ဘီယာ
အုန်းဆီ
Credit
Unicode Version
နူးညံ့တောက်ပတဲ့ ဆံကေသာကိုရရှိစေဖို့ သဘာဝနည်းလမ်းများ…
အမျိုးသမီးတိုင်း နူးညံ့တောက်ပတဲ့ ဆံကေသာကို နှစ်သက်ကြပါတယ်။
ဆံကေသာရဲ့ အလှဟာ အမျိုးသမီးတိုင်းအတွက် တန်ဖိုးထား မြတ်နိုးရတဲ့အရာပါ။
ဓာတုပစ္စည်းတွေမပါဘဲ သဘာဝပစ္စည်းတွေနဲ့ ဆံကေသာကို နူးညံ့တောက်ပအောင် ပြုလုပ်လို့ရပါတယ်။
ဘီယာ
ဘီယာကို ဆံကေသာကို နူးညံ့ တောက်ပြောင်ဖို့ အခုလိုသုံးနိုင်ပါတယ်။
အရင်ဆုံး ခေါင်းလျှော်ရည်နဲ့ ခေါင်းလျှော်လိုက်ပါ။
ပြီးရင် ဆံပင်အရင်းကနေ အဖျားထိ ဘီယာကို လိမ်းပေးလိုက်ပြီး ဦးရေပြားကို ညင်သာစွာနှိပ်နယ်ပေးပါ။
၅ မိနစ်လောက် နှိပ်ပေးပြီးရင် ရေဆေးချလိုက်ပါ။ တစ်ပတ်ကို ၂ ကြိမ်လုပ်နိုင်ပါတယ်။
အုန်းဆီ
အုန်းဆီကလည်း ဆံကေသာကို နူးညံ့ တောက်ပြောင်စေပါတယ်။
အုန်းဆီကို ဆံပင်အရင်းကနေ အဖျားထိလိမ်းပေးလိုက်ပြီး ဦးရေပြားကို မိနစ်အနည်းငယ်လောက် နှိပ်နယ်ပေးပါ။
ပြီးရင် မိနစ် ၃၀ လောက်ပေါင်းထားပြီး ခေါင်းလျှော်ရည် ပေါင်းဆေးတို့နဲ့ လျှော်ချလိုက်ပါ။
ပျားရည်နဲ့ မုန့်ဖုတ်ဆိုဒါ
ပျားရည်နဲ့ Baking Soda လို့ခေါ်တဲ့ မုန့်ဖုတ်ဆိုဒါကို ဆတူရောလိုက်ပါ။
သံပုယိုရည် နည်းနည်းထည့်ပါ။ ပြီးရင် သေချာမွေလိုက်ပါ။
အဲဒီနောက် ဆံပင်ကို ရေအရင် စိုအောင်လုပ်လိုက်ပြီး စောစောက ရောထားတာကို ဆံပင်အရင်းကနေ အဖျားထိလိမ်းပေးပါ။
ဦးရေပြားကို ၅ မိနစ်လောက် ညင်သာစွာ နှပ်နယ်ပေးလိုက်ပါ။
ပြီးရင် မိနစ်အနည်းငယ်လောက်ထားပြီး ခေါင်းလျှော်ရည် ပေါင်းဆေးတို့နဲ့ ခေါင်းလျှော်ချပါ
Credit