ညစ္ေနတဲ့ ေျခေထာက္ေတြျဖဴလာေစဖို႔ အိမ္မွာပဲ Spa လုပ္ႏိုင္မယ့္ နည္းလမ္း…
ေျခေထာက္ေလးျဖဴေနတာမ်ိဳးလိုခ်င္ရင္ေတာ့ ကိုယ္တိုင္ကလည္း ဂ႐ုစိုက္မွရမွာပါ။
ဆိုင္မွာသြားလုပ္ဖို႔က်ေတာ့လည္း ေငြကုန္တယ္ေလ။
ဒါေၾကာင့္ ညစ္ေနတဲ့ေျခေထာက္ေလးေတြျဖဴလာဖို႔နဲ႔ ေျခဖေနာင့္အက္ကြဲတာေတြပါ သက္သာလာေစဖို႔
အိမ္မွာပဲ Spa လုပ္ႏိုင္မယ့္နည္းလမ္းကို ေျပာျပေပးလိုက္တယ္ေနာ္။
ေျခသည္းနီဆိုးထားရင္ ေျခသည္းနီေတြကို ဖ်က္ေဆးနဲ႔ ေသခ်ာပ်က္ေအာင္ဖ်က္ပါ။
ဇလုံတစ္လုံးထဲကို ေရေႏြးထည့္ၿပီး Baby Shampoo ကို စားပြဲတင္ဇြန္းတစ္ဇြန္းစာထည့္ပါ။
ၿပီးရင္ အဲ့ထဲမွာ ေျခေထာက္ကို ၅ မိနစ္စိမ္ထားပါ။ စိမ္ရင္းနဲ႔ ေျခေထာက္ကို Brush နဲ႔တိုက္ပါ။
အသားမာတက္တဲ့ေနရာ၊ ေျခဖေနာင့္ကြဲတဲ့ေနရာကိုပါတိုက္ပါ။ အခ်ိန္ျပည့္ရင္ ေျခေထာက္ကို အဝတ္နဲ႔သုတ္ပါ။
ဇလုံထဲကို ေရေႏြးအသစ္ထပ္ထည့္ၿပီး ပ်ားရည္ – စားပြဲတင္ဇြန္းတစ္ဇြန္းထည့္ၿပီး သံပုရာသီတစ္ျခမ္းကို အရည္ညႇစ္ထည့္ပါ။
ၿပီးရင္ေတာ့ ေျခေထာက္ကို ၅ မိနစ္ထည့္စိမ္ပါ။
စိမ္ထားတဲ့အခ်ိန္မွာပဲ သံပုရာသီးအခြံနဲ႔ ေျခသည္းကိုပြတ္ပါ။ အခ်ိန္ျပည့္ရင္ ေျခေထာက္ကို အဝတ္နဲ႔သုတ္ပါ။
ပန္းကန္တစ္လုံးထဲကို သၾကား – လက္ဖက္ရည္ဇြန္း ၂ ဇြန္း၊ ေကာ္ဖီမႈန္႔အစစ္ – လက္ဖက္ရည္ဇြန္း ၂ ဇြန္းနဲ႔
Aloe Vera Gel – လက္ဖက္ရည္ဇြန္း ၁ ဇြန္းထည့္ၿပီး သံပုရာသီး တစ္ျခမ္းကိုအရည္ညႇစ္ၿပီး ေမႊပါ။
ေမႊၿပီးရင္ေတာ့ ေျခေထာက္မွာ ေပါင္းတင္သလို လိမ္းေပးပါ။ ၅ မိနစ္ထားၿပီးရင္ အဝတ္နဲ႔သုတ္လိုက္ပါ။
ေနာက္ဆုံးမွာေတာ့ Foot Cream (သို႔) Lotion ကို ေျခေထာက္မွာ မ်ားမ်ားေလးလိမ္းလိုက္႐ုံပါပဲ။
ေျခသည္းနီျပန္ဆိုးခ်င္ရင္လည္း ဆိုးလို႔ရပါတယ္။
ဒါဆိုရင္ေတာ့ ေျခေထာက္ေလးသန္႔ၿပီး ျဖဴသြားေစမယ့္ Spa လုပ္နည္းေလး ၿပီးသြားပါၿပီ။
ေျခေထာက္မဲညစ္ေနရင္ ဒီနည္းလမ္းေလးသုံးၾကည့္ပါ။
Unicode Version ဖြင့်ဖတ်ရန်
