Healthy

ေလ့က်င့္ခန္းမလုပ္ခ်င္သူေတြအတြက္ အသင့္ေတာ္ဆုံးအေၾကာဆန္႔နည္း(၅)မ်ိဳး…

ေလ့က်င့္ခန္းမလုပ္ခ်င္သူေတြအတြက္ အသင့္ေတာ္ဆုံးအေၾကာဆန္႔နည္း(၅)မ်ိဳး…

အထိုင္မ်ားတဲ့သူ၊ ကိုယ္လက္လႈပ္႐ွားမႈလုပ္ဖို႔ အခ်ိန္မရတဲ့သူ၊ မအားတဲ့သူ၊ အပင္ပန္းမခံႏိုင္တဲ့သူေတြက တျခားလူေတြထက္ ပိုၿပီးအေညာင္းမိတတ္တယ္။

အေၾကာတက္တာ၊ ေနရထိုင္ရေပါ့ပါးလန္းဆန္းမႈ မ႐ွိတာမ်ိဳးေတြျဖစ္တတ္ပါတယ္။

တကယ္လို႔ အေညာင္းမိတာမ်ားလို႔ အေၾကာေတြတက္ၿပီး ေလးလံထိုင္းမိႈင္းေနတယ္၊

ေလ့က်င့္ခန္းလုပ္ဖို႔လည္းအခ်ိန္မေပးႏိုင္၊ အပင္ပန္းမခံႏိုင္ဘူးဆိုတဲ့ သူေတြအတြက္

လုံးဝပင္ပန္းစရာမလိုဘဲ အေညာင္းအညာေျပမယ့္ နည္းလမ္းေလးေတြကို ေဖာ္ျပေပးလိုက္ပါတယ္။

(၁) ခႏၶာကိုယ္ကို လိမ္ပါ

ၾကမ္းေပၚမွာ ပက္လက္လွန္လဲအိပ္ပါ။ ဒူးႏွစ္ဖက္ကို အနည္းငယ္ေကြးလိုက္ၿပီး ဘယ္ဘက္ကို လဲခ်လိုက္တဲ့အခ်ိန္ ဦးေခါင္းကိုေတာ့ ညာဘက္ကိုလွည့္ေပးပါ။

အဲ့ဒီအေနအထားမွာ ၃ မိနစ္ေလာက္ေနေပးပါ။ ေနာက္တစ္ဖက္ကိုလည္း အဲ့ဒီအတိုင္းလုပ္ေပးပါ။

ေနာက္ေက်ာတေလွ်ာက္နဲ႔လည္ပင္း၊ခါးနဲ႔ ေျခေထာက္က ႂကြက္သားေတြေျပေလ်ာ့ၿပီး ေနရထိုင္ရတာေပါ့ပါးေစပါလိမ့္မယ္။

(၂) ေႁမြေဟာက္ပုံစံ

ၾကမ္းေပၚမွာ တံေတာင္ဆစ္ႏွစ္ဘက္နဲ႔ေထာက္ၿပီးေမွာက္ခုံေမွာက္လိုက္ပါ။ မ်က္ႏွာကိုေ႐ွ႕တည့္တည့္ကိုၾကည့္ပါ။

ၿပီးရင္ လက္ကိုဆန္႔လိုက္ၿပီး ခါးကိုအေနာက္ဘက္လွန္ေပးကာ အဲ့ဒီအေနအထားမွာ ၃ မိနစ္ေလာက္ေနေပးကာ နဂိုမူလပုံစံအတိုင္းျပန္ေနလိုက္ပါ။

ခါးေနာက္ကႂကြက္သားေတြကိုေျပေလ်ာ့ေစၿပီး ခါးနာ၊ခါးေညာင္းတာေတြကို ခ်က္ခ်င္းသက္သာေစပါလိမ့္မယ္။

(၃) ဒူးကိုရင႓တၷားႀဆဲပါ

ၾကမ္းေပၚမွာ သက္ေတာင့္သက္သာ လဲွအိပ္လိုက္ၿပီး ညာဖက္ဒူးကိုေကြးကာရင္ဘတ္နားမွာဆြဲကပ္ထားလိုက္ပါ။

