ဆံပင္အရမ္းကၽြတ္ၿပီးပါးေနသူေတြအတြက္ ဆံပင္အုံထူလာေစမယ့္ နည္းလမ္း(၆)မ်ိဳး…
ဆံပင္ဆိုတာ လူတစ္ေယာက္အတြက္ ႐ုပ္ရည္သြင္ျပင္အလွအပ တစ္ခုတည္းအတြက္ ရွိေနတာမဟုတ္ဘဲ၊
ခႏၶာကိုယ္ရဲ့ ဖြဲ႕စည္းတည္ေဆာက္ပုံ လိုအပ္ခ်က္အရ ရွိေနတာ ျဖစ္ပါတယ္။
ဒါေၾကာင့္ တျခားေသာအစိတ္အပိုင္းေတြလိုပဲ ထိခိုက္ပ်က္စီးတတ္၊ အားနည္းတတ္လို႔ ေသခ်ာေလး ဂ႐ုစိုက္ေပးဖို႔ လိုပါတယ္။
ဆံပင္ေတြ အရမ္းကၽြတ္ၿပီး ပါးလာမယ္၊ ျပားကပ္ေနမယ္ဆိုရင္ လူလည္း မက်န္းမာတဲ့ ပုံစံေပါက္ေနၿပီး
ဘယ္လိုမွ မလွနိုင္တာမို႔ ဒီနည္းေလးေတြနဲ႔ ျပန္ၿပီး ဂ႐ုစိုက္ေပးလိုက္ပါေနာ္။
(၁) ၾကက္ဥနဲ႔ဒိန္ခ်ဥ္ေပါင္းတင္နည္း
ၾကက္ဥတစ္လုံးလုံးကို ဒိန္ခ်ဥ္အနည္းငယ္နဲ႔ေရာေမႊၿပီး ဦးေရျပားနဲ႔ဆံပင္အႏွံ႕လိမ္းေပးလိုက္ပါ။
တစ္နာရီေလာက္ထားၿပီး ေရေအးနဲ႔ေခါင္းေလၽွာ္ေပးပါ။ ခ်ည္သား တဘက္ေလးနဲ႔ သုတ္ၿပီး hair dryer မသုံးပဲ သဘာဝအတိုင္း အေျခာက္ခံေပးပါ။
တစ္ႀကိမ္လုပ္႐ုံနဲ႔ ဆံပင္ကၽြတ္တာ သိသိသာသာရပ္တန႔္သြားၿပီး တစ္ပတ္တစ္ႀကိမ္ ပုံမွန္ျပဳုလုပ္ေပးရင္ ဆံပင္ေတြ ျပန္ထူလာတာကို ေတြ႕ရပါလိမ့္မယ္။
(၂) ေခါင္းမေလၽွာ္ခင္ ဆီတစ္မ်ိဳးမ်ိဳးနဲ႔ႏွိပ္နယ္နည္း
ဆံပင္ေတြကၽြတ္ၿပီး ပါးေနတဲ့အခါ ေခါင္းေလၽွာ္ခါနီးတိုင္း အုန္းဆီ၊ သံလြင္ဆီ ဒါမွမဟုတ္ jojoba oil စတဲ့ အဆီတစ္မ်ိဳးမ်ိဳးနဲ႔
ဦးေရျပားအႏွံ့ ရႊဲေနေအာင္လိမ္းကာ ၁၅မိနစ္ေလာက္ ႏွိပ္နယ္ေပးၿပီးမွ ေလၽွာ္ေပးပါ။
ဒါကို ပုံမွန္ျပဳလုပ္သြားေပးမယ္ဆိုရင္ဆံပင္ကၽြတ္တာ ရပ္တန႔္သြားမယ္။
ဆံပင္အသစ္ေလးေတြ ထြက္လာၿပီး ဆံပင္အုံ ျပန္ၿပီးထူလာပါလိမ့္မယ္ေနာ္ …။
(၃) အိပ္ရာဝင္ခ်ိန္ ဆံပင္ထုံးထားတဲ့နည္း
