ဆံပင္ေတြပါးလႊာၿပီး ပ်က္စီးသူမ်ားအတြက္ ဆံပင္အုံပိုထူေစမယ့္ နည္းလမ္း (၈) ခု…
ဆံပင္ဟာ ကၽြန္မတို႔ရဲ့ ကိုယ္ခႏၶာအစိတ္အပိုင္းေတြလိုပဲ အထူးဂ႐ုစိုက္မႈ လိုအပ္ပါတယ္။
ဆံပင္ေတြပါးလႊာၿပီး ပ်က္စီးသူမ်ားအတြက္ ဆံပင္ကို က်န္းမာသန္စြမ္းေစဖို႔ နည္းလမ္းေလးေတြ ေဖာ္ျပေပးလိုက္မယ္ေနာ္
(၁) ၾကက္ဥ ၊ဒိန္ခ်ဥ္တို႔ျဖင့္ ေပါင္းတင္ပါ
ဥေတြမွာ ပရိုတိန္း၊ ဘိုင္အိုတင္းႏွင့္္ ဗီတာမင္ B11 တို႔ ႂကြယ္ဝတာေၾကာင့္ ပါးလႊာၿပီး အဆီျပန္တဲ့ဆံပင္ကို သန္စြမ္းေစပါတယ္။
ၾကက္ဥကို ဂရိဒိန္ခ်ဥ္ႏွင့္ ေရာပါ။ ဆံပင္မွာလိမ္းၿပီး တစ္နာရီေလာက္ထားပါ။ ၿပီးမွ ေခါင္းလၽွာ္ေပးပါ။
(၂) gelatin အမႈန႔္ကို essential oil ႏွင့္ေရာပါ
gelatin အမႈန႔္မွာ ပရိုတင္းဓါတ္မ်ားစြာ ပါရွိပါတယ္။ ခြက္ တစ္ဝက္လၽွင္ ပရိုတင္း၂ဂရမ္နီးပါး ေထာက္ပံ့ေပးပါတယ္။
ပါးလႊာၿပီး ပ်က္စီးေနေသာဆံပင္ကို ထူၿပီးခိုင္မာေစဖို႔ အရမ္းေကာင္းတဲ့ ဆံပင္ေပါင္းတင္ေဆးျဖစ္ပါတယ္။
ေရႏွင့္ gelatin မႈန႔္ကို ေရာၿပီး essential oil အစက္အနည္းငယ္ကို ထည့္ပါ။
ဆံပင္ေပၚမွာလိမ္းၿပီး ဦးေရျပားကို ႏွိပ္ေပးပါ။ မိနစ္အနည္းငယ္ေနမွ ေရေအးျဖင့္ ေလၽွာ္ပါ။
(၃) ဆံပင္ကို ထုံးၿပီးအိပ္ပါ
ဆံပင္ထူထဲေစဖို႔ အလြယ္ဆုံးနည္းလမ္းတစ္ခုက အိပ္ရာမဝင္ခင္မွာ hair spray ႏွင့္ဆံပင္ကို စိုေအာင္လုပ္ၿပီး ဆံပင္အားလုံးကို ခပ္ျမင့္ျမင့္ စုထုံးၿပီး အိပ္ပါ။
ဒီနည္းလမ္းက သင့္ဆံပင္အားလုံးကို တစ္ညလုံးေျခာက္ေသြ႕သြားေစၿပီး မနက္အိပ္ရာထတဲ့အခါ ဆံသားက လွိုင္းထူထူေလးေတြ ျဖစ္ေနတာကို သတိျပဳမိပါလိမ့္မယ္။
(၄) ေခါင္းမေလၽွာ္မီ ဦးေရျပားကို ဆီျဖင့္ ႏွိပ္ေပးပါ
ေလ့လာမႈအရ ဦးေရျပားကို ႏွိပ္နယ္ျခင္းက ဆံပင္ကို ထူထဲေစၿပီး သန္စြမ္းေစႏိုင္တယ္လို႔ ေဖာ္ျပထားပါတယ္။
ႏွိပ္နယ္ျခင္းက ေသြးလည္ပတ္မႈကို အေထာက္အကူျပဳပါတယ္။ ေခါင္းမေလၽွာ္ခင္ ဦးေရျပားကို စက္ဝိုင္းပုံေရြ႕လ်ားမႈျဖင့္ ညင္ညင္သာသာႏွိပ္ပါ။
hair treatment oil (သို႔) အုန္းဆီအနည္းငယ္ကို သုံးနိုင္ပါတယ္။ ပ်က္စီးေနတဲ့ ဆံပင္ေတြအတြက္ အရမ္းေကာင္းပါတယ္။
(၅) အပူေကာက္စက္ကို မသုံးဘဲ နည္းလမ္းေဟာင္းျဖစ္တဲ့ roller ေလးေတြ သုံးၾကည့္ပါ
