏိုင္၊
တကယ္တမ္းေျပာသည္႔အတိုင္း ပိန္သြားပါက မိမိအတြက္ အျမတ္ပင္ ျဖစ္သည္ဟု ယူဆျပီး ၀ယ္ယူသံုးဆြဲၾကမည္႔ သူမ်ားမွာ မယံုၾကည္ႏိုင္ေလာက္ေအာင္ပင္ အမ်ားအျပား ရိွေနၾကျမဲ ျဖစ္သည္။
ထိုေဆးမ်ားအနက္ တစ္ခ်ိဳ႕သည္ ၀မ္းသြားေစျပီး ကိုယ္အတြင္းရိွ ေရဓာတ္မ်ားကို ေလ်ာ႔က်သြားေစျခင္းျဖင္႔ ခနတာမွ် အေလးခ်ိန္ေလ်ာ႔က်သြားေစႏိုင္ေသာ္လည္း
အစားအေသာက္မေလ်ာ႔ဘဲႏွင္႔ေတာ႔ မည္သည္႔ေဆးကမွ (အျမဲတမ္း) ပိန္သြားေစႏိုင္မည္မဟုတ္ေၾကာင္း နားလည္ထားသင္႔ပါသည္။
ပိန္ခ်င္သူမ်ား အဓိက သိထားသင္႔သည္႔အခ်က္မွာ မိမိေန႔စဥ္ လႈပ္ရွားသြားလာေနရန္ လိုအပ္သည္႔ ကယ္လိုရီပမာန(အထြက္) ထက္
မိမိစားေသာက္ေနေသာ အစားစာမ်ားမွ ရရိွသည္႔ ကယ္လိုရီ ပမာန(အ၀င္) က ပိုမ်ားေနသည္႔ ကာလပတ္လံုး ဘယ္ေဆးပဲ ေသာက္ေသာက္ တစ္သက္လံုး ပိန္လိမ္႔မည္ မဟုတ္ဆိုသည္႔ အခ်က္ပင္ ျဖစ္သည္။
Source – Dr.Aung Maw
Content Writer – Herry
Unicode Version ျဖင္႔ဖတ္ရန္
မိမိကိုယ်ကို ဝတယ်လို့ မြင်ပြီး ပိန်ချင်နေတဲ့ သူတွေအတွက်…
အစားအစာလျှော့စား လို့လည်းမရ၊ အားကစား လေ့ကျင့်ခန်း လုပ်ရန်လည်း အမောမခံနိုင်၊ ဇွဲလည်း မရှိ၊ ဝိတ်တွေ တတ်လွန်းပြီး စိတ်ပျက်ကာ စိတ်ဓာတ်ကျနေသည့် သူများသည်
အစားလည်းလျှော့ရန်မလို လေ့ကျင့်ခန်းလည်း မလုပ်ရဘဲ ဆေးလေးသောက်ရုံမျှဖြင့် ပိန်သွားနိုင်မည့် ဆေးမျိုးကို ငွေဘယ်လောက်ပေးရပါစေ ဝယ်ရန်အသင့်စောင့်နေကြသည့် ငွေတွင်းကြီးများ ဖြစ်ကြသည်။
ဆေးကြော်ငြာတွင် “ဒီဆေးကို တစ်နေ့တစ်ကြိမ်စားရုံမျှဖြင့် ဘယ်နှရက်အတွင်း ဘယ်နှပေါင်ကျသွားစေရမည်”ပါရုံမျှဖြင့် ဟုတ်သည်ဖြစ်စေ မဟုတ်သည်ဖြစ်စေ စမ်းသောက်ကြည့်ရုံဖြင့် အကျိုးမယုတ်နိုင်၊
တကယ်တမ်းပြောသည့်အတိုင်း ပိန်သွားပါက မိမိအတွက် အမြတ်ပင် ဖြစ်သည်ဟု ယူဆပြီး ဝယ်ယူသုံးဆွဲကြမည့် သူများမှာ မယုံကြည်နိုင်လောက်အောင်ပင် အများအပြား ရှိနေကြမြဲ ဖြစ်သည်။
ထိုဆေးများအနက် တစ်ချို့သည် ဝမ်းသွားစေပြီး ကိုယ်အတွင်းရှိ ရေဓာတ်များကို လျော့ကျသွားစေခြင်းဖြင့် ခနတာမျှ အလေးချိန်လျော့ကျသွားစေနိုင်သော်လည်း
အစားအသောက်မလျော့ဘဲနှင့်တော့ မည်သည့်ဆေးကမှ (အမြဲတမ်း) ပိန်သွားစေနိုင်မည်မဟုတ်ကြောင်း နားလည်ထားသင့်ပါသည်။
ပိန်ချင်သူများ အဓိက သိထားသင့်သည့်အချက်မှာ မိမိနေ့စဉ် လှုပ်ရှားသွားလာနေရန် လိုအပ်သည့် ကယ်လိုရီပမာန(အထွက်) ထက်
မိမိစားသောက်နေသော အစားစာများမှ ရရှိသည့် ကယ်လိုရီ ပမာန(အဝင်) က ပိုများနေသည့် ကာလပတ်လုံး ဘယ်ဆေးပဲ သောက်သောက် တစ်သက်လုံး ပိန်လိမ့်မည် မဟုတ်ဆိုသည့် အချက်ပင် ဖြစ်သည်။
Source – Dr.Aung Maw
Content Writer – Herry