Beauty




















Unicode Version

သိသိသာသာကို အသားဖြူတာမြန်စေတဲ့ အာလူးပြုတ်ရဲ့ အံ့ဖွယ်အစွမ်း…

အားလုံးပဲ မင်္ဂလာညချမ်းလေးပါ။

ဒီတစ်ခါမှာတော့ အသားအရေကို သိသိသာသာ ကောင်ကျိုးပေးနေတဲ့ အာလူးပြုတ်အစွမ်းကို တင်ဆက်ပေးသွားပါမယ်။

အဲဒါကတော့ ဈေးကြီးပြီး နာမည်ကြီးတဲ့ အလှကုန်တွေ ခဏခဏ သုံးနေစရာမလိုပဲ

မျက်နှာအသားအရေကို သိသိသာသာ ဖြူဝင်းစေနိုင်မယ့် မှော်ဆန်ဆန် အာလူးပြုတ် နည်းလမ်းအကြောင်းလေးပါပဲ။

ဒီနည်းလမ်းလေးဟာ သင့်မျက်နှာကို ခဏတာပဲ ဖြူဝင်းစေတာ မဟုတ်ဘဲ ထာဝရဖြူစေနိုင်တဲ့ ရတနာနည်းလမ်းလေးလို့တောင် ပြောလို့ရပါတယ်။

ကဲ ဒါဆို ကျွန်တော်တို့တွေ အခုပဲ စလိုက်ရအောင် ပထမဦးဆုံး အာလူးကို သေချာ ဆေးကြောပြီးတော့ ပြုတ်လိုက်ပါ။

နူးသွားပြီဆိုလျှင် အခွံခွာပြီး ကောင်းစွာ ကြိတ်ခြေပါ။ ပြီးနောက် အရောအနှောမပါတဲ့ ဒိန်ချဉ် အနည်းငယ်ကို ထည့်မွှေလိုက်ပါ။

ဒိန်ချဉ် မရှိလျှင် နွားနို့ကိုလည်း ထည့်လို့ရပါတယ်။

နောက်ဆုံးတွင် ပျားရည် လက်ဖက်ရည် ၁ဇွန်းနှင့် သံပုယိုရည် ၃စက်ခန့် ထပ်ထည့်မွှေလိုက်ပါ။

အားလုံး နှံ့စပ်အောင် မွှေပြီးရင်တော့ မျက်နှာပေါ်သို့ ဖြည်းဖြည်းချင်း သုတ်လိမ်းထားလိုက်ပါ။

နာရီဝက်ခန့်ကြာလျှင်တော့ ရေဖြင့် မျက်နှာကို ဆေးကြောသန့်စင်နိုင်ပါပြီ။

အာလူးပြုတ်မှာ ဗီတာမင် C နှင့် အသားအရေအတွက် ကောင်းမွန်တဲ့ဓာတ်တွေ အများကြီး ပါဝင်ပါတယ်။

ဒါအပြင် ဒိန်ချဉ် နှင့်ပျားရည်ကလည်း အသားကို ဖြူဝင်းစေနိုင်တဲ့အစွမ်း ပေးစွမ်းနိုင်ပါသေးတယ်။

အထက်ပါ နည်းလမ်းလေးတွေကို တစ်ပါတ်လျှင် ၂ကြိမ်ခန့် ပြုလုပ်ပေးခြင်းဖြင့်

မျက်နှာ အသားအရေကို ကြည်ကြည်လင်လင်နဲ့သိသိသာသာဖြူဝင်းစေခြင်း ၊

မျက်နှာကို တင်းရင်းစေခြင်း ၊ အမဲစက်များ ကင်းဝေးစေခြင်း ၊ ဝက်ခြံနှင့် အရေးအကြောင်း များဖြစ်ခြင်းတို့မှလည်း

အပြည့်အဝ ကာကွယ်ပေးနိင်ပါကြောင်း ပရိသတ်ကြီးအတွက် မျှဝေပေးလိုက်ပါတယ်။