General News

ထူးျခားလို႔ ကိုယ္တိုင္ဖူးေတြ႕ခဲ့ရတယ္ မုလအိဆံေတာ္ရွင္ေစတီေတာ္ ေရာင္ျခည္ေတာ္ကြန႔္ျမဴးေနတဲ့(ဗြီဒီယို)

ထူးျခားလို႔ ကိုယ္တိုင္ဖူးေတြ႕ခဲ့ရတယ္ မုလအိဆံေတာ္ရွင္ေစတီေတာ္ ေရာင္ျခည္ေတာ္ကြန႔္ျမဴးေနတဲ့(ဗြီဒီယို)

ZawGyi ျဖင့္ဖတ္ရန္

ကရင္ျပည္နယ္ရဲ႕အထင္ကရ ေနရာတခုျဖစ္ပါတယ္။

ကရင္ျပည္နယ္၊ ေဒသတြင္း အျမင့္ဆုံးေတာင္ျဖစ္ၿပီး (၆၅၇၈)ေပျမင့္ပါတယ္။

မိုးရာသီမွာ သြားလာခက္ခဲၿပီး ဘုရားဖူးအမ်ားစုကေႏြဦးေပါက္စမွ သြားဖူးတာမ်ားပါတယ္။

ကရင္ျပည္နယ္ျမဝတီ- ေဝါေလ-စုကလိ လမ္းကေန သြားလို႔ရသလို..

ေကာ့ကရိတ္-က်ိဳက္ဒုံလမ္းကေနလည္း သြားလို႔ရပါတယ္။

သို႔မဟုတ္..ထိုင္းဘက္ျခမ္း နယ္စပ္ကေနလည္း သြားလို႔ရပါတယ္။

ေတာေတာင္ထူထၿပီး ေစတီဘုရားတည္ရွိတဲ့ေနရာဟာေတာင္အလြန္ျမင့္ေတာ့ ေဆာင္းရာသီ ျမဴႏွင္းေတြေဝတဲ့အခ်ိန္မိုးရာသီလို အခ်ိန္ေတြမွာ

ဘုရားေစတီနီးနားေတာေတာင္တျမင္တခြင္မွာ တိမ္စိုင္ တိမ္လိတ္ေတြနဲ႔ဖုံးလႊမ္းေနတတ္ပါတယ္။

ေလေအးေတြလည္း စဥ္ဆက္မျပတ္အၿမဲတမ္းတိုက္ေနေတာ့ (တခါတေလ ခပ္ၾကမ္းၾကမ္းတိုက္ေန)ဘုရားဖူးသူအဖို႔ အေႏြးထည္ေတြ လုံလုံေလာက္ေလာက္ယူေဆာင္သြားဖို႔လိုအပ္ပါတယ္။

ေဆာင္းညေတြဆို ျမဴႏွင္းက်သံ “တေဖ်ာက္ေဖ်ာက္“ကလည္း မိုးႀကီး႐ြာခ်သလို ထင္မွတ္မွားေလာက္ေအာင္ပါဘဲ။

မုလအိေစတီဘုရာဟာ သမိုင္းရာဇဝင္အရ ျမတ္စြာဘုရားရဲ႕ဆံေတာ္ရွင္ ဌာပနာထားတဲ့ ဘုရားတဆူလို႔ဆိုပါတယ္။

ေစတီဘုရားနဲ႔ဝန္းက်င္ ေတာေတာင္ေရေျမေတြဟာ သန္႔ရွင္းစင္ၾကယ္တဲ့ နယ္ေျမျဖစ္ၿပီး ဘုရားဖူးသူမ်ားအေနျဖင့္

အရက္ေသစာေသာက္စားျခင္း၊ သားငါးစားျခင္း(သက္သတ္လြတ္နယ္ေျမ)၊ၾကမ္းတမ္းစကားေျပာဆိုျခင္း၊ သမီးရည္းစားမဖြယ္မရာ(လက္ကိုင္ျခင္းမွစ)လုပ္ေဆာင္ျခင္း၊

ခိုက္ရန္ျဖစ္ပြါးျခင္း၊ မဟုတ္မမွန္ေသာစကားေျပာဆိုျခင္း မ်ားကို လုံးဝေရွာင္ၾကဥ္ရပါတယ္။

ငွင္းေရွာင္ၾကဥ္ရေသာ အရာတခုခု ေဖါက္ျပန္ပါက အခ်ိန္အခါမဟုတ္ ေလႀကီးမိုးႀကီး႐ြာသြန္းျခင္း၊ မိုးႀကိဳးပစ္ျခင္း၊

ေတာေကာင္မ်ား(က်ားအပါအဝင္)က လူသားမ်ားကို အႏၲရာယ္ျပဳျခင္းမ်ားနဲ႔ႀကဳံရတတ္တယ္လို႔ဆိုပါတယ္။

ေတာင္ထိပ္ကိုတက္ၿပီး ခရီးတေထာက္မွာ ကိုယ္လက္သန္႔စင္ျခင္း၊ ေခါင္းေလွ်ာ္/ေခါင္းေဆးၿပီးမွေစတီဘုရားကို တက္ဖူးရပါတယ္။