ညစ်နေတဲ့ ခြေထောက်တွေဖြူလာစေဖို့ အိမ်မှာပဲ Spa လုပ်နိုင်မယ့် နည်းလမ်း…
ခြေထောက်လေးဖြူနေတာမျိုးလိုချင်ရင်တော့ ကိုယ်တိုင်ကလည်း ဂရုစိုက်မှရမှာပါ။
ဆိုင်မှာသွားလုပ်ဖို့ကျတော့လည်း ငွေကုန်တယ်လေ။
ဒါကြောင့် ညစ်နေတဲ့ခြေထောက်လေးတွေဖြူလာဖို့နဲ့ ခြေဖနောင့်အက်ကွဲတာတွေပါ သက်သာလာစေဖို့
အိမ်မှာပဲ Spa လုပ်နိုင်မယ့်နည်းလမ်းကို ပြောပြပေးလိုက်တယ်နော်။
ခြေသည်းနီဆိုးထားရင် ခြေသည်းနီတွေကို ဖျက်ဆေးနဲ့ သေချာပျက်အောင်ဖျက်ပါ။
ဇလုံတစ်လုံးထဲကို ရေနွေးထည့်ပြီး Baby Shampoo ကို စားပွဲတင်ဇွန်းတစ်ဇွန်းစာထည့်ပါ။
ပြီးရင် အဲ့ထဲမှာ ခြေထောက်ကို ၅ မိနစ်စိမ်ထားပါ။ စိမ်ရင်းနဲ့ ခြေထောက်ကို Brush နဲ့တိုက်ပါ။
အသားမာတက်တဲ့နေရာ၊ ခြေဖနောင့်ကွဲတဲ့နေရာကိုပါတိုက်ပါ။ အချိန်ပြည့်ရင် ခြေထောက်ကို အဝတ်နဲ့သုတ်ပါ။
ဇလုံထဲကို ရေနွေးအသစ်ထပ်ထည့်ပြီး ပျားရည် – စားပွဲတင်ဇွန်းတစ်ဇွန်းထည့်ပြီး သံပုရာသီတစ်ခြမ်းကို အရည်ညှစ်ထည့်ပါ။
ပြီးရင်တော့ ခြေထောက်ကို ၅ မိနစ်ထည့်စိမ်ပါ။
စိမ်ထားတဲ့အချိန်မှာပဲ သံပုရာသီးအခွံနဲ့ ခြေသည်းကိုပွတ်ပါ။ အချိန်ပြည့်ရင် ခြေထောက်ကို အဝတ်နဲ့သုတ်ပါ။
ပန်းကန်တစ်လုံးထဲကို သကြား – လက်ဖက်ရည်ဇွန်း ၂ ဇွန်း၊ ကော်ဖီမှုန့်အစစ် – လက်ဖက်ရည်ဇွန်း ၂ ဇွန်းနဲ့
Aloe Vera Gel – လက်ဖက်ရည်ဇွန်း ၁ ဇွန်းထည့်ပြီး သံပုရာသီး တစ်ခြမ်းကိုအရည်ညှစ်ပြီး မွှေပါ။
မွှေပြီးရင်တော့ ခြေထောက်မှာ ပေါင်းတင်သလို လိမ်းပေးပါ။ ၅ မိနစ်ထားပြီးရင် အဝတ်နဲ့သုတ်လိုက်ပါ။
နောက်ဆုံးမှာတော့ Foot Cream (သို့) Lotion ကို ခြေထောက်မှာ များများလေးလိမ်းလိုက်ရုံပါပဲ။
ခြေသည်းနီပြန်ဆိုးချင်ရင်လည်း ဆိုးလို့ရပါတယ်။
ဒါဆိုရင်တော့ ခြေထောက်လေးသန့်ပြီး ဖြူသွားစေမယ့် Spa လုပ်နည်းလေး ပြီးသွားပါပြီ။
ခြေထောက်မဲညစ်နေရင် ဒီနည်းလမ်းလေးသုံးကြည့်ပါ။