Healthy

ညအိပ်ရင် ဘယ်ဘက်ကိုစောင်းအိပ်သင့်တဲ့အကြောင်းအရင်း (၅) ချက်

ညအိပ်ရင် ဘယ်ဘက်ကိုစောင်းအိပ်သင့်တဲ့အကြောင်းအရင်း (၅) ချက်

နေ့စဉ်နဲ့အမျှ သင်ညအိပ်ရာဝင်တိုင်း သင်ဘယ်လိုပုံစံ အနေအထားနဲ့အိပ်ဖြစ်သလဲဆိုတာ ကိုယ့်ကိုယ်ကို သတိထားမိပါရဲ့လား?

ညအိပ်ရင် ဘယ်ဘက်ကို စောင်းအိပ်ခြင်းကြောင့် ရရှိလာမယ့် အကျိုးကျေးဇူးတွေကို ပရိတ်သတ်ကြီးကို ဝေမျှပေးလိုက်ပါတယ်။

၁။ အစာကြေလွယ်တယ်

သင်ညအိပ်နေပေမယ့် သင့်အစာအိမ်ကတော့ အစာချေဖျက်ခြင်းအလုပ်ကို ဆက်တိုက်လုပ်နေရတာဖြစ်ပါတယ်။

ညအိပ်တဲ့အခါ ဘယ်ဘက်ကို စောင်းပြီးအိပ်တာဟာ အစာအိမ်ကို အစာချေဖျက်နှုန်း မြန်စေဖို့အထောက်အကူပြုပါတယ်။

၂။ နှလုံးခုန်နှုန်း မှန်ကန်စေခြင်း

ညအိပ်ချိန်မှာ ပရက်ရှာများပြီးသွေးခုန်နှုန်းတွေမြန်နေတာဟာ သင့်ကိုလွယ်လင့်တကူ အိပ်ပျော်စေနိုင်မှာမဟုတ်ပါဘူး။

ဘယ်ဘက်သို့စောင်းအိပ်ခြင်းဟာ နှလုံးခုန်တာကို ခေတ္တ ရပ်တန့်စေပြီး အနားယူစေပါတယ်။

နှလုံးခုန်နှုန်း ညင်ညင်သာသာဖြစ်မှသာ လွယ်ကူစွာ အိပ်မောကျနိုင်မှာဖြစ်ပါတယ်။

၃။ နောက်ကျော နာကျင်မှုတွေသက်သာစေနိုင်တယ်

ဘယ်ဘက်သို့ စောင်းအိပ်တာဟာ ပက်လက်လန်ပြီး

အိပ်တာထက်နောက်ကျောနာကျင်မှုကို သက်သာစေပြီး အိပ်ရတာလဲ သက်တောင့်သက်သာ ရှိစေပါတယ်။

၄။ လေပွတာ၊ ရင်ဘတ်အောင့်တာတွေကို သက်သာစေတယ်

ဒါကတော့ ညအိပ်ခါနီး သရေစာ စားလေ့ရှိသူတွေဖြစ်တတ်တဲ့အလေ့အထတစ်ခုပါ။

အစာစားပြီး ချက်ချင်းအိပ်ရာတန်းဝင်ရင် ဗိုက်ထဲမှာလေပွလေ့ရှိကြပြီး ရင်ဘတ်တွေပါ အောင့်လေ့ရှိပါတယ်။

ဘယ်ဘက်ကို စောင်းအိပ်မယ်ဆိုရင်တော့ လေပွခြင်းအမှုသက်သာစေမှာဖြစ်ပါတယ်။

၅။ အိပ်ဟောက်ခြင်းကို မဖြစ်ပေါ်စေပါဘူး

ပက်လက်လန်ပြီး အိပ်တတ်သူတွေဟာ လည်ချောင်းနဲ့ လျှာအတွက် အနေအထားမမှန်ကန်တာကြောင့်ပဲဖြစ်ပါတယ်။

အနေအထားမှန်ကန်အောင် ဘယ်ဘက်ကိုစောင်းအိပ်လိုက်ပါက အိပ်ဟောက်ခြင်းကို သက်သာစေမှာဖြစ်ပါတယ်။

(ပိုပိုလေး)