Unicode Version
၂၃ နှစ်အရွယ်သမီးလေးကိုယ်ဝန်ရလို့ အမေဖြစ်သူက ကောင်လေးကိုဖုန်းဆက်ဟုပြောပီးဖုန်းဆက်လိုက်သောအခါ….
သမီးလေးက အသက်မှ ၂၃ နှစ်ရှိသေး ကိုယ်ဝန်ရလာတယ် အမေ လုပ်သူဒေါသအကြီးကြီး ထွက်ရပြီ…!
ကောင်မအဲ့ဒါ ဘယ်နွားလက်ချက်လဲ?
အခု ဖုန်းဆက်စမ်း အဲ့ကောင်ကို ကောင်မလေး ဖုန်းဆက်တယ်။
နာရီဝက်လောက်ကြာတော့သူတို့အိမ်ရှေ့ကို Rolls Royce တစ်စီး ဆိုက်လာတယ်။
သားသားနားနား ဝတ်စားထားတဲ့ အသက်ကြီးကြီးလူတစ်ယောက်ကားပေါ်က ဆင်းလာတယ်။
သူ ပြောတယ် မရည်ရွယ်ပဲ ကိုယ်ဝန်ရသွားတာ စိတ်မကောင်းပါဘူး ဒါပေမယ့် ကျနော် သူ့ကို လက်ထပ် ဖို့လည်း မဖြစ်နိုင်ဘူး
အဲ့ဒါကြောင့် သူ သမီးလေးမွေးခဲ့ရင် ကုန်တိုက်ကြီး ၂ ခု ဥယဉ်အိမ်ရာ ၂ ခု နဲ့ ဒေါ်လာ ၂ သန်း ပေးပါ့မယ်
သားလေးမွေးရင်တော့ စက်ရုံ ၂ ရုံ နဲ့ ဒေါ်လာ ၅ သန်း ပေးပါ့မယ် ဒီလို ကျနော် တွေး ထားပါတယ်။
တကယ်လို့ ကလေး ပျက်ကျသွားရင်တော့ ဘာလုပ်ပေးသင့်သလဲဆိုတာ ကျနော်မသိသေးဘူး…
ဘာလုပ်သင့်လဲ ဆိုတာ ငါ့ညီမကြီး ပြောကြည့်လေ အမေလုပ်သူက ကမန်းကတန်း ပြန်ဖြေတယ်။
မတော်လို့ ကိုယ်ဝန်ပျက်ကျသွားရင်လည်း နောက်တစ်ကြိမ် ထပ်ကြိုးစားပေး ပါလားဟင် တဲ့။
သေဇမ်း ဒုတိယဘုရားသခင်က “ငွေ” တဲ့လား…
ငွေရှိရင် အရာရာတိုင်း လုပ်ရတာ မဟုတ်ပေမယ့် တော်တော်များများကတော့ ငွေရှိမှ အဆင်ပြေတာပါ။
ငွေဟာ အရေးပါတဲ့ လောကကြီးမှာ ငွေများများရှာနိုင်ကြပါစေ…။