အဲ့ဒီအေနအထားမွာ ၂ မိနစ္ေလာက္ေနေပးၿပီး ဘယ္ဘက္ေျခေထာက္ကိုလည္း အဲ့ဒီအတိုင္းလုပ္ပါ။

ဒီလိုလုပ္ေပးတာက ခႏၶာကိုယ္တစ္ခုလုံးမွာ႐ွိတဲ့ ၾကကြ္သားေတြကိုေျပေလ်ာ့ေစၿပီး ေပါ့ပါးလန္းဆန္းေစပါတယ္။

(၄) ကေလးပုံစံ

ၾကမ္းေပၚမွာဒူးတုပ္ထိုင္ၿပီး ခႏၶာကိုယ္ကိုအေ႐ွ႕ကို ကိုင္းကာလက္ႏွစ္ဖက္ကိုဆန္႔ထားေပးပါ။

နဖူးကိုၾကမ္းျပင္နဲ႔ထိထားေပးဖို႔လိုၿပီး အဲ့ဒီအေနအထားမွာ မိနစ္အနည္းငယ္ေလာက္ေနေပးပါ။

ဒီနည္းလမ္းေလးက ေနာက္ေက်ာ၊ ပခုံး၊လည္ပင္း၊ခါးနဲ႔ေျခေထာက္ေတြကို အေညာင္းေျပေစပါတယ္။

(၅) ေျခေထာက္ဆန္႔ၿပီး ဒူးကိုနဖူးနဲ႔ထိပါ

ၾကမ္းျပင္ေပၚမွာေျခဆင္းထိုင္ကာ ခါးကိုမတ္ထားပါ။ ၿပီးရင္ ခါးကိုအေ႐ွ႕ကိုကိုင္းလိုက္ၿပီး ေျခေထာက္ကို လက္နဲ႔ဆုပ္ကိုင္ပါ။

နဖူးကိုဒူးနဲ႔ထိထားၿပီး အဲ့ဒီအေနအထားမွာ တစ္မိနစ္ေလာက္ေနေပးပါ။

တစ္ကိုယ္လုံး အေၾကာေတြေျပသြားၿပီး ေညာင္းညာတာေတြ သက္သာသြားကာ ေနရတာလည္း ေပါ့ပါးလန္းဆန္းသြားပါလိမ့္မယ္။

Credit

လေ့ကျင့်ခန်းမလုပ်ချင်သူတွေအတွက် အသင့်တော်ဆုံးအကြောဆန့်နည်း(၅)မျိုး…

အထိုင်များတဲ့သူ၊ ကိုယ်လက်လှုပ်ရှားမှုလုပ်ဖို့ အချိန်မရတဲ့သူ၊ မအားတဲ့သူ၊ အပင်ပန်းမခံနိုင်တဲ့သူတွေက တခြားလူတွေထက် ပိုပြီးအညောင်းမိတတ်တယ်။

အကြောတက်တာ၊ နေရထိုင်ရပေါ့ပါးလန်းဆန်းမှု မရှိတာမျိုးတွေဖြစ်တတ်ပါတယ်။

တကယ်လို့ အညောင်းမိတာများလို့ အကြောတွေတက်ပြီး လေးလံထိုင်းမှိုင်းနေတယ်၊

လေ့ကျင့်ခန်းလုပ်ဖို့လည်းအချိန်မပေးနိုင်၊ အပင်ပန်းမခံနိုင်ဘူးဆိုတဲ့ သူတွေအတွက်

လုံးဝပင်ပန်းစရာမလိုဘဲ အညောင်းအညာပြေမယ့် နည်းလမ်းလေးတွေကို ဖော်ပြပေးလိုက်ပါတယ်။

(၁) ခန္ဓာကိုယ်ကို လိမ်ပါ

ကြမ်းပေါ်မှာ ပက်လက်လှန်လဲအိပ်ပါ။ ဒူးနှစ်ဖက်ကို အနည်းငယ်ကွေးလိုက်ပြီး ဘယ်ဘက်ကို လဲချလိုက်တဲ့အချိန် ဦးခေါင်းကိုတော့ ညာဘက်ကိုလှည့်ပေးပါ။