မုလအိေတာင္ထိပ္မွာ သီလမစင္ၾကယ္၊ သမာဓိအားမေကာင္းတဲ့ ရဟန္းသံဃာေတြဆိုလွ်င္ သီတင္းသုံးမၿမဲျခင္း၊

ျပည္သူမ်ားအႏိုင္က်င့္ေစာ္ကားတဲ့ႏိုင္ငံေတာ္အႀကီးအကဲမ်ားေရာက္လာလွ်င္ ေၾကာက္မက္ဖြယ္ရာေလႀကီးမိုးႀကီး ၊မိုးႀကိဳးပစ္ျခင္း အတိတ္ နိမိတ္ေတြနဲ႔ႀကဳံရတတ္ပါတယ္။

ေတာင္ထိပ္မွာ အမ်ိဳးသမီးမ်ား ဖူးေမွ်ာ္တဲ့ဘုရားနဲ႔၊ အမ်ိဳးသားမ်ားသာ ဖူးေမွ်္တဲ့ဘုရားရွိပါတယ္။

ၾကည္ညိဳသူမ်ား သြားေရာက္ဖူးေမွ်ာ္ႏိုင္သလိုေရေျမ ေတာေတာင္ သဘာဝအလွတရားေတြကို ခ်စ္ျမတ္ႏိုးသူအေနနဲ႔လည္း သြားေရာက္လည္ပတ္ႏိုင္ပါတယ္။

ေလာဘ ေဒါသ အာဃာတစစ္ပြဲ၊ အမုန္းတရားေတြ၊ ပူပင္ေသာကေတြနဲ႔ျပည့္နက္ေနတဲ့ ပတ္ဝန္းက်င္ေတြကို ခဏတာေမ့ထား/ပစ္ထားၿပီး……

သီလသမာဓိရွိရာ၊ သန္႔ရွင္းစင္ၾကယ္မႈရွိရာ၊ေလာဘ ေဒါသေတြကင္းေဝးရာ၊စိတ္ႏွလုံး ေအးခ်မ္းရာ ၊ ေတာေစာင့္နတ္ေကာင္း၊ ေတာင္ေစာင့္နတ္ေကာင္း၊ နတ္ေကာင္းနတ္ျမတ္၊

သူေတာ္စင္တို႔ရွိရာ ၊ အမွန္တရားရွိရာ၊ အရပ္တခုမွာခဏတာေလးဘဲျဖစ္ျဖစ္ သြားေရာက္လည္ပတ္ၾကဖို႔ပုထုဇဥ္လူသားအားလုံးကို တိုက္တြန္း ႏိုးေဆာ္လိုက္ပါ၏။

ၿငိမ္းခ်မ္းမႈတခုခုကို သင္ ရယူပိုင္ဆိုင္လိမ့္မယ္လို႔လည္း ေမွ်္လင့္မိပါ၏။

ေကာ္သူးေလ

credit Dham Ma Piya

Unicode ဖြင့်ဖတ်ရန်

ထူးခြားလို့ ကိုယ်တိုင်ဖူးတွေ့ခဲ့ရတယ် မုလအိဆံတော်ရှင်စေတီတော် ရောင်ခြည်တော်ကွန့်မြူးနေတဲ့(ဗွီဒီယို)

ZawGyi ဖြင့်ဖတ်ရန်

ကရင်ပြည်နယ်ရဲ့အထင်ကရ နေရာတခုဖြစ်ပါတယ်။

ကရင်ပြည်နယ်၊ ဒေသတွင်း အမြင့်ဆုံးတောင်ဖြစ်ပြီး (၆၅၇၈)ပေမြင့်ပါတယ်။

မိုးရာသီမှာ သွားလာခက်ခဲပြီး ဘုရားဖူးအများစုကနွေဦးပေါက်စမှ သွားဖူးတာများပါတယ်။

ကရင်ပြည်နယ်မြဝတီ- ဝေါလေ-စုကလိ လမ်းကနေ သွားလို့ရသလို..

ကော့ကရိတ်-ကျိုက်ဒုံလမ်းကနေလည်း သွားလို့ရပါတယ်။

သို့မဟုတ်..ထိုင်းဘက်ခြမ်း နယ်စပ်ကနေလည်း သွားလို့ရပါတယ်။

တောတောင်ထူထပြီး စေတီဘုရားတည်ရှိတဲ့နေရာဟာတောင်အလွန်မြင့်တော့ ဆောင်းရာသီ မြူနှင်းတွေဝေတဲ့အချိန်မိုးရာသီလို အချိန်တွေမှာ

ဘုရားစေတီနီးနားတောတောင်တမြင်တခွင်မှာ တိမ်စိုင် တိမ်လိတ်တွေနဲ့ဖုံးလွှမ်းနေတတ်ပါတယ်။

