မ်က္ႏွာအသားအေရေလး ၾကည္ၿပီးျဖဴလာေစဖို႔ ဆန္ေဆးရည္နဲ႔ ေပါင္းတင္နည္း…
Brightening ျဖစ္ေစတဲ့ Skincare ေတြနဲ႔ အသားအေရၾကည္ေစတဲ့ Glow ေစတဲ့ Skincare ေတြအမ်ားစုက ဆန္နဲ႔လုပ္ထားတာေတြပါ။
ဆန္ေဆးရည္က အလွအပေရးရာအတြက္ အရမ္းအက်ိဳးျပဳပါတယ္။
အဓိကကေတာ့ မ်က္ႏွာေလးကို သိသိသာသာျဖဴၿပီး ၾကည္လာေစတယ္။
တခ်ိဳ႕က ဆန္ေဆးရည္နဲ႔ မ်က္ႏွာသစ္ၾကတာ မ်က္ႏွာေလးျဖဴၿပီး ၾကည္လာတယ္လို႔ ေျပာၾကတယ္။
ဆန္ေဆးရည္နဲ႔သာ မ်က္ႏွာေပါင္းလိုက္မယ္ ဆိုရင္ေတာ့ မ်က္ႏွာအသားအေရေလး ၾကည္ၿပီးျဖဴလာမယ့္အျပင္ အသားအေရလည္းေခ်ာမြတ္ၿပီး အိအိေလးျဖစ္လာမွာပါ။
ဆန္ေဆးရည္နဲ႔ မ်က္ႏွာေပါင္းတင္ဖို႔အတြက္
ပန္းကန္ထဲကို ဆန္ – စားပြဲတင္ဇြန္း ၄ ဇြန္းထည့္ၿပီး ေရ တစ္ေရေဆးလိုက္ပါ။
ေရေသခ်ာစစ္ၿပီး ပန္းကန္လုံးအသစ္ထဲ ေျပာင္းထည့္ပါ။
ၿပီးရင္ေတာ့ ေရသန္႔ တစ္ခြက္ထည့္ၿပီး ဆန္ကို ၁၀ မိနစ္ၾကာေအာင္ စိမ္ထားလိုက္ပါ။
၁၀ မိနစ္ျပည့္ရင္ ဇြန္းနဲ႔တစ္ခ်က္ေမႊလိုက္ပါ။ ၿပီးရင္ေတာ့ ဆန္ေတြမပါေအာင္ ဘူးအသန္႔ထဲကို ဆန္ေဆးရည္ပဲ စစ္ထည့္ပါ။
ေလမဝင္ေအာင္ အဖုံးေသခ်ာဖုံးၿပီး တစ္ညထားလိုက္ပါ။
ေနာက္ေန႔က်ရင္ေတာ့ ဂြမ္းဖတ္ေလးကို ဆန္ေဆးရည္ထဲစိမ္ၿပီး မ်က္ႏွာမွာပြတ္လိမ္းေပးပါ။
တိုနာလိမ္းသလိုမ်ိဳးပါပဲ ႐ႊဲ႐ႊဲေလးသာလိမ္းထားလိုက္ပါ။
၁၀ မိနစ္ေလာက္ထားၿပီးရင္ေတာ့ မ်က္ႏွာသစ္လိုက္လို႔ရပါၿပီ။
တစ္ပတ္ တစ္ႀကိမ္ ပုံမွန္လုပ္ေပးမယ္ဆိုရင္ေတာ့ မ်က္ႏွာေလးၾကည္ၿပီး ျဖဴလာမယ့္အျပင္ အသားအေရလည္းေခ်ာမြတ္ၿပီး အိအိေလးျဖစ္လာမွာပါ။
Unicode Version ျဖင္႔ဖတ္ရန္
မျက်နှာအသားအရေလေး ကြည်ပြီးဖြူလာစေဖို့ ဆန်ဆေးရည်နဲ့ ပေါင်းတင်နည်း…
Brightening ဖြစ်စေတဲ့ Skincare တွေနဲ့ အသားအရေကြည်စေတဲ့ Glow စေတဲ့ Skincare တွေအများစုက ဆန်နဲ့လုပ်ထားတာတွေပါ။
ဆန်ဆေးရည်က အလှအပရေးရာအတွက် အရမ်းအကျိုးပြုပါတယ်။
အဓိကကတော့ မျက်နှာလေးကို သိသိသာသာဖြူပြီး ကြည်လာစေတယ်။
တချို့က ဆန်ဆေးရည်နဲ့ မျက်နှာသစ်ကြတာ မျက်နှာလေးဖြူပြီး ကြည်လာတယ်လို့ ပြောကြတယ်။
ဆန်ဆေးရည်နဲ့သာ မျက်နှာပေါင်းလိုက်မယ် ဆိုရင်တော့ မျက်နှာအသားအရေလေး ကြည်ပြီးဖြူလာမယ့်အပြင် အသားအရေလည်းချောမွတ်ပြီး အိအိလေးဖြစ်လာမှာပါ။
ဆန်ဆေးရည်နဲ့ မျက်နှာပေါင်းတင်ဖို့အတွက်
ပန်းကန်ထဲကို ဆန် – စားပွဲတင်ဇွန်း ၄ ဇွန်းထည့်ပြီး ရေ တစ်ရေဆေးလိုက်ပါ။
ရေသေချာစစ်ပြီး ပန်းကန်လုံးအသစ်ထဲ ပြောင်းထည့်ပါ။
ပြီးရင်တော့ ရေသန့် တစ်ခွက်ထည့်ပြီး ဆန်ကို ၁၀ မိနစ်ကြာအောင် စိမ်ထားလိုက်ပါ။
၁၀ မိနစ်ပြည့်ရင် ဇွန်းနဲ့တစ်ချက်မွှေလိုက်ပါ။ ပြီးရင်တော့ ဆန်တွေမပါအောင် ဘူးအသန့်ထဲကို ဆန်ဆေးရည်ပဲ စစ်ထည့်ပါ။
လေမဝင်အောင် အဖုံးသေချာဖုံးပြီး တစ်ညထားလိုက်ပါ။
နောက်နေ့ကျရင်တော့ ဂွမ်းဖတ်လေးကို ဆန်ဆေးရည်ထဲစိမ်ပြီး မျက်နှာမှာပွတ်လိမ်းပေးပါ။
တိုနာလိမ်းသလိုမျိုးပါပဲ ရွှဲရွှဲလေးသာလိမ်းထားလိုက်ပါ။
၁၀ မိနစ်လောက်ထားပြီးရင်တော့ မျက်နှာသစ်လိုက်လို့ရပါပြီ။
တစ်ပတ် တစ်ကြိမ် ပုံမှန်လုပ်ပေးမယ်ဆိုရင်တော့ မျက်နှာလေးကြည်ပြီး ဖြူလာမယ့်အပြင် အသားအရေလည်းချောမွတ်ပြီး အိအိလေးဖြစ်လာမှာပါ။