အပူေတြက ဆံပင္ကိုကၽြတ္ေစၿပီး ပါးလႊာေစပါတယ္။ ဒါ့ေၾကာင့္ ေခါင္းေလၽွာ္ၿပီးရင္ ဆံပင္ကို မ်က္ႏွာသုတ္ပုဝါႏွင့္ ညင္ညင္သာသာ ေျခာက္ေသြ႕ေအာင္ လုပ္ပါ။
အပူနည္းတဲ့ ေလမႈတ္စက္ကို အသုံးျပဳပါ။ ဆံပင္ကို အပူေကာက္စက္ သုံးမယ့္အစား ဆံပင္ေတြကို ခြဲေၾကာင္းခြဲၿပီး တစ္ခုစီကို roller ႏွင့္လိပ္ပါ။
မိနစ္ ၂ဝမွ နာရီဝက္ခန႔္ေစာင့္ပါ။ ေကာက္သား ၾကာရွည္ေစဖို႔ မလိပ္ခင္မွာ hairspray ျဖန္းေပးပါ။
(၆) ဟင္းသီးဟင္းရြက္၊ သစ္သီးႏွင့္ ပရိုတိန္းေတြ ပိုစားပါ
က်န္းမာသန္စြမ္းတဲ့ ဆံပင္လိုခ်င္ပါက သင့္အစားအစာထဲမွာ အစိမ္းေရာင္ႏွင့္ အသီးမ်ား ပါဝင္သင့္ပါတယ္။
ကၽြန္မတို႔ဆံပင္ေတြ က်န္းမာ သန္စြမ္းေစဖို႔ ဗီတာမင္၊ ဘရိုတိန္းေတြလိုအပ္ပါတယ္။
ဟင္းႏုႏြယ္၊ ပဲမ်ိဳးစုံအပါအဝင္ ဟင္းသီးဟင္းရြက္မ်ားစြာမွာ သံဓါတ္ေတြပါဝင္ၿပီး သစ္သီးေတြက ဗီတာမင္မ်ားစြာကို ရရွိေစပါတယ္။
ငွက္ေပ်ာသီး၊ ေျမပဲႏွင့္ ပန္းေဂၚဖီတို႔မွာ biotin ဓါတ္ပါတင္ပါတယ္။
ဆံပင္ထူေစဖို႔အတြက္ ပရိုတိန္းလိုအပ္တာေၾကာင့္ ပဲပုပ္ႏွင့္ အေစ့အဆန္မ်ားကို စားသုံးေပးပါ။
(၇) ေဆးစစ္ဖို႔အတြက္ ဆရာဝန္ႏွင့္ ျပသပါ
ဒါက သိပ္မေတြ႕ေပမယ့္လည္း ဆံပင္ပါးျခင္း၊ ကၽြတ္ျခင္းက က်န္းမာေရးအေျခအေနေၾကာင့္ ျဖစ္နိုင္ပါတယ္။
အျဖစ္မ်ားေသာ ဆက္စပ္အေျခအေနေတြမွာ သိုင္းရြိဳက္ခၽြတ္ယြင္းမႈ၊ ဗီတာမင္(သို႔) သံဓါတ္ခ်ိဳ႕တဲ့မႈ၊ ေသြးအားနည္းေရာဂါႏွင့္ ေဟာ္မုန္းျပႆနာေတြ ျဖစ္ပါတယ္။
မ်ိဳးရိုးဗီဇေၾကာင့္ျဖစ္ၿပီး အသက္ ၁၂ႏွစ္ (သို႔) ေသြးဆုံးၿပီးေနာက္ပိုင္းမွာ စတင္နိုင္တဲ့ androgenic alopecia လို႔ေခၚတဲ့ ေရာဂါလည္းရွိပါတယ္။
ဒါ့ေၾကာင့္ check-up ရယူျခင္းဟာ အျမဲတမ္းေကာင္းတဲ့ေနရာျဖစ္ပါတယ္။
(၈) တစ္ပတ္တစ္ႀကိမ္ ေထာပတ္သီးျဖင့္္ ဆံပင္ေပါင္းပါ
ဆံပင္အတြက္ အာဟာရျဖစ္ေစဖို႔ ပရိုတိန္းပါဝင္တဲ့ ေထာပတ္သီးႏွင့္ ၾကက္ဥကို သုံးနိုင္ပါတယ္။
ေထာပတ္သီး၊ ၾကက္ဥကို သမေအာင္ေမႊၿပီး သံလြင္ဆီ (သို႔) အာဂမ္ဆီထည့္ေမႊပါ။
ထိုဆံပင္ေပါင္းေဆးကို စိုေနတဲ့ ဆံပင္(သို႔)ေခါင္းေလၽွာ္ၿပီးသား ဆံပင္ေပၚမွာ လိမ္းၿပီး မိနစ္၂ဝေလာက္ထားပါ။
ပုံမွန္အသုံးျပဳပါက ျခားနားခ်က္ကို သတိထားမိပါလိမ့္မယ္။
ခရက္ဒစ္ – LifestyleMyanmar
UNICODE VERSION
