ေပါင္ျခံမည္းလို႔ ျဖဴေဖြးခ်င္သူမ်ားအတြက္လြယ္ကူးေသာနည္းလမ္း…
လူအမ်ားစုဟာ မိမိတို႔ရဲ႕ ေပါင္အတြင္းသား(ေပါင္ျခံ) အစိတ္အပိုင္းကို လ်စ္လ်ဴ ႐ႈေလ့႐ွိၾကၿပီး ဂ႐ုစိုက္ရေကာင္းမွန္း မသိၾကပါဘူး။
သတိထားမိေသာအခ်ိန္က်မွ မည္းေနမွန္း သိၾကပါေတာ့တယ္။
စိတ္မပူပါနဲ႔… ဒီလိုေပါင္ျခံမည္းတဲ့ျပသနာ ကို ေျဖ႐ွင္းေပးႏိုင္မယ့္ ေငြကုန္ေၾကးက် မမ်ားေစတဲ့ အိမ္တြင္းနည္းလမ္းေကာင္းမ်ားစြာ ႐ွိပါတယ္။
၁။ သခြါးသီး
သခြါးသီးမွာ ေပါင္ျခံျဖဴေအာင္လုပ္ေပးႏိုင္မယ့္ သဘာဝအစြမ္းသတၱိေတြ ႐ွိပါတယ္။
သခြါးသီးမွာပါဝင္တဲ့ ဓါတ္ေတြဟာ အေရျပားဆဲလ္ေတြကို ျပဳျပင္ထိန္းသိမ္းေပးၿပီး ဆဲလ္ေသေတြကိုလည္း ဖယ္႐ွားေပးပါတယ္။
သခြားသီးအျခမ္း (သို႔) အရည္ကို ေပါင္ျခံသို႔ ဆယ္မိနစ္ခန္႔ ပြတ္ေပးပါ ။ ၿပီးလွ်င္ ၅မိနစ္ခန္႔ၾကာေအာင္ထားၿပီး ေရျဖင့္ေဆးေၾကာပါ။
ဤနည္းအတိုင္း တစ္ေန႔ တစ္ႀကိမ္မွ ႏွစ္ႀကိမ္အထိ ျပဳလုပ္ေပးႏိုင္ပါသည္။
၂။ ႐ွားေစာင္းလက္ပက္
Antioxident ႂကြယ္ဝတဲ့ ႐ွားေစာင္းလက္ပက္က အေရျပားအတြက္ အေကာင္းဆုံးဆိုတာ မေမ့နဲ႔ဦးေလ။
႐ွားေစာင္းလက္ပက္အတြင္းမွ ဂ်ယ္လ္ပုံစံ အႏွစ္ေလးေတြကို မည္းေနေသာ ေပါင္ျခံအေရျပားေပၚသို႔ စိမ့္ဝင္ေအာင္ ေသခ်ာလိမ္းၿပီး မိနစ္ ၂၀ခန္႔ ႏွိပ္နယ္ေပးရမွာပါ။
ၿပီးေနာက္ ေရေႏြးေႏြးျဖင့္ ေဆးေၾကာပါ။ တစ္ေန႔ တစ္ႀကိမ္ ပုံမွန္လုပ္ေပးရမွာ ျဖစ္ပါတယ္ ။ ထိေရာက္မႈျမန္ခ်င္သူမ်ားကေတာ့ ႏွစ္ႀကိမ္ျပဳလုပ္ေပးပါ။
၃။ သံပုယိုသီး
အက္ဆစ္ဓါတ္ပါဝင္တဲ့ သံပုယိုသီးက မည္းညစ္တဲ့ အသားအေရအတြက္ အေကာင္းဆုံးပါပဲ။
ဗီတာမင္စီ ႂကြယ္ဝစြာ ပါဝင္ၿပီး ဆဲလ္သစ္မ်ားႀကီးထြားမႈကို အားေပးကာ အသားျဖဴခ်င္သူမ်ားအတြက္ သင့္ေလ်ာ္ေသာ အသီးျဖစ္ပါတယ္။
သံပုယိုအရည္ကို ေပါင္ျခံအတြင္းပိုင္းသို႔ ဂြမ္းစျဖင့္ ေသခ်ာႏွံ႔စပ္စြာ ပြတ္လိမ္းေပးပါ။ ၿပီးေနာက္ မိနစ္ ၂၀ခန္႔ထားၿပီး ေရေအးေလးျဖင့္ ေဆးခ်ပါ။
ထိုအတိုင္း တစ္ပါတ္ကို ႏွစ္ႀကိမ္၊သုံးႀကိမ္ခန္႔ ျပဳလုပ္ေပးပါ။ ထိခိုက္လြယ္ေသာ အသားအေရပိုင္႐ွင္မ်ားအေနျဖင့္ သံပုယိုရည္ကိုေရအနည္းငယ္ေရာ၍ လိမ္းေပးပါ။
၄။ ဒိန္ခ်ဥ္