လေအေးတွေလည်း စဉ်ဆက်မပြတ်အမြဲတမ်းတိုက်နေတော့ (တခါတလေ ခပ်ကြမ်းကြမ်းတိုက်နေ)ဘုရားဖူးသူအဖို့ အနွေးထည်တွေ လုံလုံလောက်လောက်ယူဆောင်သွားဖို့လိုအပ်ပါတယ်။

ဆောင်းညတွေဆို မြူနှင်းကျသံ “တဖျောက်ဖျောက်“ကလည်း မိုးကြီးရွာချသလို ထင်မှတ်မှားလောက်အောင်ပါဘဲ။

မုလအိစေတီဘုရာဟာ သမိုင်းရာဇဝင်အရ မြတ်စွာဘုရားရဲ့ဆံတော်ရှင် ဌာပနာထားတဲ့ ဘုရားတဆူလို့ဆိုပါတယ်။

စေတီဘုရားနဲ့ဝန်းကျင် တောတောင်ရေမြေတွေဟာ သန့်ရှင်းစင်ကြယ်တဲ့ နယ်မြေဖြစ်ပြီး ဘုရားဖူးသူများအနေဖြင့်

အရက်သေစာသောက်စားခြင်း၊ သားငါးစားခြင်း(သက်သတ်လွတ်နယ်မြေ)၊ကြမ်းတမ်းစကားပြောဆိုခြင်း၊ သမီးရည်းစားမဖွယ်မရာ(လက်ကိုင်ခြင်းမှစ)လုပ်ဆောင်ခြင်း၊

ခိုက်ရန်ဖြစ်ပွါးခြင်း၊ မဟုတ်မမှန်သောစကားပြောဆိုခြင်း များကို လုံးဝရှောင်ကြဉ်ရပါတယ်။

ငှင်းရှောင်ကြဉ်ရသော အရာတခုခု ဖေါက်ပြန်ပါက အချိန်အခါမဟုတ် လေကြီးမိုးကြီးရွာသွန်းခြင်း၊ မိုးကြိုးပစ်ခြင်း၊

တောကောင်များ(ကျားအပါအဝင်)က လူသားများကို အန္တရာယ်ပြုခြင်းများနဲ့ကြုံရတတ်တယ်လို့ဆိုပါတယ်။

တောင်ထိပ်ကိုတက်ပြီး ခရီးတထောက်မှာ ကိုယ်လက်သန့်စင်ခြင်း၊ ခေါင်းလျှော်/ခေါင်းဆေးပြီးမှစေတီဘုရားကို တက်ဖူးရပါတယ်။

မုလအိတောင်ထိပ်မှာ သီလမစင်ကြယ်၊ သမာဓိအားမကောင်းတဲ့ ရဟန်းသံဃာတွေဆိုလျှင် သီတင်းသုံးမမြဲခြင်း၊

ပြည်သူများအနိုင်ကျင့်စော်ကားတဲ့နိုင်ငံတော်အကြီးအကဲများရောက်လာလျှင် ကြောက်မက်ဖွယ်ရာလေကြီးမိုးကြီး ၊မိုးကြိုးပစ်ခြင်း အတိတ် နိမိတ်တွေနဲ့ကြုံရတတ်ပါတယ်။

တောင်ထိပ်မှာ အမျိုးသမီးများ ဖူးမျှော်တဲ့ဘုရားနဲ့၊ အမျိုးသားများသာ ဖူးမျှေ်တဲ့ဘုရားရှိပါတယ်။

ကြည်ညိုသူများ သွားရောက်ဖူးမျှော်နိုင်သလိုရေမြေ တောတောင် သဘာဝအလှတရားတွေကို ချစ်မြတ်နိုးသူအနေနဲ့လည်း သွားရောက်လည်ပတ်နိုင်ပါတယ်။

လောဘ ဒေါသ အာဃာတစစ်ပွဲ၊ အမုန်းတရားတွေ၊ ပူပင်သောကတွေနဲ့ပြည့်နက်နေတဲ့ ပတ်ဝန်းကျင်တွေကို ခဏတာမေ့ထား/ပစ်ထားပြီး……

သီလသမာဓိရှိရာ၊ သန့်ရှင်းစင်ကြယ်မှုရှိရာ၊လောဘ ဒေါသတွေကင်းဝေးရာ၊စိတ်နှလုံး အေးချမ်းရာ ၊ တောစောင့်နတ်ကောင်း၊ တောင်စောင့်နတ်ကောင်း၊ နတ်ကောင်းနတ်မြတ်၊

သူတော်စင်တို့ရှိရာ ၊ အမှန်တရားရှိရာ၊ အရပ်တခုမှာခဏတာလေးဘဲဖြစ်ဖြစ် သွားရောက်လည်ပတ်ကြဖို့ပုထုဇဉ်လူသားအားလုံးကို တိုက်တွန်း နိုးဆော်လိုက်ပါ၏။

ငြိမ်းချမ်းမှုတခုခုကို သင် ရယူပိုင်ဆိုင်လိမ့်မယ်လို့လည်း မျှေ်လင့်မိပါ၏။

ကော်သူးလေ

credit Dham Ma Piya