ဆံပင်တွေပါးလွှာပြီး ပျက်စီးသူများအတွက် ဆံပင်အုံပိုထူစေမယ့် နည်းလမ်း (၈) ခု…
ဆံပင်ဟာ ကျွန်မတို့ရဲ့ ကိုယ်ခန္ဓာအစိတ်အပိုင်းတွေလိုပဲ အထူးဂရုစိုက်မှု လိုအပ်ပါတယ်။
ဆံပင်တွေပါးလွှာပြီး ပျက်စီးသူများအတွက် ဆံပင်ကို ကျန်းမာသန်စွမ်းစေဖို့ နည်းလမ်းလေးတွေ ဖော်ပြပေးလိုက်မယ်နော်
(၁) ကြက်ဥ ၊ဒိန်ချဉ်တို့ဖြင့် ပေါင်းတင်ပါ
ဥတွေမှာ ပရိုတိန်း၊ ဘိုင်အိုတင်းနှင့် ဗီတာမင် B11 တို့ ကြွယ်ဝတာကြောင့် ပါးလွှာပြီး အဆီပြန်တဲ့ဆံပင်ကို သန်စွမ်းစေပါတယ်။
ကြက်ဥကို ဂရိဒိန်ချဉ်နှင့် ရောပါ။ ဆံပင်မှာလိမ်းပြီး တစ်နာရီလောက်ထားပါ။ ပြီးမှ ခေါင်းလျှာ်ပေးပါ။
(၂) gelatin အမှုန့်ကို essential oil နှင့်ရောပါ
gelatin အမှုန့်မှာ ပရိုတင်းဓါတ်များစွာ ပါရှိပါတယ်။ ခွက် တစ်ဝက်လျှင် ပရိုတင်း၂ဂရမ်နီးပါး ထောက်ပံ့ပေးပါတယ်။
ပါးလွှာပြီး ပျက်စီးနေသောဆံပင်ကို ထူပြီးခိုင်မာစေဖို့ အရမ်းကောင်းတဲ့ ဆံပင်ပေါင်းတင်ဆေးဖြစ်ပါတယ်။
ရေနှင့် gelatin မှုန့်ကို ရောပြီး essential oil အစက်အနည်းငယ်ကို ထည့်ပါ။
ဆံပင်ပေါ်မှာလိမ်းပြီး ဦးရေပြားကို နှိပ်ပေးပါ။ မိနစ်အနည်းငယ်နေမှ ရေအေးဖြင့် လျှော်ပါ။
(၃) ဆံပင်ကို ထုံးပြီးအိပ်ပါ
ဆံပင်ထူထဲစေဖို့ အလွယ်ဆုံးနည်းလမ်းတစ်ခုက အိပ်ရာမဝင်ခင်မှာ hair spray နှင့်ဆံပင်ကို စိုအောင်လုပ်ပြီး ဆံပင်အားလုံးကို ခပ်မြင့်မြင့် စုထုံးပြီး အိပ်ပါ။
ဒီနည်းလမ်းက သင့်ဆံပင်အားလုံးကို တစ်ညလုံးခြောက်သွေ့သွားစေပြီး မနက်အိပ်ရာထတဲ့အခါ ဆံသားက လှိုင်းထူထူလေးတွေ ဖြစ်နေတာကို သတိပြုမိပါလိမ့်မယ်။
(၄) ခေါင်းမလျှော်မီ ဦးရေပြားကို ဆီဖြင့် နှိပ်ပေးပါ
လေ့လာမှုအရ ဦးရေပြားကို နှိပ်နယ်ခြင်းက ဆံပင်ကို ထူထဲစေပြီး သန်စွမ်းစေနိုင်တယ်လို့ ဖော်ပြထားပါတယ်။
နှိပ်နယ်ခြင်းက သွေးလည်ပတ်မှုကို အထောက်အကူပြုပါတယ်။ ခေါင်းမလျှော်ခင် ဦးရေပြားကို စက်ဝိုင်းပုံရွေ့လျားမှုဖြင့် ညင်ညင်သာသာနှိပ်ပါ။
hair treatment oil (သို့) အုန်းဆီအနည်းငယ်ကို သုံးနိုင်ပါတယ်။ ပျက်စီးနေတဲ့ ဆံပင်တွေအတွက် အရမ်းကောင်းပါတယ်။
(၅) အပူကောက်စက်ကို မသုံးဘဲ နည်းလမ်းဟောင်းဖြစ်တဲ့ roller လေးတွေ သုံးကြည့်ပါ