ညအိပ္ခ်ိန္မွာ ဆံပင္ကို တင္းတင္းစည္းထားတာ၊ ဒီအတိုင္းခ်ထားတာေတြက ဆံသားက်ိဳးေၾကတာ ပ်က္စီးတာေတြ ျဖစ္နိုင္လို႔
အိပ္တဲ့အခ်ိန္ ဆံပင္ကို ခပ္ေလ်ာ့ေလ်ာ့ေလး စည္းထားေပးတာ အေကာင္းဆုံးလို႔ အႀကံေပးၾကပါတယ္။
ညအိပ္ခ်ိန္မွာ ဆံပင္ကိုဦးေခါင္းထိပ္မွာ စုထုံးထားေပးျခင္းက ဆံပင္ကၽြတ္ၿပီးပါးေနတဲ့ သူေတြအတြက္ ပိုေကာင္းတဲ့ နည္းလမ္းတစ္ခုျဖစ္ပါတယ္။
(၄) အစားအေသာက္ပုံစံေျပာင္းထိန္းသိမ္းနည္း
ဆံပင္ကၽြတ္တာက အစားအေသာက္နဲ႔ တိုက္ရိုက္သက္ဆိုင္ေနလို႔ ဆံပင္ေတြ အရမ္းကၽြတ္ၿပီး ပါးလာတဲ့အခါ အစားအေသာက္ပုံစံကို ေျပာင္းၾကည့္ပါ။
အျပင္စာေတြ၊ အသင့္စားအစားအစာေတြ ေလၽွာ့စားၿပီး အစိမ္းေရာင္အသီးအရြက္ေတြ၊ ပဲအမ်ိဳးမ်ိဳး၊ ၾကက္ဥနဲ႔ငါးႀကီးဆီတို႔ကို စားသုံးေပးပါ။
(၅) အပူထိေတြ႕မႈေလၽွာ့ခ်နည္း
ပ်ိဳေမတို႔ အျမဲလိုလို သုံးေနၾကတဲ့ hair dryer နဲ႔ဆံပင္ျပဳျပင္တဲ့ကိရိယာေတြ၊ အပူေပးပုံသြင္းရတဲ့ ေျဖာင့္စက္၊ ေကာက္စက္ေတြကို ေန႔စဥ္နဲ႔အမၽွ မသုံးပါနဲ႔ေတာ့။
တတ္နိုင္သေလာက္ သဘာဝအတိုင္းပဲ ခ်ထားတာမ်ိဳး၊ ကလစ္လွလွေလးေတြတပ္တာမ်ိဳးနဲ႔ပဲ အလွဆင္ၾကည့္ပါ။
အပူနဲ႔ထိေတြ႕တာနည္းရင္ ဆံပင္ကၽြတ္တာလည္း သိသိသာသာ ေလ်ာ့နည္းသြားတာကို ေတြ႕ရပါလိမ့္မယ္။
(၆) ဆံပင္ကၽြတ္တာကို သိသိသာသာရပ္တန႔္ေစမယ့္ ေပါင္းတင္နည္း
ေထာပတ္သီးမွည့္တစ္လုံး၊ ၾကက္ဥတစ္လုံး၊ ပ်ားရည္ႏွစ္ဇြန္း၊ သံလြင္ဆီတစ္ဇြန္း စတာေတြကို သမေအာင္ေမႊလိုက္ပါ။
ေခါင္းကို shampoo နဲ႔တစ္ထပ္ေလၽွာ္လိုက္ၿပီး ရလာတဲ့အႏွစ္ကို ဦးေရျပားနဲ႔ဆံပင္အႏွံ့ လိမ္းေပးပါ။
၁၅မိနစ္ေလာက္ထားၿပီး ေရေအးနဲ႔ ေခါင္းျပန္ေလၽွာ္ေပးလိုက္ပါ။
ဒီနည္းကို တစ္ပတ္တစ္ခါေလာက္ လုပ္ေပးရင္ ဆံပင္လုံးဝမကၽြတ္ေတာ့ဘဲ ဆံပင္အုံထူထူေလး ျပန္ျဖစ္လာမွာပါ။
Credit
Unicode Version
