Love

တစ်ဖက်လူ ကိုယ့်ကိုနာကျင် ခံစားရအောင် မလုပ်နိုင်ဖို့အတွက်ဆိုရင် သင့်အနေနဲ့ ဒါတွေ သိထားသင့်ပါတယ်

တစ်ဖက်လူ ကိုယ့်ကိုနာကျင် ခံစားရအောင် မလုပ်နိုင်ဖို့အတွက်ဆိုရင် သင့်အနေနဲ့ ဒါတွေ သိထားသင့်ပါတယ်

သင်ဟာ ရည်းစားလေး၊ ငါးယောက်ထားဖူးပေမယ့် နောက်ဆုံးသင်ပဲ ကျန်ရစ်ဖြစ်ကာ သူတို့က သင့်ကိုခံစားရအောင် နာကျင်ရအောင် လုပ်သွားတာချည်းပဲလား။

သင်က သံယောဇဉ်သိပ်တွယ်တာ မြန်သလောက် သူတို့ကတော့ လပိုင်း၊ ရက်ပိုင်းနဲ့ သင့်ကို ထားသွားတာချည်းမို့ သင်ဒါနဲ့ပတ်သက်ပြီး

ဘယ်လိုဖြေရှင်းရမှန်းမသိ ဖြစ်နေတယ်ဆိုရင် သင်အနေနဲ့ နောက်တစ်ယောက်မတွေ့ခင် ဒီအချက်လေးတွေ ပြင်ဆင်ထားဖို့ ပြောချင်ပါတယ်။

ဘာဖြစ်လို့လဲဆိုတော့ အားလုံးဟာ အမြဲကြားဖူးနေကျ ယုံတမ်းစကားတွေ၊ အချစ်ပုံပြင်တွေလို မြင်မြင်ချင်းမှာ ချစ်ကြိုက်ပြီး ဘာပြသနာမှမတက်ပဲ တစ်သက်လုံးအတူနေသွားဖို့ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်တာကြောင့်ပါ။

သင့်အနေနဲ့ သိထားရမယ့် နည်းတွေက ၇နည်းတည်းပါ။

၁။တစ်ခုခုဆို တန်းပြီး ခံစားပစ်လိုက်တာမျိုး မလုပ်ပါနဲ့။ ဘယ်အရာကိုမှ အလျင်စလို မခံစားပါနဲ့။

၂။တစ်ယောက်ကို တစ်ယောက် ထိတွေ့တာမျိုး၊ ဟိုထိဒီထိ၊ ဘာမှမဖြစ်သေးခင် လက်ကိုင် ပခုံးဖက် စတာတွေကို မလုပ်မိပါနဲ့။ အချိန်ယူပါ။

၃။တစ်ခုခုဆို လုံးဝနစ်မြောပစ်လိုက်တာမျိုးရှောင်ပါ။ ကိုယ့်အစီအစဉ်အတိုင်း လုပ်ဆောင်ပါ။ ငါ လွယ်လွယ်နဲ့တော့ လက်မခံဘူးလို့ စဉ်းစားထားပါ။ အသက်ကိုဝအောင်ရှုပါ။

၄။တစ်ခုခုဆို သူငါ့ကို ဘာပြောချင်တာလဲ။ ဘာအထာပေးချင်တာလဲ ဆိုတာမျိုး အတင်းကြီး လိုက်မှန်းဆနေတာမျိုး မလုပ်ပါနဲ့။

၅။ဒိတ်လုပ်ထားတယ်ဆိုရင် ပျော်ပျော်ရွှင်ရွှင် အချိန်တွေကို ကျော်ဖြတ်ပါ။ အဲ့ဒီနောက်မှာတော့ ပုံမှန်အတိုင်း ဘဝကို ဆက်သွားပါ။

၆။တစ်ခါတွေ့ပြီး သူက ဖုန်းဆက်တယ်၊ ကိုယ့်ကို ထပ်တွေ့ချင်တယ်ဆိုရင် တွေ့ပါ။ သူ့ဘက်က မဆက်သွယ်တော့ဘူးဆိုရင် ပထမဆုံး နံပါတ် ၁ အချက်ကို ပြန်တွေးပါ။

၇။တစ်ဖက်လူက စပြီး သင့်အပေါ် စိတ်မလှုပ်ရှားဘူး၊ ဇာတ်လမ်းမစဘူးဆိုရင် သင့်ဘက်က စလိုက်တာမျိုး မလုပ်ပါနဲ့တော့။