အပူတွေက ဆံပင်ကိုကျွတ်စေပြီး ပါးလွှာစေပါတယ်။ ဒါ့ကြောင့် ခေါင်းလျှော်ပြီးရင် ဆံပင်ကို မျက်နှာသုတ်ပုဝါနှင့် ညင်ညင်သာသာ ခြောက်သွေ့အောင် လုပ်ပါ။
အပူနည်းတဲ့ လေမှုတ်စက်ကို အသုံးပြုပါ။ ဆံပင်ကို အပူကောက်စက် သုံးမယ့်အစား ဆံပင်တွေကို ခွဲကြောင်းခွဲပြီး တစ်ခုစီကို roller နှင့်လိပ်ပါ။
မိနစ် ၂ဝမှ နာရီဝက်ခန့်စောင့်ပါ။ ကောက်သား ကြာရှည်စေဖို့ မလိပ်ခင်မှာ hairspray ဖြန်းပေးပါ။
(၆) ဟင်းသီးဟင်းရွက်၊ သစ်သီးနှင့် ပရိုတိန်းတွေ ပိုစားပါ
ကျန်းမာသန်စွမ်းတဲ့ ဆံပင်လိုချင်ပါက သင့်အစားအစာထဲမှာ အစိမ်းရောင်နှင့် အသီးများ ပါဝင်သင့်ပါတယ်။
ကျွန်မတို့ဆံပင်တွေ ကျန်းမာ သန်စွမ်းစေဖို့ ဗီတာမင်၊ ဘရိုတိန်းတွေလိုအပ်ပါတယ်။
ဟင်းနုနွယ်၊ ပဲမျိုးစုံအပါအဝင် ဟင်းသီးဟင်းရွက်များစွာမှာ သံဓါတ်တွေပါဝင်ပြီး သစ်သီးတွေက ဗီတာမင်များစွာကို ရရှိစေပါတယ်။
ငှက်ပျောသီး၊ မြေပဲနှင့် ပန်းဂေါ်ဖီတို့မှာ biotin ဓါတ်ပါတင်ပါတယ်။
ဆံပင်ထူစေဖို့အတွက် ပရိုတိန်းလိုအပ်တာကြောင့် ပဲပုပ်နှင့် အစေ့အဆန်များကို စားသုံးပေးပါ။
(၇) ဆေးစစ်ဖို့အတွက် ဆရာဝန်နှင့် ပြသပါ
ဒါက သိပ်မတွေ့ပေမယ့်လည်း ဆံပင်ပါးခြင်း၊ ကျွတ်ခြင်းက ကျန်းမာရေးအခြေအနေကြောင့် ဖြစ်နိုင်ပါတယ်။
အဖြစ်များသော ဆက်စပ်အခြေအနေတွေမှာ သိုင်းရွိုက်ချွတ်ယွင်းမှု၊ ဗီတာမင်(သို့) သံဓါတ်ချို့တဲ့မှု၊ သွေးအားနည်းရောဂါနှင့် ဟော်မုန်းပြဿနာတွေ ဖြစ်ပါတယ်။
မျိုးရိုးဗီဇကြောင့်ဖြစ်ပြီး အသက် ၁၂နှစ် (သို့) သွေးဆုံးပြီးနောက်ပိုင်းမှာ စတင်နိုင်တဲ့ androgenic alopecia လို့ခေါ်တဲ့ ရောဂါလည်းရှိပါတယ်။
ဒါ့ကြောင့် check-up ရယူခြင်းဟာ အမြဲတမ်းကောင်းတဲ့နေရာဖြစ်ပါတယ်။
(၈) တစ်ပတ်တစ်ကြိမ် ထောပတ်သီးဖြင့် ဆံပင်ပေါင်းပါ
ဆံပင်အတွက် အာဟာရဖြစ်စေဖို့ ပရိုတိန်းပါဝင်တဲ့ ထောပတ်သီးနှင့် ကြက်ဥကို သုံးနိုင်ပါတယ်။
ထောပတ်သီး၊ ကြက်ဥကို သမအောင်မွှေပြီး သံလွင်ဆီ (သို့) အာဂမ်ဆီထည့်မွှေပါ။
ထိုဆံပင်ပေါင်းဆေးကို စိုနေတဲ့ ဆံပင်(သို့)ခေါင်းလျှော်ပြီးသား ဆံပင်ပေါ်မှာ လိမ်းပြီး မိနစ်၂ဝလောက်ထားပါ။
ပုံမှန်အသုံးပြုပါက ခြားနားချက်ကို သတိထားမိပါလိမ့်မယ်။
ခရက်ဒစ် – LifestyleMyanmar