အဲ့ဒီအနေအထားမှာ ၃ မိနစ်လောက်နေပေးပါ။ နောက်တစ်ဖက်ကိုလည်း အဲ့ဒီအတိုင်းလုပ်ပေးပါ။

နောက်ကျောတလျှောက်နဲ့လည်ပင်း၊ခါးနဲ့ ခြေထောက်က ကြွက်သားတွေပြေလျော့ပြီး နေရထိုင်ရတာပေါ့ပါးစေပါလိမ့်မယ်။

(၂) မြွေဟောက်ပုံစံ

ကြမ်းပေါ်မှာ တံတောင်ဆစ်နှစ်ဘက်နဲ့ထောက်ပြီးမှောက်ခုံမှောက်လိုက်ပါ။ မျက်နှာကိုရှေ့တည့်တည့်ကိုကြည့်ပါ။

ပြီးရင် လက်ကိုဆန့်လိုက်ပြီး ခါးကိုအနောက်ဘက်လှန်ပေးကာ အဲ့ဒီအနေအထားမှာ ၃ မိနစ်လောက်နေပေးကာ နဂိုမူလပုံစံအတိုင်းပြန်နေလိုက်ပါ။

ခါးနောက်ကကြွက်သားတွေကိုပြေလျော့စေပြီး ခါးနာ၊ခါးညောင်းတာတွေကို ချက်ချင်းသက်သာစေပါလိမ့်မယ်။

(၃) ဒူးကိုရင္ဘတ္နားဆြဲပါ

ကြမ်းပေါ်မှာ သက်တောင့်သက်သာ လှဲအိပ်လိုက်ပြီး ညာဖက်ဒူးကိုကွေးကာရင်ဘတ်နားမှာဆွဲကပ်ထားလိုက်ပါ။

အဲ့ဒီအနေအထားမှာ ၂ မိနစ်လောက်နေပေးပြီး ဘယ်ဘက်ခြေထောက်ကိုလည်း အဲ့ဒီအတိုင်းလုပ်ပါ။

ဒီလိုလုပ်ပေးတာက ခန္ဓာကိုယ်တစ်ခုလုံးမှာရှိတဲ့ ကြက်ွသားတွေကိုပြေလျော့စေပြီး ပေါ့ပါးလန်းဆန်းစေပါတယ်။

(၄) ကလေးပုံစံ

ကြမ်းပေါ်မှာဒူးတုပ်ထိုင်ပြီး ခန္ဓာကိုယ်ကိုအရှေ့ကို ကိုင်းကာလက်နှစ်ဖက်ကိုဆန့်ထားပေးပါ။

နဖူးကိုကြမ်းပြင်နဲ့ထိထားပေးဖို့လိုပြီး အဲ့ဒီအနေအထားမှာ မိနစ်အနည်းငယ်လောက်နေပေးပါ။

ဒီနည်းလမ်းလေးက နောက်ကျော၊ ပခုံး၊လည်ပင်း၊ခါးနဲ့ခြေထောက်တွေကို အညောင်းပြေစေပါတယ်။

(၅) ခြေထောက်ဆန့်ပြီး ဒူးကိုနဖူးနဲ့ထိပါ

ကြမ်းပြင်ပေါ်မှာခြေဆင်းထိုင်ကာ ခါးကိုမတ်ထားပါ။ ပြီးရင် ခါးကိုအရှေ့ကိုကိုင်းလိုက်ပြီး ခြေထောက်ကို လက်နဲ့ဆုပ်ကိုင်ပါ။

နဖူးကိုဒူးနဲ့ထိထားပြီး အဲ့ဒီအနေအထားမှာ တစ်မိနစ်လောက်နေပေးပါ။

တစ်ကိုယ်လုံး အကြောတွေပြေသွားပြီး ညောင်းညာတာတွေ သက်သာသွားကာ နေရတာလည်း ပေါ့ပါးလန်းဆန်းသွားပါလိမ့်မယ်။

Credit