General News

ဘေ႐ႊရဲ႕ ေျမးေလး ဖိုးလျပည့္ အေပ်ာ္အပါးနဲ႔ မုန္႔ဖိုးဘယ္သူေပးသလဲ…?

ဘေ႐ႊရဲ႕ ေျမးေလး ဖိုးလျပည့္ အေပ်ာ္အပါးနဲ႔ မုန္႔ဖိုးဘယ္သူေပးသလဲ…?

ဦးသန္းေ႐ႊေျမး ေနေ႐ႊေသြးေအာင္သို႔မဟုတ္ဖိုးလျပည့္ အေၾကာင္းကိုေတာ့ RAW ပရိသတ္ႀကီးသိၿပီးသားျဖစ္ပါလိမ့္မယ္။

ခပ္ေခ်ာေခ်ာအေျပာေကာင္းေကာင္း၊ၿပိဳင္ကားေတြစီးၿပီး ေမာ္ဒယ္ဂဲလ္ေလးေတြနဲ႔တြဲတတ္သူသည္ ေငြကိုေရလိုလဲသုံးႏိုင္သူျဖစ္ေလသည္။

ၿပိဳင္ကားအေကာင္းစားေတြစီး ႏိုင္ငံျခားခရီး ခဏခဏေတြထြက္တတ္သူဆိုေတာ့အေတာ္ကိုခ်မ္းသာသူဟုထင္ၾကမည္။

ေနေ႐ႊေသြးေအာင္ကို ျပည္တြင္းျပည္ပခရီးစဥ္မ်ား၊ ဟိုတယ္ခန္းခ၊ ေမာ္ဒယ္ဂဲလ္ေတြအတြက္အခေၾကးေငြမ်ား အားလုံးကို ပုခုံးထမ္းေဆာင္႐ြက္ရသူ ၂ဦးခန္႔႐ွိသည္ဟုဆိုသည္။

ဒီထက္လဲပိုခ်င္ပိုႏိုင္ပါသည္။

ထိုသူ၂ဦးမွာ သူေဌးႀကီးခ႐ိုနီဦးေဇာ္ေဇာ္ႏွင့္ ဦးေတဇတို႔ျဖစ္ၿပီး

ေနေ႐ႊေသြးေအာင္က က်ေနာ့္ဘန္ေကာက္ခရီးစဥ္အတြက္ေပးပါအုံးဆိုရင္ ေဒၚလာေသာင္းနဲ႔ခ်ီၿပီးလႉဒါန္းေပးကမ္းရေလေၾကာင္း သိရေလ၏။

“ဦးေဇာ္ေဇာ္ကေတာ့ အေပးရဆုံးပဲ ဖိုးလျပည့္ရဲ႕ ဒဏ္ကိုအေတာ္ခံရတာ” ဟုနီးစပ္သူက RAW ကို ေဖါက္သည္ခ်ေလသည္။

“ဒီေကာင္ေလးက သုံးမယ္ျဖဳန္းမယ္ ေကာင္မေလးေတြနဲ႔လည္မယ္ ဒီေလာက္ပဲစိတ္ဝင္စားတာ” ဟုသူကထပ္ေျပာျပေလ၏။

“ေနေ႐ႊေသြးေအာင္၏ ဒဏ္ကိုခံေနရေသာ္လည္း ဦးေဇာ္ေဇာ္ႏွင့္ ဦးေတဇမွာ ဘာမွမေျပာႏိုင္ဟု သိရေလသည္။

“သူတို႔က ဗိုလ္ခ်ဳပ္ႀကီးေတြနဲ႔စီးပြားဘက္ေတြဆိုေတာ့သားစဥ္ေျမးဆက္ ဝတ္ျပဳရတာေပါ့ဗ်ာ … ေက်းဇူးဆပ္ရတာေပါ့” ဟုဆိုေလသည္။

ဦးေနဝင္း၏ေျမးမ်ားျဖစ္ေသာ ေက်ာ္ေနဝင္း၊ ေအးေနဝင္းႏွင့္ဇြဲေနဝင္းတို႔၏ ဒဏ္ကိုလဲခ႐ိုနီမ်ားကခံရေလသည္။

AYA ဘဏ္မွ ေခ်းေသာ YBS ဘတ္စ္ကားေခ်းေငြေဒၚလာသန္းမ်ားစြာကို ထိုေမ်ာက္သုံးေကာင္က ဘုံးသြားေသာ္လည္း ဘာမွမေျပာရဲပဲၿငိမ္ေနသူမွာ ဦးေဇာ္ေဇာ္ပင္ျဖစ္ေလေတာ့သည္။

သေဘာေကာင္းလို႔ၿငိမ္ေနတာလား…ေမ်ာက္သုံးေကာင္က ၿခိမ္းေျခာက္ၿပီး အညႇာကိုကိုင္ထား၍ အၿမီးကုတ္ေနတာလား…ဒါကိုေတာ့ ကာယကံ႐ွင္ပဲ သိလိမ့္မည္။

ဒီလိုမွမဟုတ္ ဆားပုလင္းႏွင္းေမာင္ကိုပင့္ရမယ့္ကိန္းပါ။

Credit Source – Channellover.com

Unicode Version

ဘရွှေရဲ့ မြေးလေး ဖိုးလပြည့် အပျော်အပါးနဲ့ မုန့်ဖိုးဘယ်သူပေးသလဲ…?

