လမ်းဦးတိုက်၊ လှေဦးတိုက် အိမ်တို့အညံ့ ကင်းအောင်လုပ်နည်းနှင့် အိမ်ထောင်ဦးစီးနေ့နံအလိုက် မလှည့်အပ်သော အိမ်အရပ်
လမ်းဦးတိုက်၊ လှေဦးတိုက် အိမ်တို့အညံ့ ကင်းအောင်လုပ်နည်းနှင့် အိမ်ထောင်ဦးစီးနေ့နံအလိုက် မလှည့်အပ်သော အိမ်အရပ်
လမ်းဦးတိုက် အိမ်လမ်းဦးတိုက် လှည်းဦးတိုက်အိမ်တွေမှာ နေတဲ့သူတွေဟာ အဲ့ဒီအိမ်ရဲ့ အခိုက်အညံ့ဒဏ်ကို ခံရလေ့ရှိပါတယ်။လမ်းဦးတိုက်အိမ်ဆိုတာ က လမ်းတည့်တည့်ကြီးမှာ ဆောက်ထားတဲ့ အိမ်ကို ဆိုလိုတာပါ။
ဆိုးကျိုးတွေ အနေနဲ့ကတော့ အဲ့ဒီအိမ်မှာ နေနေသမျှ ကာလပတ်လုံး စီးပွါးရေး ကျဆင်းလာခြင်း လုပ်သလောက် အရာမထင်ခြင်း သားတကွဲ မယားတကွဲဖြစ်ခြင်း အမှုအခင်း ပြဿနာဖြစ်ခြင်း ကျန်းမာရေး ချုချာလာပြီး အိမ်သူ အိမ်သားတွေမှာ ဆေးရုံ ဆေးခန်းမပြတ်သွားလာနေရခြင်း စသော ဆိုးကျိုးတွေ တစ်ခုပြီး ကြုံတွေ့ရတတ်ပါတယ်။
မြန်မာ့ရှေးထုံးစဉ်လာ ရိုးရာဗေဒင်အနေနဲ့ကတော့ အဲ့ဒီအိမ်မျိုးကို မနေသင့် မနေအပ်တဲ့ အိမ်လို့ ပြောကြလေ့ရှိပါတယ်။
အဲ့ဒီလို အိမ်မျိုးမှာ မဖြစ်မနေ နေထိုင်မိပြီဆိုရင်တော့ အခုဆရာပြောတဲ့ လုပ်နည်း ကိုင်နည်းတွေ စီရင်ပြီး အညံ့တွေကို ချေဖျက်ထားလိုက်ပါ။လမ်းဦးတိုက်မှာအိမ်ဆောက်ထားမိရင် ကာကွယ်ချေဖျက်ဖို့က အိမ်တံခါးမကြီးကို လမ်းနဲ့ တည့်တည့်နေရာကနေ လွှဲပေးလိုက်ပါ။
ဒီနည်းထက်ပိုကောင်းတဲ့နည်းကလည်း အိမ်တံခါးရဲ့ အပေါ်မှာ ၆လက်မအရွယ်မှန်ဝိုင်းလေးတစ်ချပ်ကို ချိတ်ဆွဲလိုက်ပါ။မှန်အလယ်မှာ မာကင်ပင်အနီနဲ့ စတုရန်းကွက်ဆွဲထားပြီး ချိတ်ဆွဲထားလိုက်ပါ။
နောက်တစ်နည်းကလည်း အုတ်တံတိုင်းမြင့်မြင့် ကာထားတာမျိုး၊အိမ်ရှေ့ ခြံဝင်းထဲမှာ ရေပန်းတစ်ခု ချိတ်ဆွဲထားတာမျိုးကလည်း အညံ့တွေကို ပြေပျောက်စေပါတယ်။လမ်းဦးတိုက် အိမ်မှာ နေတဲ့လူတွေ အမြန်ဆုံး စီးပွါးစ်ထွန်းချင်တယ်ဆိုရင်တော့ စတိုးဆိုင် လက်ဘက်ရည်ဆိုင် ကုန်စုံဆိုငိဖွင့်ထားနိုင်ရင် အမြန်ဆုံးစီးပွါးဖြစ်လာပါလိမ့်မယ်။