ဒိန္ခ်ဥ္က အသားအေရအတြက္ ေကာင္းက်ိဳးမ်ားစြာ႐ွိၿပီး က်န္းမာေရးအတြက္လည္း စားသင့္တဲ့ အစားအစာတစ္မ်ိဳးပါပဲ။
မိန္းကေလးမ်ားအတြက္ ပိုသင့္ေလ်ာ္၍ ္ပုံမွန္စားေပးျခင္းျဖင့္ အသားအေရလွၿပီး က်န္းမာေစမွာပါ။
အေရာအေႏွာမပါဝင္ေသာ ႐ိုး႐ိုးဒိန္ခ်ဥ္ကို မည္းေနေသာအေရျပားေပၚ၌ ပြတ္လိမ္းေပးပါ။
၁၀မိနစ္၊ ၁၅ မိနစ္ခန္႔ထားၿပီးေနာက္ ၾကက္သီးေႏြးေရေလးျဖင့္ ေဆးေၾကာပါ။ တစ္ေန႔တစ္ႀကိမ္ ပုံမွန္လိမ္းေပးျခင္းျဖင့္ ေကာင္းမြန္ေသာ ရလဒ္ကို ေတြ႕႐ွိရမွာပါ။
၅။ အုန္းဆီ
အုန္းဆီဟာ အသားအေရကို ျဖဴေစၿပီး အစိုဓါတ္ထိန္းသိမ္းေပးႏိုင္စြမ္း ႐ွိပါတယ္။
အုန္းဆီ စားပြဲတင္ဇြန္း ၃ဇြန္း ႏွင့္ သံပုယိုအရည္ တစ္ဇြန္းတို႔ကို ေရာေႏွာၿပီး ေပါင္ျခံေပၚသို႔ လိမ္းၿပီး ၁၅မိနစ္ခန္႔ ႏွိပ္နယ္ေပးပါ။
၅ မိနစ္ခန္႔ထားၿပီးေနာက္ ေရေႏြးေႏြးေလးျဖင့္ ေဆးေၾကာေပးပါ။ ေန႔စဥ္ပုံမွန္ျပဳလုပ္ေပးပါ။
အခုေဖာ္ျပခဲ့ေသာ နည္းလမ္းေကာင္းေလးေတြကို ဇြဲ႐ွိ႐ွိနဲ႔ ပုံမွန္လုပ္ေပးမယ္ဆိုရင္ေတာ့ ျဖဴဝင္းတဲ့ ေပါင္အတြင္းသားကို ျပန္လည္ပိုင္ဆိုင္ေစမွာပါေနာ္။
Credit
ပေါင်ခြံမည်းလို့ ဖြူဖွေးချင်သူများအတွက်လွယ်ကူးသောနည်းလမ်း…
လူအများစုဟာ မိမိတို့ရဲ့ ပေါင်အတွင်းသား(ပေါင်ခြံ) အစိတ်အပိုင်းကို လျစ်လျူ ရှုလေ့ရှိကြပြီး ဂရုစိုက်ရကောင်းမှန်း မသိကြပါဘူး။
သတိထားမိသောအချိန်ကျမှ မည်းနေမှန်း သိကြပါတော့တယ်။
စိတ်မပူပါနဲ့… ဒီလိုပေါင်ခြံမည်းတဲ့ပြသနာ ကို ဖြေရှင်းပေးနိုင်မယ့် ငွေကုန်ကြေးကျ မများစေတဲ့ အိမ်တွင်းနည်းလမ်းကောင်းများစွာ ရှိပါတယ်။
၁။ သခွါးသီး
သခွါးသီးမှာ ပေါင်ခြံဖြူအောင်လုပ်ပေးနိုင်မယ့် သဘာဝအစွမ်းသတ္တိတွေ ရှိပါတယ်။
သခွါးသီးမှာပါဝင်တဲ့ ဓါတ်တွေဟာ အရေပြားဆဲလ်တွေကို ပြုပြင်ထိန်းသိမ်းပေးပြီး ဆဲလ်သေတွေကိုလည်း ဖယ်ရှားပေးပါတယ်။
သခွားသီးအခြမ်း (သို့) အရည်ကို ပေါင်ခြံသို့ ဆယ်မိနစ်ခန့် ပွတ်ပေးပါ ။ ပြီးလျှင် ၅မိနစ်ခန့်ကြာအောင်ထားပြီး ရေဖြင့်ဆေးကြောပါ။
ဤနည်းအတိုင်း တစ်နေ့ တစ်ကြိမ်မှ နှစ်ကြိမ်အထိ ပြုလုပ်ပေးနိုင်ပါသည်။
၂။ ရှားစောင်းလက်ပက်
Antioxident ကြွယ်ဝတဲ့ ရှားစောင်းလက်ပက်က အရေပြားအတွက် အကောင်းဆုံးဆိုတာ မမေ့နဲ့ဦးလေ။
