Healthy

သင္ေခြၽးေပါက္ေတြက်ယ္ေနလို႔ အရမ္းစိတ္မညစ္ပါနဲ႔ ဒီနည္းလမ္းေလးသာသုံးလိုက္ပါ…

သင္ေခြၽးေပါက္ေတြက်ယ္ေနလို႔ အရမ္းစိတ္မညစ္ပါနဲ႔ ဒီနည္းလမ္းေလးသာသုံးလိုက္ပါ…

ေခြၽးေပါက္ေတြ အရမ္းက်ယ္ေနလို႔ သင္ အရမ္းစိတ္ညစ္ေနပါသလား။ လုံးဝ စိတ္မညစ္လိုက္ပါနဲ႔။

ဘာျဖစ္လို႔လဲဆိုေတာ့ အခုေျပာမယ့္နည္းလမ္းေလးက ေခြၽးေပါက္က်ယ္တဲ့သူေတြကို အေကာင္းဆုံး ျပဳျပင္ေပးမယ့္ နည္းလမ္းေလးတစ္ခု ျဖစ္ေနလို႔ပါပဲ။

ၿပီးေတာ့ ဒါဟာ မိတ္ကပ္လိမ္ၿပီးေတာ့ အဆီျပန္တတ္တဲ့ သူေတြအတြက္လည္း အရမ္းအသုံးဝင္ပါတယ္။

ျပဳလုပ္ရတာလည္း မခက္ပါဘူး။ အင္မတန္ လြယ္ကူ ႐ိုးစင္းပါတယ္။ အသုံးျပဳမယ့္ပစၥည္းကလည္း အရမ္းမခက္ပါဘူး။

ၾကက္ဥအကာကို သုံးလိုက္႐ုံပါပဲ။ ဒါေပမယ့္ ေျပာစရာတစ္ခု႐ွိတာက နည္းနည္းလက္ဝင္တာပါပဲ။

ၾကက္ဥအကာကို ခရင္မ္ပုံစံျဖစ္တဲ့အထိ အဆက္မျပတ္ေတာ့ ေခါက္ေပးရပါတယ္။

ဒီနည္းက မ်က္ႏွာေခြၽးေပါက္ေတြကို သိသိသာသာ သက္သာေစၿပီးေတာ့ အဆီျပန္ျခင္းကို ကင္းေဝးေစပါတယ္။

တစ္ခ်ိဳ႕ေတြက ဒါကို bubble foam mask လို႔လည္း ေခၚၾကပါတယ္။ ကဲ ဒါဆို ကြၽန္ေတာ္တို႔ေတြ အခုပဲ စလိုက္ရေအာင္။

ပါဝင္ပစၥည္းေတြကေတာ႔

ၾကက္ဥအကာ – (၁) လုံး

သၾကား – ထမင္းစားဇြန္းနဲ႔ (၁) ဇြန္း

အရင္ဦးဆုံး လတ္လတ္ဆတ္ဆတ္ ၾကက္ဥတစ္လုံးကို ေဖာက္ၿပီးေတာ့ အကာကို ပန္းကန္လုံး တစ္ခုထဲသို႔ ထည့္ထားပါ။

အဝါႏွစ္ လုံးဝမပါေစရ(အဝါႏွစ္ပါရင္ ဆက္ လုပ္လို႔မရေတာ့ပါ) ပန္းကန္ေ႐ြးတဲ့အခါ စတီးပန္းကန္ကို သုံးရင္ အေကာင္းဆုံးပါပဲ။

ပန္းကန္ထဲကို သၾကားကို ထမင္းစားဇြန္းနဲ႔ (၁)ဇြန္း ထပ္ထည့္ပါ။ ၿပီးရင္ ၾကက္ဥအကာနဲ႔ သၾကားေတြကို ေရာေမႊၿပီးေတာ့ ခေလာက္လိုက္ပါ။

ေမႊတဲ့အခါ ခေလာက္တံ(whisk)တခုခု သုံးရပါမယ္။ ၾကက္ဥအကာကို အရည္ကေန ခရင္မ္ပုံစံျဖစ္တဲ့အထိ စိတ္႐ွည္လက္႐ွည္နဲ႔ ေခါက္ရပါမယ္။

လုပ္တဲ့အခါ ၾကက္ဥအကာထဲကို သၾကားမထည့္လဲရပါတယ္။

သို႔ေသာ္ သၾကားထည့္ျခင္း အားျဖင့္ ေခါက္ရလြယ္ကူသလို အရည္လည္း ပိုၿပီးေတာ့ ပ်စ္လြယ္တယ္။