နောက်တချက်ကလည်း ရုပ်ရှင်ရုံ ဗီဒီယိုရုံ အရက်ဆိုင် ဘီယာဆိုင် ပျော်ပွဲစားရုံ စတဲ့စီးပွါးရေးတွေလုပ်ဆောင်နိုင်ရင်လည်း အထူးကောင်းပါတယ်။
အထက်ကပြောခဲ့တာတွေ တစ်ခုမှ မလုပ်နိုင်ဘူးဆိုရင်တော့ မဖြစ်မနေလုပ်ပေးရမှာက သင်နေတဲ့ လမ်းဦးတိုက် အိမ်ရှေ့မှာ ရေအိုးစင်လေးတော့ တည်ပေးလိုက်ပါဗျာ။အိမ်ရဲ့ အညံ့လေးတွေ လွတ်သွားအောင်လို့ပါ။
ဪတစ်ခုလောက် ထပ်ပြောဦးမယ်။မြန်မာနိုင်ငံက အိမ်ထောင်ဦးစီးတွေအတွက်ပါ။အိမ်ထောင်ဦးစီးဟာ တနင်္ဂနွေသားသမီးဆိုရင် တောင်အရပ်ကို မျက်နှာမူထားတဲ့ အိမ်မှာ မနေသင့်ပါဘူး။ဘုမ္မိအရပ်မျက်နှာမူထားတဲ့ အိမ်ဖြစ်လို့ပါပဲ။
ကျန်းမာရေး စီးပွါးရေး လူမှုရေးကစလို့ အစစအရာရာ ဘာတစ်ခုမှ ကောင်းကွက်မရှိပါဘူး။ဘာယတြာမှလည်း လုပ်မနေပါနဲ့။အဲ့ဒီအိမ်ကနေ အမြန်ဆုံးပြောင်းပါလို့ပဲ အကြံပြုပါရစေ။
တနင်္လာသားသမီး အိမ်ထောင်ဦးစီးဆိုရင်တော့ အနောက်တောင်အရပ်ကို မျက်နှာမူထားတဲ့ အိမ်မှာ မနေသင့်ဘူး။မနေအပ်ပါဘူးဗျာ။အမြန်ဆုံးသာ ပြောင်းပါတော့။
အင်္ဂါသားသမီး အိမ်ထောင်ဦးစီးဆိုရင်တော့ အနောက်အရပ်ကို မျက်နှာမူထားတဲ့ အိမ်မှာ မနေသင့်ဘူး။မနေအပ်ပါဘူးဗျာ။အမြန်ဆုံးသာ ပြောင်းပါတော့။
ဗုဒ္ဓဟူးသားသမီး အိမ်ထောင်ဦးစီးဆိုရင်တော့ အနောက်မြောက်အရပ်ကို မျက်နှာမူထားတဲ့ အိမ်မှာ မနေသင့်ဘူး။မနေအပ်ပါဘူးဗျာ။အမြန်ဆုံးသာ ပြောင်းပါတော့။
ကြာသပတေးသားသမီး အိမ်ထောင်ဦးစီးဆိုရင်တော့ အရှေ့မြောက်အရပ်ကို မျက်နှာမူထားတဲ့ အိမ်မှာ မနေသင့်ဘူး။မနေအပ်ပါဘူးဗျာ။အမြန်ဆုံးသာ ပြောင်းပါတော့။
သောကြာသားသမီး အိမ်ထောင်ဦးစီးဆိုရင်တော့ အရှေ့တောင်အရပ်ကို မျက်နှာမူထားတဲ့ အိမ်မှာ မနေသင့်ဘူး။မနေအပ်ပါဘူးဗျာ။အမြန်ဆုံးသာ ပြောင်းပါတော့။
စနေသားသမီး အိမ်ထောင်ဦးစီးဆိုရင်တော့ မြောက်အရပ်ကို မျက်နှာမူထားတဲ့ အိမ်မှာ မနေသင့်ဘူး။မနေအိပ်ပါဘူးဗျာ။အမြန်ဆုံးသာ ပြောင်းပါတော့။