ဆံပင်အရမ်းကျွတ်ပြီးပါးနေသူတွေအတွက် ဆံပင်အုံထူလာစေမယ့် နည်းလမ်း(၆)မျိုး…
ဆံပင်ဆိုတာ လူတစ်ယောက်အတွက် ရုပ်ရည်သွင်ပြင်အလှအပ တစ်ခုတည်းအတွက် ရှိနေတာမဟုတ်ဘဲ၊
ခန္ဓာကိုယ်ရဲ့ ဖွဲ့စည်းတည်ဆောက်ပုံ လိုအပ်ချက်အရ ရှိနေတာ ဖြစ်ပါတယ်။
ဒါကြောင့် တခြားသောအစိတ်အပိုင်းတွေလိုပဲ ထိခိုက်ပျက်စီးတတ်၊ အားနည်းတတ်လို့ သေချာလေး ဂရုစိုက်ပေးဖို့ လိုပါတယ်။
ဆံပင်တွေ အရမ်းကျွတ်ပြီး ပါးလာမယ်၊ ပြားကပ်နေမယ်ဆိုရင် လူလည်း မကျန်းမာတဲ့ ပုံစံပေါက်နေပြီး
ဘယ်လိုမှ မလှနိုင်တာမို့ ဒီနည်းလေးတွေနဲ့ ပြန်ပြီး ဂရုစိုက်ပေးလိုက်ပါနော်။
(၁) ကြက်ဥနဲ့ဒိန်ချဉ်ပေါင်းတင်နည်း
ကြက်ဥတစ်လုံးလုံးကို ဒိန်ချဉ်အနည်းငယ်နဲ့ရောမွှေပြီး ဦးရေပြားနဲ့ဆံပင်အနှံ့လိမ်းပေးလိုက်ပါ။
တစ်နာရီလောက်ထားပြီး ရေအေးနဲ့ခေါင်းလျှော်ပေးပါ။ ချည်သား တဘက်လေးနဲ့ သုတ်ပြီး hair dryer မသုံးပဲ သဘာဝအတိုင်း အခြောက်ခံပေးပါ။
တစ်ကြိမ်လုပ်ရုံနဲ့ ဆံပင်ကျွတ်တာ သိသိသာသာရပ်တန့်သွားပြီး တစ်ပတ်တစ်ကြိမ် ပုံမှန်ပြုုလုပ်ပေးရင် ဆံပင်တွေ ပြန်ထူလာတာကို တွေ့ရပါလိမ့်မယ်။
(၂) ခေါင်းမလျှော်ခင် ဆီတစ်မျိုးမျိုးနဲ့နှိပ်နယ်နည်း
ဆံပင်တွေကျွတ်ပြီး ပါးနေတဲ့အခါ ခေါင်းလျှော်ခါနီးတိုင်း အုန်းဆီ၊ သံလွင်ဆီ ဒါမှမဟုတ် jojoba oil စတဲ့ အဆီတစ်မျိုးမျိုးနဲ့
ဦးရေပြားအနှံ့ ရွှဲနေအောင်လိမ်းကာ ၁၅မိနစ်လောက် နှိပ်နယ်ပေးပြီးမှ လျှော်ပေးပါ။
ဒါကို ပုံမှန်ပြုလုပ်သွားပေးမယ်ဆိုရင်ဆံပင်ကျွတ်တာ ရပ်တန့်သွားမယ်။
ဆံပင်အသစ်လေးတွေ ထွက်လာပြီး ဆံပင်အုံ ပြန်ပြီးထူလာပါလိမ့်မယ်နော် …။
(၃) အိပ်ရာဝင်ချိန် ဆံပင်ထုံးထားတဲ့နည်း