ဒီေနရာမွာ ေခါက္တဲ့အခါ အေပၚေအာက္ ေခါက္ခ်က္ကို ခပ္တိုတိုသာ သုံးရမယ္။ အစပိုင္း ျဖည္းျဖည္းနဲ႔ ပုံမွန္သာ ေခါက္ပါ၊ ၿပီးရင္ တျဖည္းျဖည္း ျမန္လာပါ။

ေခါက္ခါစမွာ အျမႇဳပ္ထလာပါလိမ့္မယ္။ လုံးဝ မရပ္ပါနဲ႔။ ဆက္ေခါက္ပါ။

အျမႇဳပ္ကေန ခရင္မ္ပုံစံ(stiff peak) ေရာက္တဲ့အထိ အဆက္မျပတ္ေခါက္ရမွာပဲ ျဖစ္တယ္။ ပုံမွန္အားျဖင့္ေတာ့ ငါးမိနစ္ခန္႔ ေခါက္ရပါတယ္။

ရလာတဲ့ ခရင္မ္ပုံစံ(ၾကက္ဥအကာ)ကို မ်က္ႏွာေပၚ လိမ္းၿပီးေတာ့ ၁၅ မိနစ္ခန္႔ ထားပါ။ ၿပီးရင္ ေရနဲ႔ မ်က္ႏွာကို ျပန္သစ္ပါ။

ၿပီးရင္ေတာ့ သင့္ရဲ႕ေခြၽးေပါက္ေတြ ႐ွင္း႐ွင္းလင္းလင္းနဲ႔ သိသိသာသာ က်ဥ္းသြားတာကို အံ့ေၾသာ္ဖြယ္ ျမင္ေတြ႕ရပါလိမ့္မယ္။

ဒီေခြၽးေပါက္က်ဥ္းတဲ့နည္းကို ေခြၽးေပါက္က်ယ္တဲ့သူေတြဟာ ညအိပ္ခါနီးတိုင္း ပုံမွန္ ျပဳလုပ္ေပးမယ္ဆိုရင္ တစ္ပတ္အတြင္း သင့္ရဲ႕ေခြၽးေပါက္ေတြ သိသိသာသာ ေလ်ာ့နည္းသြားပါလိမ့္မယ္။

ကဲ ဒါဆို အားလုံးပဲ လွပတဲ့မ်က္ႏွာေလးနဲ႔ အၿမဲျပဳံးေပ်ာ္ႏိုင္ၾကပါေစ။

ေဒါက္တာ ေအးမင္းထူး – ေခြၽးေပါက္က်ဥ္းျခင္းနဲ႔ က်န္းမာေရး ေဆာင္းပါးမွ

သင်ချွေးပေါက်တွေကျယ်နေလို့ အရမ်းစိတ်မညစ်ပါနဲ့ ဒီနည်းလမ်းလေးသာသုံးလိုက်ပါ…

ချွေးပေါက်တွေ အရမ်းကျယ်နေလို့ သင် အရမ်းစိတ်ညစ်နေပါသလား။ လုံးဝ စိတ်မညစ်လိုက်ပါနဲ့။

ဘာဖြစ်လို့လဲဆိုတော့ အခုပြောမယ့်နည်းလမ်းလေးက ချွေးပေါက်ကျယ်တဲ့သူတွေကို အကောင်းဆုံး ပြုပြင်ပေးမယ့် နည်းလမ်းလေးတစ်ခု ဖြစ်နေလို့ပါပဲ။

ပြီးတော့ ဒါဟာ မိတ်ကပ်လိမ်ပြီးတော့ အဆီပြန်တတ်တဲ့ သူတွေအတွက်လည်း အရမ်းအသုံးဝင်ပါတယ်။

ပြုလုပ်ရတာလည်း မခက်ပါဘူး။ အင်မတန် လွယ်ကူ ရိုးစင်းပါတယ်။ အသုံးပြုမယ့်ပစ္စည်းကလည်း အရမ်းမခက်ပါဘူး။

ကြက်ဥအကာကို သုံးလိုက်ရုံပါပဲ။ ဒါပေမယ့် ပြောစရာတစ်ခုရှိတာက နည်းနည်းလက်ဝင်တာပါပဲ။

ကြက်ဥအကာကို ခရင်မ်ပုံစံဖြစ်တဲ့အထိ အဆက်မပြတ်တော့ ခေါက်ပေးရပါတယ်။

ဒီနည်းက မျက်နှာချွေးပေါက်တွေကို သိသိသာသာ သက်သာစေပြီးတော့ အဆီပြန်ခြင်းကို ကင်းဝေးစေပါတယ်။