ရှားစောင်းလက်ပက်အတွင်းမှ ဂျယ်လ်ပုံစံ အနှစ်လေးတွေကို မည်းနေသော ပေါင်ခြံအရေပြားပေါ်သို့ စိမ့်ဝင်အောင် သေချာလိမ်းပြီး မိနစ် ၂၀ခန့် နှိပ်နယ်ပေးရမှာပါ။
ပြီးနောက် ရေနွေးနွေးဖြင့် ဆေးကြောပါ။ တစ်နေ့ တစ်ကြိမ် ပုံမှန်လုပ်ပေးရမှာ ဖြစ်ပါတယ် ။ ထိရောက်မှုမြန်ချင်သူများကတော့ နှစ်ကြိမ်ပြုလုပ်ပေးပါ။
၃။ သံပုယိုသီး
အက်ဆစ်ဓါတ်ပါဝင်တဲ့ သံပုယိုသီးက မည်းညစ်တဲ့ အသားအရေအတွက် အကောင်းဆုံးပါပဲ။
ဗီတာမင်စီ ကြွယ်ဝစွာ ပါဝင်ပြီး ဆဲလ်သစ်များကြီးထွားမှုကို အားပေးကာ အသားဖြူချင်သူများအတွက် သင့်လျော်သော အသီးဖြစ်ပါတယ်။
သံပုယိုအရည်ကို ပေါင်ခြံအတွင်းပိုင်းသို့ ဂွမ်းစဖြင့် သေချာနှံ့စပ်စွာ ပွတ်လိမ်းပေးပါ။ ပြီးနောက် မိနစ် ၂၀ခန့်ထားပြီး ရေအေးလေးဖြင့် ဆေးချပါ။
ထိုအတိုင်း တစ်ပါတ်ကို နှစ်ကြိမ်၊သုံးကြိမ်ခန့် ပြုလုပ်ပေးပါ။ ထိခိုက်လွယ်သော အသားအရေပိုင်ရှင်များအနေဖြင့် သံပုယိုရည်ကိုရေအနည်းငယ်ရော၍ လိမ်းပေးပါ။
၄။ ဒိန်ချဉ်
ဒိန်ချဉ်က အသားအရေအတွက် ကောင်းကျိုးများစွာရှိပြီး ကျန်းမာရေးအတွက်လည်း စားသင့်တဲ့ အစားအစာတစ်မျိုးပါပဲ။
မိန်းကလေးများအတွက် ပိုသင့်လျော်၍ ်ပုံမှန်စားပေးခြင်းဖြင့် အသားအရေလှပြီး ကျန်းမာစေမှာပါ။
အရောအနှောမပါဝင်သော ရိုးရိုးဒိန်ချဉ်ကို မည်းနေသောအရေပြားပေါ်၌ ပွတ်လိမ်းပေးပါ။
၁၀မိနစ်၊ ၁၅ မိနစ်ခန့်ထားပြီးနောက် ကြက်သီးနွေးရေလေးဖြင့် ဆေးကြောပါ။ တစ်နေ့တစ်ကြိမ် ပုံမှန်လိမ်းပေးခြင်းဖြင့် ကောင်းမွန်သော ရလဒ်ကို တွေ့ရှိရမှာပါ။
၅။ အုန်းဆီ
အုန်းဆီဟာ အသားအရေကို ဖြူစေပြီး အစိုဓါတ်ထိန်းသိမ်းပေးနိုင်စွမ်း ရှိပါတယ်။
အုန်းဆီ စားပွဲတင်ဇွန်း ၃ဇွန်း နှင့် သံပုယိုအရည် တစ်ဇွန်းတို့ကို ရောနှောပြီး ပေါင်ခြံပေါ်သို့ လိမ်းပြီး ၁၅မိနစ်ခန့် နှိပ်နယ်ပေးပါ။
၅ မိနစ်ခန့်ထားပြီးနောက် ရေနွေးနွေးလေးဖြင့် ဆေးကြောပေးပါ။ နေ့စဉ်ပုံမှန်ပြုလုပ်ပေးပါ။
အခုဖော်ပြခဲ့သော နည်းလမ်းကောင်းလေးတွေကို ဇွဲရှိရှိနဲ့ ပုံမှန်လုပ်ပေးမယ်ဆိုရင်တော့ ဖြူဝင်းတဲ့ ပေါင်အတွင်းသားကို ပြန်လည်ပိုင်ဆိုင်စေမှာပါနော်။
Credit