ထန္တလန္ၿမိဳ႕တြင္ စစ္တပ္႐ိႈ႕သည့္ မီး လူေနအိမ္ ၁၀၀ ေက်ာ္ထိ ကူးစက္ခဲ႔…
ပါခြီး
ခ်င္းျပည္နယ္၊ ထန္တလန္ၿမိဳ႕တြင္ ယေန႔ ေအာက္တိုဘာလ ၂၉ ရက္ ေန႔လယ္ ၁၁ နာရီဝန္းက်င္မွ စတင္ ေလာင္ကြၽမ္းသည့္ မီးသည္
ယခု ည ၇နာရီထိ ေနအိမ္ အလုံး ၁၀၀ ေက်ာ္ထိ ကူးစက္ ေလာင္ကြၽမ္းလ်က္ ႐ွိေၾကာင္း ထန္တလန္ၿမိဳ႕ခံ အသိုင္းအဝိုင္းႏွင့္ နီးစပ္သူတစ္ဦးက ေျပာသည္။
ထန္တလန္ၿမိဳ႕၊ ေဈးရပ္ကြက္၊ CB ဘဏ္အနီး ပတ္ဝန္းက်င္႐ွိ ေနရာ ငါးေနရာတြင္ မီးေလာင္ျခင္း ျဖစ္သည္ဟု သတင္းရ႐ွိသည္။
လူမ႐ွိသည့္ အိမ္အတြင္းမွ ဆန္ႏွင့္ စားေသာက္စရာမ်ားကို စစ္ေကာင္စီ တပ္သားမ်ားက ယူေဆာင္ၿပီးေနာက္
အဆိုပါ ေနအိမ္ကို မီး႐ိႈ႕ခဲ့ရာမွ မီးစတင္ ေလာင္ကြၽမ္းျခင္းျဖစ္ေၾကာင္းႏွင့္ စနစ္တက် မီးၿငႇိမ္းသူ မ႐ွိခဲ့ဟု သတင္းရ႐ွိသည္။
ၿပီးခဲ့သည့္ စက္တင္ဘာလ ၁၈ ရက္တြင္လည္း စစ္ေကာင္စီတပ္ဖြဲ႕မွ လက္နက္ႀကီးႏွင့္ ပစ္ခတ္မႈေၾကာင့္
ထန္တလန္ၿမိဳ႕႐ွိ လူေနအိမ္မ်ား မီးေလာင္ကြၽမ္းခဲ့ၿပီး ၿမိဳ႕ခံမ်ား ထြက္ေျပး တိမ္းေ႐ွာင္ခဲ့ရသည္။
Source – Mizzima
Unicode Version
ထန်တလန်မြို့တွင် စစ်တပ်ရှို့သည့် မီး လူနေအိမ် ၁၀၀ ကျော်ထိ ကူးစက်ခဲ့…
ပါခွီး
ချင်းပြည်နယ်၊ ထန်တလန်မြို့တွင် ယနေ့ အောက်တိုဘာလ ၂၉ ရက် နေ့လယ် ၁၁ နာရီဝန်းကျင်မှ စတင် လောင်ကျွမ်းသည့် မီးသည်
ယခု ည ၇နာရီထိ နေအိမ် အလုံး ၁၀၀ ကျော်ထိ ကူးစက် လောင်ကျွမ်းလျက် ရှိကြောင်း ထန်တလန်မြို့ခံ အသိုင်းအဝိုင်းနှင့် နီးစပ်သူတစ်ဦးက ပြောသည်။
ထန်တလန်မြို့၊ ဈေးရပ်ကွက်၊ CB ဘဏ်အနီး ပတ်ဝန်းကျင်ရှိ နေရာ ငါးနေရာတွင် မီးလောင်ခြင်း ဖြစ်သည်ဟု သတင်းရရှိသည်။
လူမရှိသည့် အိမ်အတွင်းမှ ဆန်နှင့် စားသောက်စရာများကို စစ်ကောင်စီ တပ်သားများက ယူဆောင်ပြီးနောက်
အဆိုပါ နေအိမ်ကို မီးရှို့ခဲ့ရာမှ မီးစတင် လောင်ကျွမ်းခြင်းဖြစ်ကြောင်းနှင့် စနစ်တကျ မီးငြှိမ်းသူ မရှိခဲ့ဟု သတင်းရရှိသည်။
ပြီးခဲ့သည့် စက်တင်ဘာလ ၁၈ ရက်တွင်လည်း စစ်ကောင်စီတပ်ဖွဲ့မှ လက်နက်ကြီးနှင့် ပစ်ခတ်မှုကြောင့်
ထန်တလန်မြို့ရှိ လူနေအိမ်များ မီးလောင်ကျွမ်းခဲ့ပြီး မြို့ခံများ ထွက်ပြေး တိမ်းရှောင်ခဲ့ရသည်။
Source – Mizzima