ဒူးေခါင္းႏွင့္တံေတာင္ဆစ္မည္းတာေတြကို သဘာဝအတိုင္းျဖဴေစဖို႔ အိမ္တြင္းနည္းလမ္းေကာင္း
စကတ္၊ ေဘာင္းဘီအတိုဝတ္ခ်င္ေပမယ့္ ဒူးေခါင္းေတြမည္းေနလို႔ စိတ္ညစ္ေနတဲ့ ပ်ိဳေမေတြအတြက္ သဘာဝအတိုင္း ျဖဴဝင္းေစမယ့္ နည္းလမ္းေလးေတြကို မွ်ေဝေပးလိုက္ပါတယ္။
ဒီနည္းလမ္းက 100%ထိေရာက္ၿပီး 10ရက္အတြင္းမွာ ရလဒ္ေကာင္းေတြကို ရလာပါလိမ့္မယ္။
အဆင့္ ၁ သန္႔စင္ျခင္း
လိုအပ္တဲ့ပစၥည္းေတြကေတာ့ လိေမၼာ္/သံပုရာ ၁လုံးပဲ ျဖစ္ပါတယ္။ နည္းလမ္းကေတာ့ အရမ္းကို လြယ္ပါတယ္ေနာ္။
လိေမၼာ္သီးတစ္လုံးကို ႏွစ္ျခမ္းျခမ္းပါ။ ဒူးေခါင္း သို႔ တံေတာင္ဆစ္ကဲ့သို႔ မည္းေနတဲ့ ေနရာေတြေပၚမွာ လိေမၼာ္သီးျခမ္းနဲ႔ ပြတ္ေပးပါ။
လိေမၼာ္သီးမွာ ဗီတာမင္ စီႏွင့္ citric acid တို႔ပါဝင္ၿပီး အေရျပားဆဲလ္ေသေတြကို ဖယ္႐ွားေပးပါတယ္။
အဆင့္ ၂ Scrub
လိုအပ္တဲ့ပစၥည္းမ်ားကေတာ့ ဆန္မႈန္႔ လက္ဖက္ရည္ဇြန္း ၃ဇြန္း၊ မုန္လာဥနီရည္လက္ဖက္ရည္ဇြန္း ၄ဇြန္း၊ နႏြင္းမႈန္႔ လက္ဖက္ရည္ဇြန္း ၁ဇြန္းတို႔ပဲ ျဖစ္ပါတယ္။
လုပ္ရမယ့္ နည္းလမ္းကေတာ့ ပန္းကန္လုံးသန္႔သန္႔ တစ္လုံးထဲမွာ ဆန္မႈန္႔၊ မုန္လာဥနီရည္ႏွင့္ နႏြင္းမႈန္႔ကို ေရာပါ။
ခပ္ပ်စ္ပ်စ္ေလးျဖစ္ေအာင္ ေမႊေပးၿပီး မည္းေနတဲ့ တံေတာင္ဆစ္ေတြ၊ ဒူးေတြမွာ လိမ္းေပးပါ။
၂ မိနစ္ေလာက္ ညင္သာစြာ ပြတ္တိုက္ေပးၿပီး ၅မိနစ္ေလာက္ေနလို႔ ေျခာက္ေသြ႕သြားလွ်င္ ေရႏွင့္ေဆးေၾကာေပးပါ။
အဆင့္ ၃ moisturizing
လိုအပ္တဲ့ ပါဝင္ပစၥည္းမ်ားကေတာ့ ႏို႔မႈန္႔ လက္ဖက္ရည္ဇြန္း ၂ဇြန္း၊ နႏြင္စစ္စစ္အရည္ လက္ဖက္ရည္ဇြန္း ၂ဇြန္းတို႔ပဲ ျဖစ္ပါတယ္။
လုပ္ရမယ့္ နည္းလမ္းကေတာ့ ပါဝင္ပစၥည္းအားလုံးကို ေကာင္းစြာေရာေႏွာပါ။
ဒါဆိုရင္ သင့္ရဲ႕ moisturizing cream အဆင္သင့္ျဖစ္ပါၿပီ။ မည္းေနတဲ့ေနရာေတြကို လိမ္းၿပီး ၃မိနစ္ေလာက္ ႏွိပ္ေပးပါ။
တစ္ညေလာက္ထားၿပီးေနာက္ေန႔မနက္မွ ေရျဖင့္ ေဆးေၾကာေပးပါ။
Credit
Unicode Version
