သိပ်တော်တဲ့ မိန်းမတွေက ကိုယ့်အနား မရှိနိုင် တဲ့ ယောကျာ်းတစ်ဦးအတွက်တမ်းတ ပူဆွေးမနေဘူး။
credit
Unicode Version
သိပ်တော်တဲ့ မိန်းမတစ်ဦးဆိုတာ….
သိပ်တော်တဲ့မိန်းမ တစ်ဦးကအရှုံး ကို အပြုံးနဲ့ သိမ်း ပါတယ်။
သိပ်တော်တဲ့မိန်းမ တစ်ဦးကသူမရဲ့ လှပမူကိုကိုယ်ကျင့်တရား နဲ့ ထိန်းသိမ်း ပါတယ်။
သိပ်တော်တဲ့မိန်းမ တစ်ဦးကနာကျင်မူကို တိတ်ဆိတ်နေခြင်း နဲ့ထိန်းပါတယ်။
သိပ်တော်တဲ့မိန်းမကမနာလို စိတ်နဲ့ အချိန်မဖြုန်းဘူး။ကိုယ့်အစွမ်းစဘဲကိုယ် ချိန်ဆနေတတ်တယ်။
သိပ်တော်တဲ့မိန်းမ တစ်ဦးကကိစ္စရပ်တိုင်း မြန်ဖို့ထက် မှန်ဖို့ကို ပဲအာရုံကို တတ်ပါတယ်။
သိပ်တော်တဲ့ မိန်းမတွေက ကိုယ့်အနား မရှိနိုင် တဲ့ ယောက်ျားတစ်ဦးအတွက်တမ်းတ ပူဆွေးမနေဘူး။
သိပ်တော်တဲ့ မိန်းမတွေက အလှပြင်ဆိုင် သွားဖို့ထက်စာအုပ်ဆိုင် ကို သွားဖို့ပိုအားထား တတ်ပါတယ် ။
သိပ်တော်တဲ့ မိန်းမတွေက ဝမ်းနည်းစရာအတိတ် ကိုဒိုင်ယာရီထဲ မှာ သိမ်းထားကြတယ် ”သတိရမှ ပြန်ဖတ်ပြီးပြုံးမိတတ်ကြပါတယ်”ပျော်စရာ အနာဂတ်ကို တော့နေ့တိုင်း ဖန်တီးယူနေ တတ်ပြန်တယ်။
သိပ်တော်တဲ့ မိန်းမတွေက သွေးထွက်ဖို့ထက် မျက်ရည်ကျဖို့သေမလောက် ပိုကြောက် ကြတယ်။
သိပ်တော်တဲ့ မိန်းမတွေက ငွေကြေး တက်မက်ခြင်းက သူမဘဝကို မလုံခြုံမှန်းသိထားကြတယ်။ စစ်မှန်တဲ့ရိုးသားခြင်းကိုသာသူမ နှစ်သက်စွာ ရွေးချယ်မိပါတယ်။
သိပ်တော်တဲ့ မိန်းမတွေက မာနကို သူမရဲ့ လက်နက် တစ်ခုအဖြစ် မသုံးပါဘူး။ စာနာစိတ် ထားပါတယ်။ မာယာများဖို့ထက် ဒဏ်ရာ များခဲ့တာကိုပဲ သူမ အမှတ်ထားတတ်ကြပါတယ်။
သိပ်တော်တဲ့ မိန်းမတိုင်း ချစ်ခြင်း၊မုန်းခြင်း၊ပူဆွေးခြင်း၊ပျော်မြူးခြင်းနဲ့ မတည်မြဲခြင်း များကိုထိတ်လန့် တုန်လှုပ်ကြ၍ငြိမ်းချမ်းရာ တရားစစ်ကိုရှာဖွေ ဆည်းပူး တတ်ကြပါတယ်။
ချစ်ခြင်းများစွာဖြင့်
credit