တစ်ချို့တွေက ဒါကို bubble foam mask လို့လည်း ခေါ်ကြပါတယ်။ ကဲ ဒါဆို ကျွန်တော်တို့တွေ အခုပဲ စလိုက်ရအောင်။

ပါဝင်ပစ္စည်းတွေကတော့

ကြက်ဥအကာ – (၁) လုံး

သကြား – ထမင်းစားဇွန်းနဲ့ (၁) ဇွန်း

အရင်ဦးဆုံး လတ်လတ်ဆတ်ဆတ် ကြက်ဥတစ်လုံးကို ဖောက်ပြီးတော့ အကာကို ပန်းကန်လုံး တစ်ခုထဲသို့ ထည့်ထားပါ။

အဝါနှစ် လုံးဝမပါစေရ(အဝါနှစ်ပါရင် ဆက် လုပ်လို့မရတော့ပါ) ပန်းကန်ရွေးတဲ့အခါ စတီးပန်းကန်ကို သုံးရင် အကောင်းဆုံးပါပဲ။

ပန်းကန်ထဲကို သကြားကို ထမင်းစားဇွန်းနဲ့ (၁)ဇွန်း ထပ်ထည့်ပါ။ ပြီးရင် ကြက်ဥအကာနဲ့ သကြားတွေကို ရောမွှေပြီးတော့ ခလောက်လိုက်ပါ။

မွှေတဲ့အခါ ခလောက်တံ(whisk)တခုခု သုံးရပါမယ်။ ကြက်ဥအကာကို အရည်ကနေ ခရင်မ်ပုံစံဖြစ်တဲ့အထိ စိတ်ရှည်လက်ရှည်နဲ့ ခေါက်ရပါမယ်။

လုပ်တဲ့အခါ ကြက်ဥအကာထဲကို သကြားမထည့်လဲရပါတယ်။

သို့သော် သကြားထည့်ခြင်း အားဖြင့် ခေါက်ရလွယ်ကူသလို အရည်လည်း ပိုပြီးတော့ ပျစ်လွယ်တယ်။

ဒီနေရာမှာ ခေါက်တဲ့အခါ အပေါ်အောက် ခေါက်ချက်ကို ခပ်တိုတိုသာ သုံးရမယ်။ အစပိုင်း ဖြည်းဖြည်းနဲ့ ပုံမှန်သာ ခေါက်ပါ၊ ပြီးရင် တဖြည်းဖြည်း မြန်လာပါ။

ခေါက်ခါစမှာ အမြှုပ်ထလာပါလိမ့်မယ်။ လုံးဝ မရပ်ပါနဲ့။ ဆက်ခေါက်ပါ။

အမြှုပ်ကနေ ခရင်မ်ပုံစံ(stiff peak) ရောက်တဲ့အထိ အဆက်မပြတ်ခေါက်ရမှာပဲ ဖြစ်တယ်။ ပုံမှန်အားဖြင့်တော့ ငါးမိနစ်ခန့် ခေါက်ရပါတယ်။

ရလာတဲ့ ခရင်မ်ပုံစံ(ကြက်ဥအကာ)ကို မျက်နှာပေါ် လိမ်းပြီးတော့ ၁၅ မိနစ်ခန့် ထားပါ။ ပြီးရင် ရေနဲ့ မျက်နှာကို ပြန်သစ်ပါ။

ပြီးရင်တော့ သင့်ရဲ့ချွေးပေါက်တွေ ရှင်းရှင်းလင်းလင်းနဲ့ သိသိသာသာ ကျဉ်းသွားတာကို အံ့သြော်ဖွယ် မြင်တွေ့ရပါလိမ့်မယ်။

ဒီချွေးပေါက်ကျဉ်းတဲ့နည်းကို ချွေးပေါက်ကျယ်တဲ့သူတွေဟာ ညအိပ်ခါနီးတိုင်း ပုံမှန် ပြုလုပ်ပေးမယ်ဆိုရင် တစ်ပတ်အတွင်း သင့်ရဲ့ချွေးပေါက်တွေ သိသိသာသာ လျော့နည်းသွားပါလိမ့်မယ်။

ကဲ ဒါဆို အားလုံးပဲ လှပတဲ့မျက်နှာလေးနဲ့ အမြဲပြုံးပျော်နိုင်ကြပါစေ။

ဒေါက်တာ အေးမင်းထူး – ချွေးပေါက်ကျဉ်းခြင်းနဲ့ ကျန်းမာရေး ဆောင်းပါးမှ