ဒူးခေါင်းနှင့်တံတောင်ဆစ်မည်းတာတွေကို သဘာဝအတိုင်းဖြူစေဖို့ အိမ်တွင်းနည်းလမ်းကောင်း
စကတ်၊ ဘောင်းဘီအတိုဝတ်ချင်ပေမယ့် ဒူးခေါင်းတွေမည်းနေလို့ စိတ်ညစ်နေတဲ့ ပျိုမေတွေအတွက် သဘာဝအတိုင်း ဖြူဝင်းစေမယ့် နည်းလမ်းလေးတွေကို မျှဝေပေးလိုက်ပါတယ်။
ဒီနည်းလမ်းက 100%ထိရောက်ပြီး 10ရက်အတွင်းမှာ ရလဒ်ကောင်းတွေကို ရလာပါလိမ့်မယ်။
အဆင့် ၁ သန့်စင်ခြင်း
လိုအပ်တဲ့ပစ္စည်းတွေကတော့ လိမ္မော်/သံပုရာ ၁လုံးပဲ ဖြစ်ပါတယ်။ နည်းလမ်းကတော့ အရမ်းကို လွယ်ပါတယ်နော်။
လိမ္မော်သီးတစ်လုံးကို နှစ်ခြမ်းခြမ်းပါ။ ဒူးခေါင်း သို့ တံတောင်ဆစ်ကဲ့သို့ မည်းနေတဲ့ နေရာတွေပေါ်မှာ လိမ္မော်သီးခြမ်းနဲ့ ပွတ်ပေးပါ။
လိမ္မော်သီးမှာ ဗီတာမင် စီနှင့် citric acid တို့ပါဝင်ပြီး အရေပြားဆဲလ်သေတွေကို ဖယ်ရှားပေးပါတယ်။
အဆင့် ၂ Scrub
လိုအပ်တဲ့ပစ္စည်းများကတော့ ဆန်မှုန့် လက်ဖက်ရည်ဇွန်း ၃ဇွန်း၊ မုန်လာဥနီရည်လက်ဖက်ရည်ဇွန်း ၄ဇွန်း၊ နနွင်းမှုန့် လက်ဖက်ရည်ဇွန်း ၁ဇွန်းတို့ပဲ ဖြစ်ပါတယ်။
လုပ်ရမယ့် နည်းလမ်းကတော့ ပန်းကန်လုံးသန့်သန့် တစ်လုံးထဲမှာ ဆန်မှုန့်၊ မုန်လာဥနီရည်နှင့် နနွင်းမှုန့်ကို ရောပါ။
ခပ်ပျစ်ပျစ်လေးဖြစ်အောင် မွှေပေးပြီး မည်းနေတဲ့ တံတောင်ဆစ်တွေ၊ ဒူးတွေမှာ လိမ်းပေးပါ။
၂ မိနစ်လောက် ညင်သာစွာ ပွတ်တိုက်ပေးပြီး ၅မိနစ်လောက်နေလို့ ခြောက်သွေ့သွားလျှင် ရေနှင့်ဆေးကြောပေးပါ။
အဆင့် ၃ moisturizing
လိုအပ်တဲ့ ပါဝင်ပစ္စည်းများကတော့ နို့မှုန့် လက်ဖက်ရည်ဇွန်း ၂ဇွန်း၊ နနွင်စစ်စစ်အရည် လက်ဖက်ရည်ဇွန်း ၂ဇွန်းတို့ပဲ ဖြစ်ပါတယ်။
လုပ်ရမယ့် နည်းလမ်းကတော့ ပါဝင်ပစ္စည်းအားလုံးကို ကောင်းစွာရောနှောပါ။
ဒါဆိုရင် သင့်ရဲ့ moisturizing cream အဆင်သင့်ဖြစ်ပါပြီ။ မည်းနေတဲ့နေရာတွေကို လိမ်းပြီး ၃မိနစ်လောက် နှိပ်ပေးပါ။
တစ်ညလောက်ထားပြီးနောက်နေ့မနက်မှ ရေဖြင့် ဆေးကြောပေးပါ။
Credit