ညအိပ်ချိန်မှာ ဆံပင်ကို တင်းတင်းစည်းထားတာ၊ ဒီအတိုင်းချထားတာတွေက ဆံသားကျိုးကြေတာ ပျက်စီးတာတွေ ဖြစ်နိုင်လို့
အိပ်တဲ့အချိန် ဆံပင်ကို ခပ်လျော့လျော့လေး စည်းထားပေးတာ အကောင်းဆုံးလို့ အကြံပေးကြပါတယ်။
ညအိပ်ချိန်မှာ ဆံပင်ကိုဦးခေါင်းထိပ်မှာ စုထုံးထားပေးခြင်းက ဆံပင်ကျွတ်ပြီးပါးနေတဲ့ သူတွေအတွက် ပိုကောင်းတဲ့ နည်းလမ်းတစ်ခုဖြစ်ပါတယ်။
(၄) အစားအသောက်ပုံစံပြောင်းထိန်းသိမ်းနည်း
ဆံပင်ကျွတ်တာက အစားအသောက်နဲ့ တိုက်ရိုက်သက်ဆိုင်နေလို့ ဆံပင်တွေ အရမ်းကျွတ်ပြီး ပါးလာတဲ့အခါ အစားအသောက်ပုံစံကို ပြောင်းကြည့်ပါ။
အပြင်စာတွေ၊ အသင့်စားအစားအစာတွေ လျှော့စားပြီး အစိမ်းရောင်အသီးအရွက်တွေ၊ ပဲအမျိုးမျိုး၊ ကြက်ဥနဲ့ငါးကြီးဆီတို့ကို စားသုံးပေးပါ။
(၅) အပူထိတွေ့မှုလျှော့ချနည်း
ပျိုမေတို့ အမြဲလိုလို သုံးနေကြတဲ့ hair dryer နဲ့ဆံပင်ပြုပြင်တဲ့ကိရိယာတွေ၊ အပူပေးပုံသွင်းရတဲ့ ဖြောင့်စက်၊ ကောက်စက်တွေကို နေ့စဉ်နဲ့အမျှ မသုံးပါနဲ့တော့။
တတ်နိုင်သလောက် သဘာဝအတိုင်းပဲ ချထားတာမျိုး၊ ကလစ်လှလှလေးတွေတပ်တာမျိုးနဲ့ပဲ အလှဆင်ကြည့်ပါ။
အပူနဲ့ထိတွေ့တာနည်းရင် ဆံပင်ကျွတ်တာလည်း သိသိသာသာ လျော့နည်းသွားတာကို တွေ့ရပါလိမ့်မယ်။
(၆) ဆံပင်ကျွတ်တာကို သိသိသာသာရပ်တန့်စေမယ့် ပေါင်းတင်နည်း
ထောပတ်သီးမှည့်တစ်လုံး၊ ကြက်ဥတစ်လုံး၊ ပျားရည်နှစ်ဇွန်း၊ သံလွင်ဆီတစ်ဇွန်း စတာတွေကို သမအောင်မွှေလိုက်ပါ။
ခေါင်းကို shampoo နဲ့တစ်ထပ်လျှော်လိုက်ပြီး ရလာတဲ့အနှစ်ကို ဦးရေပြားနဲ့ဆံပင်အနှံ့ လိမ်းပေးပါ။
၁၅မိနစ်လောက်ထားပြီး ရေအေးနဲ့ ခေါင်းပြန်လျှော်ပေးလိုက်ပါ။
ဒီနည်းကို တစ်ပတ်တစ်ခါလောက် လုပ်ပေးရင် ဆံပင်လုံးဝမကျွတ်တော့ဘဲ ဆံပင်အုံထူထူလေး ပြန်ဖြစ်လာမှာပါ။
Credit