ဦးသန်းရွှေမြေး နေရွှေသွေးအောင်သို့မဟုတ်ဖိုးလပြည့် အကြောင်းကိုတော့ RAW ပရိသတ်ကြီးသိပြီးသားဖြစ်ပါလိမ့်မယ်။

ခပ်ချောချောအပြောကောင်းကောင်း၊ပြိုင်ကားတွေစီးပြီး မော်ဒယ်ဂဲလ်လေးတွေနဲ့တွဲတတ်သူသည် ငွေကိုရေလိုလဲသုံးနိုင်သူဖြစ်လေသည်။

ပြိုင်ကားအကောင်းစားတွေစီး နိုင်ငံခြားခရီး ခဏခဏတွေထွက်တတ်သူဆိုတော့အတော်ကိုချမ်းသာသူဟုထင်ကြမည်။

နေရွှေသွေးအောင်ကို ပြည်တွင်းပြည်ပခရီးစဉ်များ၊ ဟိုတယ်ခန်းခ၊ မော်ဒယ်ဂဲလ်တွေအတွက်အခကြေးငွေများ အားလုံးကို ပုခုံးထမ်းဆောင်ရွက်ရသူ ၂ဦးခန့်ရှိသည်ဟုဆိုသည်။

ဒီထက်လဲပိုချင်ပိုနိုင်ပါသည်။

ထိုသူ၂ဦးမှာ သူဌေးကြီးခရိုနီဦးဇော်ဇော်နှင့် ဦးတေဇတို့ဖြစ်ပြီး

နေရွှေသွေးအောင်က ကျနော့်ဘန်ကောက်ခရီးစဉ်အတွက်ပေးပါအုံးဆိုရင် ဒေါ်လာသောင်းနဲ့ချီပြီးလှူဒါန်းပေးကမ်းရလေကြောင်း သိရလေ၏။

“ဦးဇော်ဇော်ကတော့ အပေးရဆုံးပဲ ဖိုးလပြည့်ရဲ့ ဒဏ်ကိုအတော်ခံရတာ” ဟုနီးစပ်သူက RAW ကို ဖေါက်သည်ချလေသည်။

“ဒီကောင်လေးက သုံးမယ်ဖြုန်းမယ် ကောင်မလေးတွေနဲ့လည်မယ် ဒီလောက်ပဲစိတ်ဝင်စားတာ” ဟုသူကထပ်ပြောပြလေ၏။

“နေရွှေသွေးအောင်၏ ဒဏ်ကိုခံနေရသော်လည်း ဦးဇော်ဇော်နှင့် ဦးတေဇမှာ ဘာမှမပြောနိုင်ဟု သိရလေသည်။

“သူတို့က ဗိုလ်ချုပ်ကြီးတွေနဲ့စီးပွားဘက်တွေဆိုတော့သားစဉ်မြေးဆက် ဝတ်ပြုရတာပေါ့ဗျာ … ကျေးဇူးဆပ်ရတာပေါ့” ဟုဆိုလေသည်။

ဦးနေဝင်း၏မြေးများဖြစ်သော ကျော်နေဝင်း၊ အေးနေဝင်းနှင့်ဇွဲနေဝင်းတို့၏ ဒဏ်ကိုလဲခရိုနီများကခံရလေသည်။

AYA ဘဏ်မှ ချေးသော YBS ဘတ်စ်ကားချေးငွေဒေါ်လာသန်းများစွာကို ထိုမျောက်သုံးကောင်က ဘုံးသွားသော်လည်း ဘာမှမပြောရဲပဲငြိမ်နေသူမှာ ဦးဇော်ဇော်ပင်ဖြစ်လေတော့သည်။

သဘောကောင်းလို့ငြိမ်နေတာလား…မျောက်သုံးကောင်က ခြိမ်းခြောက်ပြီး အညှာကိုကိုင်ထား၍ အမြီးကုတ်နေတာလား…ဒါကိုတော့ ကာယကံရှင်ပဲ သိလိမ့်မည်။

ဒီလိုမှမဟုတ် ဆားပုလင်းနှင်းမောင်ကိုပင့်ရမယ့်ကိန်းပါ။

Credit Source – Channellover.com